Press "Enter" to skip to content

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အတင်းအကျပ် စစ်မှုထမ်းစေခိုင်းနေတဲ့အပေါ် HRW အစီရင်ခံစာထုတ်ပြန်

မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာ အမျိုးသားနဲ့ လူငယ် ၁,၀၀၀ လောက်ကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) က ဧပြီလ (၉) ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ပိတ်ပင်ထားပေမဲ့ နိုင်ငံသားတွေအတွက်သာ ရည်ရွယ်ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ သူတို့ကို ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေကို ညဘက် အိမ်တွေမှာ ဝင်ရောက် ဖမ်းဆီးတာ၊ နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုပြီး လိမ်ညာ ခေါ်ဆောင်တာ၊ ဖမ်းဆီးတာ၊ ပြန်ပေးဆွဲတာ၊ ရိုက်နှက်တာတွေ စတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စဈတပကြ ရိုဟငဂြွာတှကေို ရကစြကကြှမြးကှုတတြဲ့ သငတြနြးတကဖြို့ နှဈပတကြှာ စလှေှတပြှီး ရှေ့တနြးမှာ စဈတိုကခြိုငြးတယြ။ အမွားစုဟာ မနှဈက နိုဝငဘြာလအတှငြး စတငခြဲ့တဲ့ စဈတပနြဲ့ ရကျခိုင့တြပတြောြ(AA)တို့အကှား တိုကပြှဲဖှဈပှားနတေဲ့ ရှေ့တနြးတှကေို စလှေှတခြံခဲ့ရပှီး ေ-သဆုံး၊ ဒဏရြာရသူတှေ အမွားအပှား ရှိလာနတယေလြို့ ပှောဆိုထားပါတယြ။

“ရိုဟင်ဂျာတွေအပေါ် ဆယ်စုနှစ်များစွာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်က သူတို့နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ပြီး အခု သူတို့ကို တိုက်ပွဲဝင်ခိုင်းတာကို မြင်ရတာ တုန်လှုပ်စရာပါပဲ” လို့ HRW ရဲ့ အာရှသုတေသီ Shayna Bauchner က ပြောပါတယ်။

“စစ်တပ်က အခုလို အတင်းအဓမ္မ လူစုဆောင်းတာကို ချက်ချင်းရပ်ပြီး တရားမ၀င် စစ်မှုထမ်းထားတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခွင့်ပေးသင့်တယ်” လို့ သူက တောင််းဆိုထားပါတယ်။

ဒါ့အပြင် အဓမ္မစစ်သားစုဆောင်းခံရတဲ့ ဖြစ်ရပ် (၁၁) ခုကို HRW က မှတ်တမ်း ပြုစုပြီး စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ပေါက်တောနဲ့ ကျောက်တော် စတဲ့ မြို့နယ်တွေက စစ်သားစုဆောင်းခံရသူ (၂၅) ဦးကိုလည်း တွေ့ဆုံ မေးမြန်းထားတယ်လို့ ပြောပါတယ်။

Rohingya Vision News

More from စာရွက်စာတမ်းMore posts in စာရွက်စာတမ်း »
More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အယ်ဒီတာ့အာဘော်More posts in အယ်ဒီတာ့အာဘော် »
More from အာရ်ကာန်More posts in အာရ်ကာန် »
More from ဆောင်းပါးMore posts in ဆောင်းပါး »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.