Press "Enter" to skip to content

Posts published in “Uncategorized”

သင်္ကြန်ကျင့်ပဖို့ မောင်တောမြို့ နယ်အကောက်ခွန်ဦးစီးဌာနက ရိုဟင်ဂျာတွေမှ အတင်းအကျပ် ရန်ပုံငွေကောက်ခံခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်အကောက်ခွန်ဦးစီးဌာနက သင်္ကြန်ကျင်းပဖို့အတွက်  ရိုဟင်ဂျာတွေဆီကနေ ရန်ပုံငွေတွေ အတင်းအကျပ် ကောက်ခံခဲ့ကြောင်း သိရပါတယ်။ ရန်ပုံငွေကောက်ခံတဲ့ မောင်တောမြို့၊မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံဟာ  မဟာဗန္ဓူ လလမ်း၊မြို့မစည်ပင်သာယာဈေးကြီးရဲ့  တောင်ဘက် ၊ရွှေပျံလွှာလက်ဘရည်ဆိုင်နဲ့ ကပ်လျက်တည်လို့ အမည်မဖော်လိုတဲ့ ဆိုင်သည် တစ်ဦးက ပြောပါတယ်၊၊ အဆိုပါရုံးဝန်ထမ်းတွေက သင်္ကြန်ပွဲမှာ ရေလောင်းပြီး ပျော်ရွှင်နိုင်ဖို့ ရန်ပုံငွေ…

နယ်ခြားစောင့်တပ်ဖွဲ့များက ရိုဟင်ဂျာများမှ ခြိမ်းခြောက် ငွေညှစ်မှုဖြင့်လူမျိုးတုံး သတ်ဖြတ်နေ

စက်တင်ဘာ ၂၃၊ ၂၀၂၁ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့်ထိစပ်နေတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နယ်ခြားစောင့်တပ် ဖွဲ့များ နှင့်ရဲ တပ်ဖွဲ့များသည် တရားနည်းလမ်းကျကျ အသက်မွေး၀မ်းကြောင်းရှာဖွေနေတဲ့ ရိုဟင်ဂျာ များကို အကြောင်းအမျိုး မျိူးဖြင့် ခြိမ်းခြောက်ပြီး ငွေညှစ်ခြင်းများဖြင့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ပြန်လည် အရှိန်မြှင့်ပြီး ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။ မောင်တောမြို့မြောက်ပိုင်း၊…

ရိုဟင်ဂျာတွေကို ဓားပြဂိုဏ်းနဲ့ အာဏာပိုင်တွေ ့ပူးပေါင်းပြီး လုယက်သတ်ဖြတ်နေ

စက်တင်ဘာ ၀၄၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့တောင်ပိုင်းမှာ နာမည်ဆိုးဓါးပြဂိုဏ်း တစ်ဂိုဏ်းနဲ့ ဒေသအာဏာပိုင်တွေပူး ပေါင်းပြီး ရိုဟင်ဂျာတွေကို လွယ်လွယ်နဲ့ လုယက်သတ်ဖြတ်နေကြောင်း သတင်းရရှိပါတယ်၊၊ စက်တင်ဘာလ(၁)ရက်၊ နေ့လည် (၁)နာရီအချိန်လောက်မှာ နယ့်ခြားစောင့်ရဲ အရာရှိတစ်ဦးက မောင် တောမြို့ တောင်ပိုင်း ရိုဟင်ဂျာကျေးရွာတစ်ရွာကို သွားရောက်ပြီး ရွားသား များအားခေါ်ယူ…

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များ Bhashan Charကျွန်းသို့ ပြောင်းရွှေ့ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရာပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်ရှိ ဝေးလံခေါင်သီတဲ့ ကျွန်းဖြစ်သော Bhashan Charသို့ ပြောင်းရွှေ့ခဲ့ခြင်းကို လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့များမှ စိုးရိမ်ပူပန်လျက်ရှိတယ်လို့ သိရှိရပါတယ်။ အဆိုပါ ဝေးလံခေါင်သီတဲ့ Bhashan Charကျွန်းကို ဘင်္ဂလားဒေ့ရှ်ရေတပ်မှ တည်ဆောက်ခဲ့တာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တစ်သိန်းခန့်ကို ထိုကျွန်းပေါ်သို့ ပြောင်းရွှေ့နေရာချထားရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စီစဉ်ထားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့…

ဘူးသီးတောင်မြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ်မှာ နေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ရေချမ်းပြင်ရွာသစ်မှာနေထိုင်တဲ့ အသက်၁၂နှစ်အရွယ် မောင်နော်ဘီဟူဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်းက လယ်ကွင်းထဲ နွားကျောင်းနေချိန်အတွင်းမှာပဲ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဘက်စလုံးကြေမွသွားခဲ့တဲ့အပြင် တခြားထိခိုက်ဒဏ်ရာတွေလည်းရရှိခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့…

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်သားများက ရိုဟင်ဂျာတစ်ဦးကို ပစ်သတ်

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ အင်္ဂါနေ့မှာ သက်ကြီးရွယ်အို ရိုဟင်ဂျာ အမျိုးသားတစ်ဦး မြန်မာစစ်တပ်က ပစ်ခတ်တဲ့ သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကျည်ဆံထိမှန် သေဆုံးသူဟာ ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာမှာ နေထိုင်တဲ့ ဦးဆီဒိခ်အဟ်မတ် (ဘ)…

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေတဲ့အပေါ် အမေရိကန်သတိပေး

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သုတ်သင်မှု ပါဝင်နေသလို မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို စော်ကားမှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်က စနေနေ့မှာ သတိပေးခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စတင်ခဲ့တဲ့ ဒုတိယမြောက် နှစ်ပတ်လည်မှာ အမေရိကန်နိုင်ငံတော်ရုံးဌာန ပြောခွင့်ရအမျိုးသမီး…

ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားပေးရေးအတွက် ယုံကြည်မှု လျော့နည်းမှုတွေရှိနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြောဆို

မလေးရှားနိုင်ငံက မြန်မာအစိုးရကို ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေးအတွက် အတတ်နိုင်ဆုံးတိုက်တွန်းမှုတွေပြုလုပ်နေပြီး ကောင်းမွန်ပြည့်စုံတဲ့အစီစဉ်နဲ့တကွ နှစ်ကုန်ပိုင်းမှာ ပြန်လည်နေရာချထားပေးနိုင်ဖို့ မျှော်လင့်နေကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သုံးရက်တာ အလုပ်ကိစ္စနဲ့အလည်ပတ်ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာတွေကြားမှာ ယုံကြည်မှု လျော့နည်းခြင်းတွေ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့ပါတယ်။…

Mission News Theme by Compete Themes.