Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်သားများက ရိုဟင်ဂျာတစ်ဦးကို ပစ်သတ်

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ အင်္ဂါနေ့မှာ သက်ကြီးရွယ်အို ရိုဟင်ဂျာ အမျိုးသားတစ်ဦး မြန်မာစစ်တပ်က ပစ်ခတ်တဲ့ သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ကျည်ဆံထိမှန် သေဆုံးသူဟာ ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာမှာ နေထိုင်တဲ့ ဦးဆီဒိခ်အဟ်မတ် (ဘ) ဦးဆုလ်တာန်အဟ်မဒ်ဖြစ်ပြီး ငါးဖမ်းဝမ်းစာရှာကာ အသက်မွေးဝမ်းကျောင်း ပြုနေရသူတစ်ဦး ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ ရိုဟင်ဂျာ သက်ကြီးရွယ်အိုတစ်ဦးဖြစ်တဲ့ ဦးဆီဒိခ်အဟ်မတ်က မနက် ၈နာရီ အချိန်ခန့်မှာ ကျေးရွာအနီးနားမှာရှိတဲ့ ချောင်းထဲမှာ ငါးဖမ်းဝမ်းစားရှာနေချိန်အတွင်း မြန်မာ စစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းကျည်ဆံထိမှန်ဒဏ်ရာနဲ့ ထိုနေရာမှာပဲ လဲကျသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

https://rohingyavision.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%b1%e1%80%90%e1%80%ac/

သေဆုံးသူအနေနဲ့ ငါးဖမ်းသွားဖို့ သက်ဆိုင်ရာတာဝန်ရှိသူဆီက ခွင့်ပြုချက်ရယူခဲ့ကြောင်းလည်း သိရပါတယ်။ မြန်မာစစ်သားတွေက အသက် ၆၀ အရွယ်ခန့်ရှိတဲ့ ရိုဟင်ဂျာကို မြင်တွေ့တာနဲ့ လူသားချင်းစာနာမှုကင်းမဲ့စွာ ပစ်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။

မူလဌာနေမှာ ကျန်ရှိနေခဲ့တဲ့ ရိုဟင်ဂျာတွေကို မြန်မာအာဏာပိုင်တွေက နည်းမျိုးစုံနဲ့ ဖိနှိပ်ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ်ထားပြီး မိမိတို့ ကျေးရွာအနီးနားမှာရှိတဲ့ ချောင်းတွေဆီကို ငါးဖမ်းထွက်ဖို့နဲ့ ယာခင်းတွေဆီသွားဖို့ကိုပင် သက်ဆိုင်ရာဆီက ခွင့်ပြုချက်ရယူပြီးမှ သွားရတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေဟာ ယနေ့ချိန်ထိ မြန်မာစစ်တပ်နဲ့ ရခိုင်အစွန်းရောက်တစ်ချို့ရဲ့ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေကို ဆက်လက်ခံနေကြရတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးစုအဖြစ် အသိမှတ်ပြုခွင့် ငြင်းပယ်ခံထားရတဲ့ အာရ်ကာန်ဒေသခံ တိုင်းရင်းသား ရိုဟင်ဂျာတွေဟာ ခေတ်အဆက်ဆက် မြန်မာအာဏာပိုင်တွေရဲ့ စည်းစနစ်ကျကျ လူမျိုးတုန်း သုတ်သင်မှုတွေကို ယနေ့ထိတိုင် ဆက်လက်ခံစား နေရတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from UncategorizedMore posts in Uncategorized »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.