Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင် အများပြည်သူသွားလာသည့် တံတားကို AA/ULA အဖွဲ့ မိုင်းခွဲဖျက်ဆီး

အာရကာန်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ဂုံးနားရွာနှင့် ဆင်အိုးပြင်ရွာကြား အများပြည်သူသွားလာသည့် တံတားကို ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့၊ ညည့် ၁၁ နာရီခန့်အချိန်တွင် AA/ULA တပ်သားများက လာရောက်ပြီး မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုပါတယ်။

“အဲ့ဒီ တံတားကို AA/ULA တပ်သားတွေက မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ ဧပြီလ ၂၅ရက်နေ့ ညနေပိုင်း အချိန်က ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ အခုဆိုရင် ပြည်သူတွေရဲ့ သွားလာရေး အတော်ခက်ခဲသွားပါတယ်” ဟု ဆိုပါတယ်။

ပျက်စီးသွားသည့် တံတားမှာ ဂုံးနားရွာ(ရိုဟင်ဂျာ)ရွာနှင့် ဆင်အိုးပြင်(ရိုဟင်ဂျာ)ရွာကြားရှိ ချောင်းအား ဆက်သွယ်ထားသည့် တံတားပင်ဖြစ်ပါတယ်။

အဆိုပါ တံတားပျက်စီးသွားသောကြောင့် ဆင်အိုးပြင်(ရိုဟင်ဂျာ)ရွာနှင့် အခြားကျေးရွာများမှ ဒေသခံပြည်သူများမှာ ဘူးသီးတောင်မြို့သို့ သွားလာရန်အတွက် အခက်တွေ့နေရကြောင်းသိရတယ်။

ပြီးခဲ့သည့် ဧပြီလအတွင်း ဘူးသီးတောင်မြို့အတွင်းရှိ ရပ်ကွက်များမှ ရက္ခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူနှင့် အခြားမျိုးနွယ်စုဝင်များ၏ နေအိမ် ၅၀၀၀ ကျော်ကို အကြမ်းဖက် AA/ULA အဖွဲ့ က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့ခံများက ဆိုပါတယ်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ အာရကာန်ပြည်တွင် အစွန်းရောက် ရခိုင်သူပုန် AA နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့သည်။ AA ကလည်း အများပြည်သူ သွားလာနေသည့် လမ်းတံတားများကို ဖျက်ဆီးခဲ့ပါတယ်။

လက်ရှိတွင် ဘူးသီးတောင်မြို့အနီးပတ်ဝန်းကျင်၌ အစွန်း‌ရောက်ရခိုင်သူပုန် AA နှင့် စစ်ကောင်စီအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အစွန်းရောက် ရခိုင်သူပုန် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများက ဆိုပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.