Press "Enter" to skip to content

သင်္ကြန်ကျင့်ပဖို့ မောင်တောမြို့ နယ်အကောက်ခွန်ဦးစီးဌာနက ရိုဟင်ဂျာတွေမှ အတင်းအကျပ် ရန်ပုံငွေကောက်ခံခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်အကောက်ခွန်ဦးစီးဌာနက သင်္ကြန်ကျင်းပဖို့အတွက်  ရိုဟင်ဂျာတွေဆီကနေ ရန်ပုံငွေတွေ အတင်းအကျပ် ကောက်ခံခဲ့ကြောင်း သိရပါတယ်။

ရန်ပုံငွေကောက်ခံတဲ့ မောင်တောမြို့၊မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံဟာ  မဟာဗန္ဓူ လလမ်း၊မြို့မစည်ပင်သာယာဈေးကြီးရဲ့  တောင်ဘက် ၊ရွှေပျံလွှာလက်ဘရည်ဆိုင်နဲ့ ကပ်လျက်တည်လို့ အမည်မဖော်လိုတဲ့ ဆိုင်သည် တစ်ဦးက ပြောပါတယ်၊၊

အဆိုပါရုံးဝန်ထမ်းတွေက သင်္ကြန်ပွဲမှာ ရေလောင်းပြီး ပျော်ရွှင်နိုင်ဖို့ ရန်ပုံငွေ ကောက်ခံ နိုင်ရေးအတွက် pvcပိုက်နဲ့ရေမော်တာတွေ ရောင်းချနေတဲ့ ရိုဟင်ဂျာဆိုင်သည်တွေကို  ဧပြီလ(၈) ရက်နေ့တွင်  ရုံးသို့ဆင့်ခေါ်ခဲ့ကြောင်း ဆိုပါတယ်။

ရုံးတာဝန်ရှိသူတွေက သင်္ကြန်အတွက် လိုအပ်မည့် pvc pipe တွေ ၊ရေမော်တာ၊ ကြိုးပိုက်များ၊အဝီစီးတွင်းထူးခနဲ့ ရေမော်တာတပ်ဆင်ခတွေ မပျက်မကွက်  ပေးဆောင်‌ဖို့ အကျပ်ကိုင် ပြောဆိုပြီး စုယူခဲ့ကြောင်း အဲဒီဆိုင်သည်က ထပ်ပြော ပါတယ်။

သင်္ကြန်အတွက် လိုအပ်မယ့် ပစ္စည်းတွေကို အခမဲ့ရယူရန်ဆင့်ခေါ်ခံရတဲ့ ဆိုင်တွေမှာ-

၁။Jumbo pvc ပိုက်ဆိုင်၊

၂။ B.S.R pvc ပိုက်ဆိုင်၊

၃။A.H.S pvc ပိုက်ဆိုင် ၊

၄။ R.B.L pvc ပိုက်ဆိုင်နဲ့ တခြားဆိုင်တွေလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဆိုင်ရှင်တစ်ဦးက“အရောင်းအဝယ်ကတော့ အရင်လို မရှိဘူး၊၊  အခွန်းစီးဌာနကို လိုအပ် တဲ့ ပစ္စတဲ့တွေ အခမဲ့ရေးရပေမဲ့  တပ်ဆင်ခလည်း ပေးရတယ်ဆိုတော့  ဒါဟာဓါးပြပုံစံလိုဖြစ်နေတယ်။ နောက်ပြီး‌တော့ ဒီလဟာရမာန်ဇာန်ဥပုဒ်လ လည်းဖြစ်နေတယ်။သက်ြန်ဟာကျနော်တို့အီစ္စလာမ်ဘာသာဝင်‌တွေနဲ့သက်ဆိုင်မူမရှိဘူး။ကျနော်တို့ရဲ့အထွက်အမြတ်လမှာ  ဒီလို  မျိုးတောင်းနေဟာ ဘာသာရေးအရစော်ကားရာရောက်နေတယ်”လို့  ပြောဆိုပါတယ်။

အစိုးရရဲ့ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုကြောင့် ရိုဟင်ဂျာမူဆလင်များကို ဌာနတိုင်းက အချာင်ဝင်ခံခိုင်း လိုက်ကြနေတာပါ။

Reported By: Kyaw Swa Min

Editor- Md. Shuaib

More from UncategorizedMore posts in Uncategorized »
Mission News Theme by Compete Themes.