Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များ Bhashan Charကျွန်းသို့ ပြောင်းရွှေ့ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရာပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်ရှိ ဝေးလံခေါင်သီတဲ့ ကျွန်းဖြစ်သော Bhashan Charသို့ ပြောင်းရွှေ့ခဲ့ခြင်းကို လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့များမှ စိုးရိမ်ပူပန်လျက်ရှိတယ်လို့ သိရှိရပါတယ်။

အဆိုပါ ဝေးလံခေါင်သီတဲ့ Bhashan Charကျွန်းကို ဘင်္ဂလားဒေ့ရှ်ရေတပ်မှ တည်ဆောက်ခဲ့တာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တစ်သိန်းခန့်ကို ထိုကျွန်းပေါ်သို့ ပြောင်းရွှေ့နေရာချထားရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စီစဉ်ထားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ရာပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်များကို ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုသို့ပြောင်းရွှေ့ခြင်းဟာ လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့များ၊ စာနယ်ဇင်းသမားများ အပါအဝင် လူတိုင်းအတွက် ထိုသို့ ကြိုတင်ခွင့်ပြုချက်မရဘဲ နေရပ်စွန့်ခွာတိမ်းရှောင်နေရတာနဲ့ ပတ်သက်ပြီး ပြင်းထန်သောစိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျွန်းပေါ်ရှိဒုက္ခသည်များဟာလည်း သူတို့ရဲ့မိသားစုများနှင့် အသိုင်းအဝိုင်းများမှ ဖယ်ရှားခြင်းခံရမှုကို စိုးရိမ်ပူပန်သောကရောက်စေလျှက် ရှိတယ်လို့လည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များအနေနဲ့ ကုလသမဂ္ဂ၊ လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့များနဲ့ လူသားချင်းစာနာမှု အေဂျင်စီများအား အဆိုပါကျွန်းရဲ့ နေထိုင်မှုအခြေနေကို လွတ်လပ်စွာအကဲဖြတ်ခွင့်ပြုရန် အရေးကြီးပြီး အဖွဲ့အစည်းများရဲ့ သဘောတူခွင့်ပြုချက်မရဘဲ ပြန်လည်နေရာချထားရေးအစီစဉ်ကို မည့်သည့်နေရာတွင်မှ လုပ်ဆောင်ရန်မသင့်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူများက ပြောဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။

More from UncategorizedMore posts in Uncategorized »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.