Press "Enter" to skip to content

ရိုဟင်ဂျာ ဗီးရှင်း

မောင်တောမြို့ ကညင်းတန်ရပ်ကွက်တွင် AAရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ ရိုဟင်ဂျာ မိသားစုနေအိမ်တစ်လုံးပေါ် ဇူလိုင်လ ၁၂ရက်နေ့ ယနေ့ မွန်းလွဲ ၃:၀၀ ဝန်းကျင်ခန့်က လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ရာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား (၁)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ရိုဟင်ဂျာ(၅)ဦး ပြင်းထန်စွာ ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။…

မြန်မာဘက်က ကျည်ထိမှန်လို့ ဘင်္ဂလားဒေ့ရှ်ဆယ်ကျော်သက်တစ်ဦး သေဆုံး၊ ၂ ယောက် ဒဏ်ရာရ

မြန်မာနိုင်ငံဘက်က ကျရောက်တဲ့ မော်တာကျည်ထိမှန်လို့ ဘင်္ဂလားဒေ့ရှ် ဆယ်ကျော်သက်ရွယ်တစ်ယောက်သေဆုံးပြီး လူနှစ်ယောက်ကို ဆေးရုံတင်လိုက်ရတယ်လို့ Independent သတင်းက မနေ့က ဖော်ပြပါတယ်။ သေဆုံးသွားတဲ့ ဆယ်ကျော်သက်နဲ့ တခြားလူတွေဟာ မြန်မာနယ်စပ်နားက နတ်ဖ်မြစ်မှာ ဂဏန်းဖမ်းနေချိန် မော်တာကျည်ထိမှန်တာလို့ ဆိုပါတယ်။ ဆေးရုံကို ပို့ဆောင်ချိန် ကွယ်လွန်သွားတာဖြစ်ပြီး ကျန်နှစ်ယောက်ကို စစ်တကောင်း ဆေးကောလိပ်ကို…

ရိုဟင်ဂျာအရေး ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားလျှောက်ထားမှုမှာ ဒေါ်အောင်ဆန်းစုကြည်အမည်ပါဝင်လာ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအတွက် စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားအစိုးရရှေ့နေက တရားရုံးထံ ဇွန်လ ၂၈ ရက်နေ့က တင်သွင်းတဲ့ လျှောက်လွှာထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ရဲ့ အမည်တွေ ပါဝင်နေတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်းယူကေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို…

ရခိုင်ပြည်နယ် မြို့သုံးမြို့မှာ ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်တော့ကြောင်း MSF ကြေညာ

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော မြို့သုံးမြို့မှာ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF Myanmar) က ဇွန်လ ၂၇ ရက် ထုတ်ပြန်ပါတယ်။ ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအပေါ် ကန့်သတ်မှုတွေ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ…

မောင်တော ဗိုလ်မှူးရပ်ကွက်တွင် လက်နက်ကြီးကျ၍ ရိုဟင်ဂျာ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိ

မောင်တောမြို့ ဗိုလ်မှူးရပ်ကွက်တွင် လက်နက်ကြီး ကျ၍ အရပ်သား ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ယနေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီ နခခ (၅) မှ ပစ်ခတ်သော လက်နက်ကြီးသည် ဗိုလ်မှူးရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် ကျရောက်ပေါက်ကွဲ၍ လူ ၄…

မောင်တောမြို့ မောင်နီကျေးရွာ ဒရုန်းဗုံးချခံရလို့ ရိုဟင်ဂျာလူငယ် (၄)ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မောင်နီကျေးရွာမှာ ဇွန်လ ၂၄ ရက်၊ ည (၈) နာရီ ၁၅ မိနစ်ခန့်အချိန် အာရက္ခတပ်တော် AA က ဒရုန်းနဲ့ ဗုံးချခဲ့တာကြောင့် ရိုဟင်ဂျာလူငယ် (၄)ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းဆီက သတင်းရရှိပါတယ်။ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်…

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်(၂၀) ရာခိုင်နှုန်းတွင် အသည်းရောင်အသားဝါ စီပိုးတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားတွင်ရှိသည့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှ ဒုက္ခသည် (၂၀) ရာခိုင်နှုန်းတွင် (Hepatitis C) အသည်းရောင်အသားဝါ စီပိုးတွေ့ရှိသည်ဟု MSF ၏ ဇွန်လ (၁၂) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ဒုက္ခသည် ရိုဟင်ဂျာ (၅) ဦးတွင် (၁) ဦးနှုန်းပျမ်းမျှဖြင့် (Hepatitis…

မောင်တော ရွာသစ်ကေရပ်ကွက်တွင် နေရာယူထားတဲ့ နယ်ခြားစောင့်ရဲတွေက ရိုဟင်ဂျာများထံမှ ဓားပြလိုလို ငွေလုယူ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်တွင် နခခ(၅)မှ လာရောက် တပ်စွဲထားတဲ့ နယ်ခြားစောင့်ရဲများက လမ်းသွားလမ်းလာ ရိုဟင်ဂျာများထံမှ လူဆိုးဂိုဏ်လိုလို၊ ဓားပြလိုလို ငွေညှစ်မှု ၊ ငွေလုမှု ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက် ခွာဆုံတွင် မြို့သူကြီးအခြေစိုက် နခခ(၅) တပ်မက လာရောက် နေရာယူ တပ်စွဲထားတဲ့…

မောင်တော အလယ်သံကျော်ကျေးရွာမှ ရိုဟင်ဂျာမိသားစု ၂၈ စုကို အေအေတပ်ဖွဲ့ဝင်တွေက နှင်ထုတ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာတွင် စစ်ပွဲဇုန်အတွင်း ပိတ်မိနေတဲ့ ရိုဟင်ဂျာမိသားစု ၂၈ စု၊ လူဦးရေ ၁၂၈ ဦးအား ယနေ့ ဇွန်လ ၁၀ ရက်နေ့၊ မနက်ပိုင်းတွင် အေအေတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းသို့ လာရောက်ကာ ရိုဟင်ဂျာတွေကို နှင်ထုတ်ပြီးနောက် ရိက္ခာအပါအဝင် ပစ္စည်းများအားလုံးကို…

မောင်တော၊ ဟာဘီကျေးရွာမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံရိုဟင်ဂျာ ၇ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟာဘီကျေးရွာမှာတိုက်ပွဲဖြစ်ပွါးတာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရိုဟင်ဂျာ ၇ ဦး သေဆုံးပြီး ၂ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဇွန် ၉ ရက်၊ ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာရှိ စစ်ကောင်စီရဲ့ နေဗီတပ်က တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ အကြောင်းမဲ့…

Mission News Theme by Compete Themes.