Press "Enter" to skip to content

Posts published in “ရိုဟင္ဂ်ာ သတင္း”

ဘူးသီးတောင်မြို့နယ်တွင် အများပြည်သူသွားလာသည့် တံတားကို AA/ULA အဖွဲ့ မိုင်းခွဲဖျက်ဆီး

အာရကာန်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ဂုံးနားရွာနှင့် ဆင်အိုးပြင်ရွာကြား အများပြည်သူသွားလာသည့် တံတားကို ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့၊ ညည့် ၁၁ နာရီခန့်အချိန်တွင် AA/ULA တပ်သားများက လာရောက်ပြီး မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုပါတယ်။ “အဲ့ဒီ တံတားကို AA/ULA တပ်သားတွေက မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ ဧပြီလ…

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ အမှုကို အမြန်ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာက မျှော်လင့်နေပါတယ်။

လေးစားအပ်ပါသော နိုင်ငံခြားရေး ဝန်ကြီး Dr. Hasan Mahmood ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့မှာ လွှတ်တော်အမတ်တွေ ပါဝင်ပါတယ်။ 2024 ခုနှစ် မေလ 3 ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး၏ ဘေးတွင် ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ် H.Ε. လေးစားအပ်ပါသော နိုင်ငံခြားရေး…

ရခိုင်တပ်တော် AA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ရွာမ(ရိုဟင်ဂျာ)ကျေးရွာနေ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ဘူးသီးတောင်မြို့နယ်၊ ရွာမ(ရိုဟင်ဂျာ)ကျေးရွာအား ကြာသပတေးနေ့ နေ့လယ် ၁၁ နာရီခွဲခန့်တွင် ရခိုင်တပ်တော် AA အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါကျေးရွာနေ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်နက်ကြီးကျည်(၃)လုံးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိနေသော ဒေါ်နိုရူဂျာဟန်၊ အသက်(၅၅)နှစ်၊ (ဘ)ဦးအာလီဂျူဟတ်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် လက်နက်ကြီးအစမှန်ဒဏ်ရာများရရှိခဲ့ကာ…

ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာလူငယ်တွေကို အကြမ်းဖက် ရခိုင်တပ်တော် AA က အတင်းအဓမ္မစုဆောင်း

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူဒါပြင် ရိုဟင်ဂျာကျေးရွာတွင် ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရခိုင်တပ်တော် AA က ရိုဟင်ဂျာရွာသားများကို အတင်းအကြပ် ခေါ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ “ရခိုင်တပ်တော် AA သည် ရိုဟင်ဂျာရွာသားများနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး ဂူဒါပြင်ရိုဟင်ဂျာကျေးရွာမှ ရိုဟင်ဂျာရွာသားအချို့ကို ဧပြီလ ၂၄…

စစ်တွေက ရိုဟင်ဂျာ သုံးရာခန့် စစ်သင်တန်းတက်ဖို့ ထမ်မံခေါ်ဆောင်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဒါးပိုင်၊ ဗေဒါ၊ ဘာဆာရာ အစရှိတဲ့ ကျေးရွာပေါင်း သုံးဆယ်ကျော်က အသက် ၁၈ နှစ်ကနေ ၃၀ ကျော် အရွယ် ရိုဟင်ဂျာသုံးရာခန့်ကို ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီက စစ်သင်တန်းပေးဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက…

ရိုဟင်ဂျာများအား အဓမ္မစစ်သားစုဆောင်းခြင်း၊ AA အားဆန့်ကျင်ကြောင်းဆန္ဒပြပွဲအတုများ စသည့်စစ်ကောင်စီ၏လုပ်ရပ်များအား သတိထားရန် NUG ထုတ်ပြန်

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဧပြီ ၂၁ရက်)တွင် ကြေညာချက်ထုတ်ပြန်ရာ နိုင်ငံရေးလှည့်ကွက်များအပါအဝင် စစ်ကောင်စီ၏ လုပ်ရပ်များအား သတိထားကြရန် တိုက်တွန်းထားသည်။ အကြမ်းဖက်စစ်အုပ်စုက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာများအား (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ…

စစ်တွေတွင် AA အလိုမရှိကြောင်း ဆန္ဒမပြပါက ရိုဟင်ဂျာများ၏ အိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီခြိမ်းခြောက်အကြပ်ကိုင်ခဲ့ဟု ရိုဟင်ဂျာ ဒုက္ခသည်အချို့ပြော

ရခိုင်ပြည်နယ်တွင်AA အလိုမရှိကြောင်း ဆန္ဒပြရန် နှင့် ဆန္ဒမပြပါက နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဟုစစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရ နှင့် စစ်တပ်အရာရှိများက ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ရိုဟင်ဂျာများနှင့် နီးစပ်သူများကထုတ်ဖော်ပြောသည်။ “AAကိုဆန့်ကျင်‌ကြောင်း ဆန္ဒပြဖို့ ဒေသခံတွေရော၊ ဒုက္ခသည်စခန်းကပါ လူ၁၀၀၀ တောင်းတယ်။ မဖြစ်မနေလုပ်ဖို့နဲ့ အကောင်အထည်မဖော်ရင် အိမ်တွေကိုမီးရှို့မယ်လို့ပြောတယ်။ ဒါကြောင့် လုပ်ခဲ့ကြတယ်”…

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အတင်းအကျပ် စစ်မှုထမ်းစေခိုင်းနေတဲ့အပေါ် HRW အစီရင်ခံစာထုတ်ပြန်

မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာ အမျိုးသားနဲ့ လူငယ် ၁,၀၀၀ လောက်ကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) က ဧပြီလ (၉) ရက်နေ့က ထုတ်ပြန်တဲ့…

၁၉၈၂ မြန်မာနိူင်ငံသားဥပဒေကို NUCC က ပယ်ဖျက်လိုက်တဲ့အတွက် မလေးရှားအကြံပေးအဖွဲ့က ချီးကျူး

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာအတွက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့က ကြိုဆိုကြောင်း ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီဥပဒထေဲမှာ ရိုဟငဂြွာတှအတှေကြ နိုငငြံသားဖှဈခှင့ြ ကန့သြတထြားတာ ပါဝငနြပှေီး အခုလို ခှဲခှားမှုပါဝငနြတေဲ့ ဥပဒမွေိုးကို ဖကွသြိမြးဖို့ ဆုံးဖှတတြာဟာ…

စစ်မှုထမ်းသူတွေကိုထောက်ပံ့ဖို့ ငွေကြေးကောက်ခံနေကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေပြော

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ခေါင်းဒုက္ကာ ကျေးရွာအုပ်စုအတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေထံကနေ စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုပြီး စခန်းကော်မတီဝင်တွေက ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခေါင်းဒုက္ကာကျေးရွာအုပ်စုထဲက ဒုက္ခသည်စခန်းမှာ ရှစ်ခန်းတွဲအဆောင် ၃၄၅ ဆောင်နဲ့ အခန်းပေါင်း ၂၇၆၀ ခန်းရှိပြီး တစ်ခန်းကို လစဉ်ကြေး တစ်သောင်းခွဲကျပ် (၁၅,၀၀၀…

Mission News Theme by Compete Themes.