Press "Enter" to skip to content

နယ်ခြားစောင့်တပ်ဖွဲ့များက ရိုဟင်ဂျာများမှ ခြိမ်းခြောက် ငွေညှစ်မှုဖြင့်လူမျိုးတုံး သတ်ဖြတ်နေ

စက်တင်ဘာ ၂၃၊ ၂၀၂၁

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့်ထိစပ်နေတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နယ်ခြားစောင့်တပ် ဖွဲ့များ နှင့်ရဲ တပ်ဖွဲ့များသည် တရားနည်းလမ်းကျကျ အသက်မွေး၀မ်းကြောင်းရှာဖွေနေတဲ့ ရိုဟင်ဂျာ များကို အကြောင်းအမျိုး မျိူးဖြင့် ခြိမ်းခြောက်ပြီး ငွေညှစ်ခြင်းများဖြင့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ပြန်လည် အရှိန်မြှင့်ပြီး ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

မောင်တောမြို့မြောက်ပိုင်း၊ လှဖိုးခေါင်လက်ခံရေးဒုက္ခသည်စခန်းအနီးရှိ လှဖိုးခေါင်သုံးခွဆုံ နယ်ခြားစောင့်ရဲ စစ်ဆေး ရေးဂိတ်မှ ဖြတ်သန်းသွားနေတဲ့ ရိုဟင်ဂျာ များသည် NVC ကဒ် ထုတ်ပြပါက ရွာထွက်လက်မှတ်တောင်း ခံခြင်း၊ ရွာ ထွက်လက်မှတ်ပေါ်တွင်ဓါတ်ပုံနှင့်တကွ ပြပါက အိမ်ထောင်စုစာရင်းတောင်းခံခြင်း၊ နိုင်ငံသားကဒ် ပြား(သို့) နိုင်ငံ သားပြုကဒ်ပြား ပြနိုင်ပါက ရွာထွက်လက်မှတ်တောင်းခံခြင်း စသဖြင့် နှောင့်ယှက်နေကြပါတယ်။

တစ်ဦးဦးက စာရွက်စာတမ်း တစ်ခုခုမပြနိုင်ရင်  နယ်ခြားစောင့်ရဲ့များက ၎င်းကို ခြိမ်းခြောက်ပြီး ရသလောက် ငွေညှစ် လေ့ရှိကြောင်း ဒေသခံများက Rvision သို့ သတင်းပို့ပါတယ်။

စက်တင်ဘာလ ၂၁ ရက်၊ သရက်အိုး(မင်္ဂလာဖာရာ) ကျေးရွာမှ မောင်တောမြို့ပေါ်သို့ အပြာရောင်မှန်လုံကား တစ်စီးကို ကျီးကန်ပြင်ကျေးရွာနေ နုရ်အာမိန်(၄၀ နှစ်) ကမောင်းနှင်းပြီး ခရီးသည်များတင်လာနေစဉ် ၎င်းစစ်ဆေး ရေးဂိတ်တွင် ခရီးသည်များမှာ အထောက်အထားမပြည်စုံဟု အကြောင်းပြ၍ ကားဒရိုင်ဘာ ထံမှ ငွေ ၃ သောင်းကျပ် ညှစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်‌နေ့တွင်လည်း သရက်အိုးကျေးရွာနေ ဒရိုင်ဘာအေရ်ဖာန်(၂၅နှစ်)ကို ဆင်တူနည်းနဲ့ မဟုတ်မမှန်စွပ်စွဲခြိမ်းခြောက်ပြီး ငွေ တစ်သောင်းကျပ်ညှစ်ခဲ့ပါတယ်။

စက်တင်ဘာလ-၁၀ရက်မှစ၍ လှဖိုးခေါင်ချောင်းဝနယ်ခြား‌စောင့်ရဲကင်းစခန်းကို ဖြတ်ကျော်နေရတဲ့ ရိုဟင်ဂျာ များရဲ့ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ကားများမှ ငွေကျပ် တစ်ထောင်ကျပ်စီ ကောက်ခံနေရကြောင်း ဒေသခံများ က ပြောပါတယ်။

အဆိုပါနယ့်ခြားစောင့်ရဲစစ်ဆေးရေးဂိတ်ကို ရဲအုပ်အဆင့်ရှိသူတစ်ဦးက ဦးဆောင်နေကြောင်းသိရပါတယ်။    

မောင်တောမြို့မြောက်ပိုင်း ဦးရှဉ့်ဂျားကျေးရွာမှ  မူဟာမတ်ဂျာဟာန်ဂိရ် (၁၉နှစ်) သည်စက်တင်ဘာလ ၁၆ ရက်၊နံနက် ၁၀ နာရီခွဲ အချိန်တွင်မောင်‌တောမြို့သို့ မော်တော်ဆိုင်ကယ်ဖြင့်လာရောက်ရာ မောင်တောမြို့ဝင်ဂိတ် (ရဲစစ်ဆေးရေး ဂိတ်) ကိုရောက်တာနဲ့ ၎င်းကိုရပ်တန့်ခိုင်း၍ စစ်ဆေးပြီး ငွေကျပ် ၅ ထောင် ညှစ်ယူမှ ပြန်လွှတ်ပေးခဲ့ကြောင်း မျက်မြင် သက်သေတစ်ဦးက ပြောပါတယ်။

အလားတူ မောင်တောနှင့် ဘူးသီးတောင်ဒေသများတွင်စစ်ကောင်စီရဲ့ ကျေးကျွန် စစ်သားများ၊ ရဲများ နှင့် နယ်ခြား စောင့်ရဲများသည် ရိုဟင်ဂျာများကိုတွေ့မြင်ရတဲ့ နေရာတိုင်းမှ ၎င်းတို့ရဲ့ အစာ ရေ စာများ၊ ကုန်ပစ္စည်းများ လု ယက်ခြင်း နှင့် ငွေညှစ််ခြင်းဖြင့် ငတ်မွတ်စေပြီး အသေ သတ်ရန် နည်းလည်း တစ်ခုသုံးနေပါကြောင်း ဒေသခံများ ကဆိုပါတယ်။

အဲဒီ ရိုင်းစိုင်းပြီး လူမဆန်သောလုပ်ရပ်များသည် ရိုဟင်ဂျာအားလူမျိုးတုံးသတ်ဖြတ်မှုကို တစ်ဖန် အရှိန် မြှင့်ပြီး ဆက် လုပ်နေကြောင့် ရိုဟင်ဂျာများက ချက်ချင်းထိရောက်သော နိုင်ငံတကာ ၀င်ရောက်စွက်ဖက်မှုကို တောင်း ဆိုနေကြပါတယ်။

Reported By: Maung Wunna

အယ်ဒီတာမူဟာမတ်ရှူးအိုက်(ဗ်)

More from UncategorizedMore posts in Uncategorized »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.