Press "Enter" to skip to content

ရိုဟင်ဂျာတွေကို ဓားပြဂိုဏ်းနဲ့ အာဏာပိုင်တွေ ့ပူးပေါင်းပြီး လုယက်သတ်ဖြတ်နေ

စက်တင်ဘာ ၀၄၊ ၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့တောင်ပိုင်းမှာ နာမည်ဆိုးဓါးပြဂိုဏ်း တစ်ဂိုဏ်းနဲ့ ဒေသအာဏာပိုင်တွေပူး ပေါင်းပြီး ရိုဟင်ဂျာတွေကို လွယ်လွယ်နဲ့ လုယက်သတ်ဖြတ်နေကြောင်း သတင်းရရှိပါတယ်၊၊

စက်တင်ဘာလ(၁)ရက်၊ နေ့လည် (၁)နာရီအချိန်လောက်မှာ နယ့်ခြားစောင့်ရဲ အရာရှိတစ်ဦးက မောင် တောမြို့ တောင်ပိုင်း ရိုဟင်ဂျာကျေးရွာတစ်ရွာကို သွားရောက်ပြီး ရွားသား များအားခေါ်ယူ တွေ့ဆုံခဲ့ တယ်၊၊

တွေ့ဆုံရာတွင် ၎င်းအရာရှိက “ကိုယ့်အိမ်တွင်ကိုယ်သတိဝိရီယနဲ့နေရန်၊ သတင်းထူးပါကနီးစပ်ရာ စခန်း တွေမှာ သတင်းပိုရန်” စသဖြင့်မှာကြားပြီးစခန်းကိုပြန်သွားခဲ့ကြောင်း၊ ညနေပိုင်းတွင် နယ့်ခြား စောင့်ရဲ အင်အား(၅၀)ခန့် ‌ထပ်ရောက်လာခဲ့ပြီး အစိုးရမူ/လွန်ကျောင်းတွင်စခန်းချ နေထိုင်လျှက် ရှိကြောင်း ရွာသား တစ်ဦးက Rvision ကိုပြောပါတယ်၊၊

အဒူလ်ဟာကိမ်းနဲ့ သူ့ဓါးပြဂိုဏ်း

အစိုးရမူ/လွန်ကျောင်းတွင်စခန်းချနေတဲ့  နယ့်ခြားစောင့်ရဲတွေက ည(၈)နာရီမှ အပြင်မထွက်ရ အမိန့် ထုတ်ပြန် ခဲ့ကြ ရာ၊ ရွာသားတွေလည်း ရွာကို ညကင်းစောင့်ခြင်းမရှိဘဲ ကိုယ့်အိမ်ကိုယ်နေခဲ့ကြောင်း၊ အဲဒီ ကျေးရွာတာဝန်ခံ ဦးအဒူ မူနာဖ်လည်းနေ့စဉ်  ညပိုင်းတွင်ကိုယ်ပိုင် မီးစက်နဲ့ ၎င်း၏နေအိမ်ခြံ တဝိုက် မီးထွန်း ကင့်စောင့်တာကို လုံခြုံ ရေးအဖွဲ့ ကို အားကိုးလို့ ကင်းစောင့်ခြင်းမရှိဘဲ့ညအိပ်နေရင်း နာမည်ဆိုး အဒူလ်ဟာကိမ်းဓါးပြဂိုဏ်းက ၎င်းအား ပစ် သတ်ခဲ့ ကြောင်း၊ ဓါးပြ ဝင်ရောက်တဲ့ဟာကို စခန်းချတဲ့ လုံခြုံရေးအဖွဲ့ကို ဆက်သွယ် အကြောင်းကြားခဲ့ရာ ၎င်းတို့က အပြင် ထွက်လာခြင်းမရှိဘဲ မိုးပေါ်ထောင်သေနတ် နှစ်ချက် ပစ်ပေါက်ပြီး ဓါးပြအဖွဲ့ကိုလက်နဲ့ဖမ်းဆီးရန်ကြိုးစာနေခဲ့တဲ့ ရွာသားတွေကို အိမ်သွင်းပေးခဲ့ ကြောင်း အဲဒီ ရွာသားက ထပ်ပြောပါတယ်၊၊

ဒါ့အပြင် စက်တင်ဘာလ(၂) ရက် နံနက် ၁၂နာရီကျော်အချိန်မှာ မောင်တောမြို့တောင်ပိုင်းပန်တောပြင် (နော်ရ်ဘွန်နာ) ကျေးရွာ တာဝန်ခံ မူဟီးဘူလ်ရာဟာမန် (ခေါ်)ဦးတင်ရွှေ(၄၈နှစ်)ရဲ့နေအိမ်တွင် လက်နက်ကိုင်ဆောင်ထားတဲ့လူ(၇) ယောက် ထိုး ဖောက်ဝင်ရောက်ပြီး  သေနတ်ထောက်၍ ရွှေ၊ငွေတွေ လုယက်ခဲ့ကြောင်း၊၊

အဲ့ဒီကျေးရွာတာဝန်ခံအား ဖမ်းဆီးခေါ်ဆောင်နေလို့ သူနဲ့သူ့ညီတွေက ငြင်းဆန်ခဲ့တဲ့အတွက် လက်နက်သမားတွေက သေနတ်ပစ်လို့ တစ်ဦးပွဲချင်းသေဆုံးခဲ့ကြောင်း၊ တခြားညီနှောင် နှစ်ဦးဖြစ်တဲ့ အဒူမူနာဖ်(၃၀နှစ်)နှင့် ရှာဘူးလ်(၂၈နှစ်) တို့အား ဓါးနဲ့ခုတ်ခဲ့တယ်အတွက် ဦးခေါင်းနဲ့လက်မောင်းတွေမှာ အပြင်းအထန်ဒဏ်ရာလို့ ၎င်းတို့ဟာ မောင်တော ခရိုင် ပြည်သူဆေးရုံတွင် ဆေးကုသမူခံယူနေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်၊၊

အခင်းဖြစ်ပွားပြီးနောက်ပိုင်းနယ့်ခြား‌စောင့်ရဲတပ်ဖွဲ့ဝင်တွေကရွာကိုကင်းလှည့်ခြင်း၊ မောင်တောခရိုင် ဒုစရိုက်နှိမ်နင်း ရေးရဲတွေက ကညင်တန်း-ညောင်းချောင်းတံတားကိုဖြတ်လာနေတဲ့ ရိုဟင်ဂျာတွေ ရဲ့ ကိုယ်ခန္ဓာထဲရှာ ဖွေခြင်း ၊၎င်း တို့ရဲ့မိသားစုတွေကို စစ်ဆေးခြင်း စတဲ့ လုပ်ဆောင်ချက်တွေဟာ ဟန်ပြ သက်သက်သာဖြစ်ကြောင်း၊ ဒါမျိုးလုပ်ခြင်း ဟာ ရုပ်ရှင်ရိုက်သလိုဖြစ်နေကြောင်း၊ အမှန်တကယ်ရှာဖွေ လိုရင် တောင်ခြေတွေမှာ သွားရောက်လိုက်လံ ရှာဖွေ သင့် ကြောင်း ဒေသခံတွေကပြောဆိုဝေဖန်နေတယ်လို့ ပြောပါတယ်၊၊                                   

ပြန်ပေးဆွဲခံရမှုမှလွှတ်မြှောက်လာသူတစ်ဦးက “အခင်းမဖြစ်ပွားခင် နဲ့အခင်းဖြစ်ပွားပြီးအခြေအနေတွေ ကိုခြုံငြုံ လေ့ လာသုံသပ်မယ်ဆိုရင်  ဟိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ  အဒူလ်ဟာကိမ်းဓါးပြအဖွဲ့က ၎င်းရွာကို လာရောက်မှာ  ကြို တင်သတင်းရတာရှိမယ်၊၊ ဓါးပြအဖွဲ့လာရောက်နိုင်ရန်ကြိုတင် လမ်းကြောင်း ရှင်းသလိုပဲနော်၊ လုံခြုံရေး တပ်ဖွဲ့တွေ နဲ့အဒူလ်ဟာကိမ်းကြား အပေးအယူရှိတယ်လို့  ခန့်မှန်းနိုင်တာပေါ့၊၊ ဒီဓါးပြအဖွဲ့ဟာ မကြာခဏ ကိုးတန်ကောက် ကျေး ရွာရဲ့ တောင်တန်းတစ်နေရာမှာ ခြေကုတ်စခန်းချတယ်၊၊ ပြန်ပေးဆွဲသူများကို အဲ့ဒီနေရာမှာချုပ်နှောင်ထားတာပေါ့၊၊ ဓါး ပြအဖွဲ့ ခေါင်းဆောင်  အဒူလ်ဟာကိမ်းကတော့ ဗမာစကားပြောပြောနဲ့ နေ့တိုင်း ဖုန်းပြောလေ့ရှိတယ်လဲ၊၊ ဒီမှာ ဗမာ စကားပြောသူ တွေဟာ အစိုးရလက်နက်ကိုင်အရာရှိပေါ့” လို့ ပြောတယ်၊၊        

ဒါ့အပြင်၎င်း၏ခြေကုတ်စခန်းတွင် ်ရိက္ခာပြတ်လပ်မူမရှိအောင် အဲဒီရိက္ခာတွေကို ၎င်း နေရာမှာ ပိုဆောင်သူများဟာ အစိုးရလက်နက်ကိုင်တပ်သားများဖြစ်ကြောင်း၊ ၎င်းကိုအစိုးရလက်နက်ကိုင်တပ်သားတွေက လွယ်လွယ်ကူကူ ဖမ်းနိုင်ပေမယ့် တမင်လွှတ်ပေးထားခြင်းသာဖြစ်ကြောင်း၊ ဒါပေမယ့်   အစိုးရလက် နက်ကိုင်တပ်ဖွဲ့တွေက ငွေဝေစုရဖို့ ၎င်း၏ခြေကုတ်စခန်းကို မသိဟန်ဆောင်တာဖြစ်ကြောင်း ‌မြို့ခံတွေ ကဝေဖန်သုံသပ်နေပါတယ်၊၊

ဓါးပြဂိုဏ်းနှင့် ပူးပေါင်းပြီး အာဏာအလွဲသုံးစားလုပ်နေမှုအတွက် သက်ဆိုင်ရာအစိုးရလက်နက်ကိုင် တပ်သားများအား ချက်ချင်းအရေးယူပေးရန်ဒေသခံများက အထက်အာဏာပိုင်ကို အရေးတကြီး တောင်းဆိုပါတယ်၊၊

Reported By: Maung Wunna

အယ်ဒီတာမူဟာမတ်ရှူးအိုက်(ဗ်)

More from UncategorizedMore posts in Uncategorized »
Mission News Theme by Compete Themes.