Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုနဲပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘာဇာ၊ နယာပါရာ ယာယီဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာမိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့မှတရားခံတွေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြီးခဲ့တဲ့ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် တိုင်းရင်းသားရိုဟင်ဂျာတွေဟာ ဘိုးဘွားပိုင်မြေများကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရာ ဘင်္ဂလားဒေ့င်္ရှနိုင်ငံဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော်ရှိနေပါပြီ။

အဓမ္မပြုကျင့်ခံရတဲ့ ရိုဟင်ဂျာမိန်းကလေးငယ်ရဲ့ အကိုဖြစ်သူ မိုဟာမက်ဒ်အိုစမန်းက ဘင်္ဂလားဒေ့ရှ်စစ်တပ်ဖွဲ့မှ စစ်သား ၃ယောက်ဟာ ညနေပိုင်းအချိန်မှာ နယာပါရာ ယာယီဒုက္ခသည်စခန်းအတွင်းသို့ ဝင်ရောက်လာပြီး ညမဖြစ်သူအား ၄င်းတို့ ၃ ယောက်ထဲမှ တစ်ယောက်ဟာ မိန်းကလေးငယ်အော်လို့မရအောင် ပါးစပ်ကိုအတင်းပိတ်ထားကာ

လိင်ပိုင်းဆိုင်ရာစော်ကားမှုကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးကြီး Abdullah ibn Zaid က ၄င်းတို့ဘက်မှ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ကာ အဆိုပါအဖြစ်အပျက်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေရရှိဖို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း၊ အကယ်လို့အပြစ်ရှိတယ်ဆိုပါက စံပြအဖြစ်အပြစ်ဒဏ်ပေးမှာဖြစ်တယ်လို့ ၄င်းကပြောပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့ ရိုဟင်ဂျာမိန်းကလေးငယ်ကို ကောဇ်ဘာဇာဗဟိုဆေးရုံတွင်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခဲ့ပေမဲ့ တွေ့ရှိချက်တွေအပေါ် တရားရုံးရဲ့ကန့်သတ်မှုကြောင့် မှတ်ချက်ပေးရန် ဒေါက်တာ Shaheen Abdur Rahman က ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။

UNHCR မှ ပြောခွင့်ရသူတစ်ဦးဖြစ်သူ Joseph Tripura က ၄င်းတို့ဘက်မှလည်း ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း၊ အစီရင်ခံစားများကိုလည်း သတိထားကြောင်း၊ ဒီလိုအဖြစ်အပျက်တွေဆိုတာများသောအားဖြင့် ဆေးဘက်ဆိုင်ရာ၊ ရုပပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေလိုအပ်ကြောင်း ၄င်းကပြောပါတယ်။

တင်းမာမှုများကတော့

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒုက္ခသည်တွေရဲ့ဘဝကို ပိုမိုခက်ခဲအောင်စီမံအကောင်အထည်ဖော်ပြီး လုပ်ဆောင်နေတာ ဒီတစ်ပတ်အတော်အတွင်း အရှိန်မြင့်လာကာ ပို ပိုစိတ်ပျက်စရာကောင်းပြီး တင်းမာမှုတွေလည်းရှိလာပါတယ်။

ရိုဟင်ဂျာတွေအပေါ် တရားမဝင်နိုင်ငံသားကဒ်တွေရယူဖို့ အမှုပေါင်းများစွာဖြည့်စွပ်ထားခြင်း၊ SIM ကဒ်များ၊ မိုဘိုင်းဖုန်းများကိုသိမ်းယူခြင်းနဲ့ အင်တာနက်ပိတ်ဆို့ခြင်းတွေကို ကုလသမဂ္ဂကျွမ်းကျင်သူများက ကန့်သတ်မှုတွေ၊ ပိတ်ဆို့မှုတွေနဲ့ ပတ်သတ်တဲ့ အလေးအနက်စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက ရိုဟင်ဂျာဒုက္ခသည်စခန်းရဲ့ပတ်ပတ်လည်ခြံစည်းရိုးကို ဝါယာဆုးကြိုးများတပ်ဆင်ခြင်း၊ တာဝါတိုင်ကြီးများနဲ့ ကင်မရာများတပ်ဆင်ခြင်းတွေပြုလုပ်မယ်လို့ ပြောဆိုမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ဝင်များဘက်မှ ဝေဖန်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကအခြားနေရာနဲ့ ဒုက္ခသည်စခန်းတွေဆီ ဦးတည်လာနေကြတဲ့ ရိုဟင်ဂျာတွေကို အဝေးပြေးလမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်တွေတည်ဆောက်ကာ ဟန့်တားပြီး ပြန်လွှတ်နေပါတယ်။

ဒေသခံနိုင်ငံရေးသမားတစ်ဦး အသတ်ခံရမှုနဲ့ မူးယစ်ဆေးမှောင်ခိုသမားများကြောင့် ရိုဟင်ဂျာများအပြစ်တင်ခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အင်တာနက်ပိတ်ဆို့ခဲ့ရခြင်းမှာ လုံခြုံရေးစိုးရိမ်မှုအရဖြစ်တယ်လို့ ပြောပါတယ်။

မကြာမီသေးခင် ရက်သတ္တပတ်အတောအတွင်း နိုင်ငံရေးသမားအသတ်ခံရမှုတွင် ရိုဟင်ဂျာများပါဝင်ပတ်သတ်မှုရှိတယ်လို့စွပ်စွဲကာ လုံခြုံရေးတပ်ဖွဲ့မျာက ရိုဟင်ဂျာဒါဇင်ကျော်ကို ပစ်သတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အရာရှိများကလည်း ရိုဟင်ဂျာ ၄၅ဦးဟာ ခြံထဲတွင်အလုပ်လုပ်တာမို့ တရားမဝင်အလုပ်လုပ်ကိုင်မှုနဲ့ တရားစွဲဆိုခဲ့ကြကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့ကပြောခဲ့ပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from ပြည်ပMore posts in ပြည်ပ »
More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.