Press "Enter" to skip to content

“ ဒီကနေ့ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ မီးလောင်မှု ထပ်ခါ ဖြစ်ပွားတာဟာ ရည်ရွယ် ချက်ရှိရှိပဲ ” လို့ ဒုက္ခသည်များ ပြောကြား

မတ်လ ၁၁၊ ၂၀၂၂

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းမှာ ဒီကနေ့ အပါအဝင် မီးလောင်မှု အကြိမ်ကြိမ် ဖြစ်ပွားခြင်း ဟာ ရည်ရွယ်ချက် ရှိရှိနှင့် လူလုပ် ကပ်ဘေး ဖြစ်ကြောင်း ဒုက္ခသည် အများစု က ပြောပါတယ်။

Kutupalong အနီးရှိ စခန်း ၄ တွင် ယနေ့ မီးလောင်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းနှင့် အမိုးအကာ ၁၀ လုံး ပျက်စီးသွားသော်လည်း ထိခိုက်သေဆုံးမှု မရှိကြောင်း သိရပါတယ်။

မီးလောင်မှုမှာ အစပိုင်းတွင် အကြီးအကျယ် ဆိုးရွားနေပုံရသော်လည်း ဒုက္ခသည်များ ကိုယ်တိုင် မီးမပြန့်ပွားမီ ကံ ကောင်းစွာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်တဲ့ စေတနာ့ဝန်ထမ်း ဒုက္ခသည်တဦးက ပြောပါတယ်။

ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ အချို့က “ဒုက္ခသည် အများအပြားကို Bachancar ကို ရွှေ့ပြောင်းလိုတဲ့ လူဆိုးတချို့က ကျွန်တော်တို့ရဲ့ တာပေါ်လင် အမိုးအကာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့နေကြတယ်” လို့ တညီတညွတ်တည်း ပြောဆို ခဲ့ပါတယ်။

“ကျွန်ုပ်တို့ရဲ့ အမိုးအကာတွေကို ထပ်ခါထပ်ခါ တောက်လောင်နေတာဟာ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက် လာသူတွေဖြစ်တဲ့ ကျွန်တော်တို့အတွက် လူလုပ်ကပ်ဆိုးကြီးဖြစ်ပြီး စခန်းအာဏာပိုင်တွေက ကျွန်တော်တို့ကို ဘာအား စိုက်ထုတ်စရာမလိုဘဲ Bachancar ကို ခေါ်ဆောင်သွားဖို့ ရွှေအခွင့်အလမ်းတစ်ခု ဖန်တီးနေပါတယ်” လို့ သက်ကြီး ဒုက္ခသည်အချို့က ဆိုပါတယ်။

ဒုက္ခသည် အများစုသည် စခန်းရှိ အာဏာပိုင်များက မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အရင်းအမြစ်ကို သိရှိရန် တစ်စုံ တစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ပြောဆိုကြပါတယ်။

ထို့အပြင် စခန်းကို မီးရှို့ရန် ရောက်ရှိလာခဲ့တဲ့ ဒေသခံ တရားခံ အများအပြားကိုလည်း  ဖမ်းမိပြီး ရဲထံ အပ်နှံခဲ့ ပါတယ်။ ဒါပေမယ့် သူတို့ကို ထိထိရောက်ရောက် အရေးယူတာ မရှိသေးပါဘူး။

လွန်ခဲ့သည့် သုံးရက်ခန့်က စခန်း-၅ တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တဲ ၅၅၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး အိုးအိမ်မဲ့ဖြစ် သူတွေက အခုထိ ထောက်ပံ့မှုတွေ လုံလုံလောကလလောကလ  မရကြောင်း သိရပါတယ်။

ဒါကြောင့် ဒုက္ခသည်များဟာ ဘင်္ဂလားဒေ့ရှ် အစိုးရ၊ UNHCR နှင့် INGO များနှင့် NGO များ အနေဖြင့် ၎င်းတို့အား ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပေးရန်နှင့် မီးရှို့ဖျက်ဆီးရန် လိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးအဖြစ် မခံယူရန်လည်း တောင်းဆို ထားပါတယ်။

Reported By: staff correspondent

Edited By: Md. Shuaib

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.