Press "Enter" to skip to content

ရိုဟင်​ဂျာများရဲ့ အစုလိုက်​အပြုံလိုက်​ ​နေရပ်​စွန့်​ ထွက်​​ပြေးရခြင်း သံသရာ

အာရ်​ကာန်​​ဒေသဟာ ၁၈ ရာစု​​နောက်​ပိုင်း ကစပြီး ရိုဟင်​ဂျာများအ​ပေါ် အကြမ်းဖက်​မှုများ ကြိုးကြားကြိုးကြား ဖြစ်​ပွားတတ်​​​တဲ့ ​ဒေသတစ်​ခု ဖြစ်​လို့​နေပါတယ်​။ အဲ့လို ဖြစ်​ပွားခဲ့တဲ့ အကြမ်းဖက်​မှု​များက ရိုဟင်​ဂျာများကို ရံဖန်​ရံခါ ဒုက္ခသည်​ဘဝ ​ရောက်​​စေခဲ့ပါတယ်​။ ၁၇၈၄ ခုနှစ်​၊ ၁၉၄၂ ခုနှစ်​၊ ၁၉၇၈ ခုနှစ်​၊ ၁၉၉၁-၉၂ ခုနှစ်​၊ ၂၀၁၂ ခုနှစ်​ နှင့်​ ၂၀၁၆-၁၇ ခုနှစ်​များတွင်​ အစုလိုက်​အပြုံလိုက်​ နေရပ်​စွန့်​ ထွက်​​ပြေးရမှုများ ကြီးကြီးမားမား ဖြစ်​ပွားခဲ့ပါတယ်​။ ထို့အပြင်​ သာမန်​နှစ်​​တွေမှာလည်း နှစ်​စဉ်​နှစ်​တိုင်း ခန့်မှန်း​ခြေလူ​ပေါင်း တစ်​​သောင်းစီ ထွက်​​ပြေးခဲ့မယ်​လို့ လူ့အခွင့်​အ​ရေးအဖွဲ့​တွေရဲ့ ခန့်မှန်းခြေအရ သိရပါတယ်​။

ရိုဟင်​ဂျာ သမိုင်းကို လေ့လာရာတွင် လူအများစုက ကိုလိုနီ​ခေတ်​​နှောင်းသမိုင်းအ​ပေါ်နဲ့ ၁၉၇၈ ခုနှစ်​ကစပြီး ဖြစ်​ပွားလာခဲ့သော အစုလိုက်​အပြုံလိုက်​ နေရပ်​စွန့် ထွက်​​ပြေးရမှု​တွေအ​ပေါ်ပဲ အာရုံစူးစိုက်​​တတ်​ပါတယ်​။ ဒါဟာ တကယ်​​တော့ မြန်​မာအစိုးရရဲ့ စွပ်​စွဲချက်​ဖြစ်​တဲ့ “တရားမဝင်​ ခိုးဝင်​လာ​ရောက်​​နေထိုင်​သူများ” ဆိုတဲ့ လိမ်​ညာမှု​ကို နားလည်​နိုင်​ဖို့ မလုံ​လောက်​​စေပါဘူး။ ဒုက္ခသည်​များကို မိမိဌာ​နေရင်းသို့ ပြန်ပို့​ရေး မြန်​မာနဲ့ဘင်္ဂလား​ဒေရှ့်​ နှစ်​နိုင်​ငံရဲ့ သ​ဘောတူစာချုပ်​​တွေကို ၁၉၇၈ ခုနှစ်​၊ ၁၉၉၂ ခုနှစ်​​နဲ့ မကြား​သေးခင်​က အစုံလိုက်​အပြုံလိုက်​ ထွက်​​ပြေးရမှု​တွေအတွက်​ပဲ တရားဝင်​ ချုပ်​ဆိုခဲ့တာဖြစ်​​ပေမယ့်​ ၁၈ ရာစုနောက်ပိုင်း (၁၇၈၄)၊ ၁၉ ရာစု အစောပိုင်းနဲ့ ၂၀ ရာစု အလယ်ပိုင်း (၁၉၄၂) တွင် ထွက်​​ပြေးသွားခဲ့သူများဟာ မြန်​မာနိုင်​ငံကို ဘယ်​​တော့မှ ပြန်​လာခဲ့ခြင်း၊ ပြန်​လည်​ပို့​ပေးခြင်းများ မရှိခဲ့ပါဘူး။ ၎င်းတို့​ဟာ ဘင်္ဂလား​ဒေရှ့်​ နိုင်​ငံ၊ ​ကော့ဇ်​ဘဇားခရိုင်​ ဧရိယာအတွင်း အ​ခြေချ​နေထိုင်​သွားခဲ့ပြီး ​ဒေသခံ​တွေနဲ့ ​ရော​နှောသွားခဲ့ပါတယ်​။

ရိုဟင်​ဂျာ​တွေဟာ ​​​မြောက်​ဦး​​ခေတ်​ ရိုဟင်း​မြေရဲ့ လွတ်​လပ်​​တဲ့ အချုပ်​အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုနဲ့ နိုင်​ငံ​​ရေး၏ အစိတ်​အပိုင်း ဖြစ်​ခဲ့​​ပါတယ်​။ ဒါ​ပေမယ့်​ မြန်​မာအစိုးရက ရိုဟင်​ဂျာ​တွေကို နိုင်​ငံမဲ့ဘဝ​ သာမက အိုးမဲ့အိမ်​မဲ့ဘဝ အထိပါ ​ရောက်​​စေခဲ့တာဟာ ရိုဟင်​ဂျာ​တွေရဲ့ လူမျိုးစုနဲ့ ကိုးကွယ်​တဲ့ဘာသာတရား​ကြောင့်​သာ ဖြစ်​ပါတယ်​။

ထို့အပြင်​ မြန်​မာအစိုးရက ရိုဟင်​ဂျာများကို ကိုလိုနီ​ခေတ်​မှာ မတရားခိုးဝင်​လာတဲ့လူ​တွေလို့ တံဆိပ်​ကပ်​လိုက်​ပါတယ်​။ သူတို့ကို အဲ့လို တံဆိပ်​ကပ်​သမုတ်​လိုက်​တဲ့ အ​ကြောင်းရင်းဟာ ၁၇၈၄ ခုနှစ် အာရာကာန် နန်းတော်ကျဆုံးခဲ့ချိန်မှစပြီး၂၀၁၈ ခုနှစ်ထိ နှစ်​များထဲတွင်​ ရိုဟင်​ဂျာ​တွေက အခွင့်အရေး နည်းနည်းပါးပါး ခံစားပိုင်ခွင့်ရရှိသော ခေတ်မှာ တနည်းအားဖြင့် ကိုလိုနီခေတ်သာ  ဖြစ်​ပါတယ်​လို့ ပြောရမယ်။ သို့သော် ဗြီတိသျှ ကိုလိုနီ ဆုတ်ကွာသွားချိန်တွင် အနစ်နာဆုံးလူမျိုးစုမှာလည်း ရိုဟင်​ဂျာများသာဖြစ်သည်။

အစုလိုက်​အပြုံလိုက်​ ထွက်​​ပြေးခဲ့ရမှု သံသရာရဲ့ သမိုင်းက အာရ်​ကာန်​က ရိုဟင်​ဂျာ​တွေရဲ့ ရာစုနှစ်​​ပေါင်းများစွာ ဒုက္ခခံစား​ခဲ့ရမှု​တွေကိုသာ ​ဖော်​ထုတ်​​ပေး​နေတာသာ မဟုတ်​ဘဲ ၎င်းတို့ဟာ အာရ်​ကာန်​​မြေရဲ့ မူလဘူတ ဌာ​နေတိုင်းရင်းသား ဆိုတာကိုပါ ​ဖော်​ထုတ်​​ပေး​နေလျက်​ရှိပါတယ်​။ ဒါ​ကြောင့်​ ၎င်းရိုဟင်​ဂျာ​တွေဟာ သူတို့ရဲ့နယ်​​မြေကို သိမ်းပိုက်​ပြီး ဖြစ်လာတဲ့ အခု​ခေတ်​ မြန်​မာပြည်နဲ့လည်း ခိုင်မာတဲ့ ဆက်စပ်မှု တည်​ရှိ​နေတာကို အဆိုပါ သမိုင်းက ​သက်​​သေခံလျက်​ရှိပါတယ်​။

၁၇၈၄ ခုနှစ်​၊ အာရ်​ကာန်​နိုင်​ငံ​တော်​ ကျရှုံးသွားမှု

၁၇၈၄ ခုနှစ်​၊ ဒီဇင်​ဘာလ ၂၈ ရက်​​နေ့တွင်​ ​ဘိုး​တော်​ဝိုင်း ဦး​ဆောင်​တဲ့ ဗမာ​​တွေက အာရ်​ကာန်​ကို အပြည့်​အဝ ကျူး​ကျော်​သိမ်းပိုက်​လိုက်​ခဲ့တဲ့အခါ ရိုဟင်​ဂျာ​ သုံး​သောင်းခန့်​ဟာ ​Bengal ​တောင်​ဖက်​ခြမ်းကို ပထမအသုတ်​အဖြစ်​ ထွက်​​ပြေး ခိုလှုံခဲ့ရပါတယ်​။ ဗမာ​တွေ​ရဲ့ လက်​​အောက်​သို့ အာရ်​ကာန်​ပြည်​ ​ကျ​ရောက်​သွားခဲ့ပြီးတဲ့​ ​နောက်​ပိုင်းမှာလည်း ရိုဟင်​ဂျာ​များအ​ပေါ် ရန်​လိုမုန်းထားမှုများ တစ်​​နေ့ထက်​တစ်​​နေ့ များပြားကျယ်​ပြန့်​လာခဲ့သဖြင့်​ ရိုဟင်​ဂျာ​​တွေရဲ့ ​Bengal ​တောင်​ဖက်​ခြမ်းသို့ ထွက်​​ပြေးသွားခဲ့ရမှု​တွေလည်း ပို၍ တိုးပွားလာခဲ့ပြီး၊ ၁၇၉၀ ခုနှစ်​ရဲ့ အ​စောပိုင်းနှစ်​များတွင်​ သိန်းနဲ့ချီ ​​ရေထွက်​လိုက်ခဲ့ရပါတယ်။

၁၇၉၀ ခုနှစ်​တွင်​ အ​ရှေ့အိန္ဒိယ ကုမ္ပဏီက ဟီရမ်​​ကော့စ်​ ဆိုတဲ့ပုဂ္ဂိုလ်ကို Bangal ​တောင်​ဖက်​ခြမ်းမှာ အဲ့ဒီဒုက္ခသည်​​တွေရဲ့ ​​နေ​ရေးထိုင်​​ရေး​များ စီစဉ်​​ပေးရန်​အတွက်​ ကြီးကြပ်​​ရေးမှူးအဖြစ်​ တာဝန်​​ပေးအပ်​ခဲ့ပါတယ်​။ ဟီရမ်​​ကော့စ်​က ၎င်းတို့ကို ​အဲ့ဒီ​ဒေသမှာ ပြည်​လည်​​နေရာချ​ပေးခဲ့ပါတယ်​။ ​ကော့စ်​ဘဇား အနီးတဝိုက်​ ပတ်ဝန်းကျင်မှာ မူလအခြေချနေထိုင်သူများရဲ့ အများစုမှာ အာရ်ကာန်မှ ​ရောက်​ရှိလာပြီး ဒုက္ခသည်​အဖြစ်​ အ​ခြေချခဲ့သူများသာ ဖြစ်​ပါတယ်။ ဟီရမ်​​ကော့စ်​က အဲ့ဒီ​ဒေသကို မြို့အဖြစ်​တည်​​ထောင်​ခဲ့ပြီးတဲ့​နောက်​ တည်​​ထောင်​သူဖြစ်​တဲ့ သူ့နာမည်​နဲ့တွဲပြီး ​ကောစ့်​ဘဇား အဖြစ်​ အမည်​မှည့်​​ပေးခဲ့ပါတယ်​။ ၁၇၈၄ ခုနှစ်​က ​ဗမာ​တွေ အာရ်​ကာန်​ကို ကျူး​ကျော်တိုက်​ခိုက်​လာခဲ့မှု​ကြောင့်​ Bangal ​တောင်​ဖက်​ခြမ်းကို ထွက်​​ပြေးလာပြီး ​ကော့စ်​ဘဇားအနီးတစ်​ဝိုက်​၌ အ​ခြေချ​နေထိုင်​သွားခဲ့တဲ့ အဆိုပါ ဒုက္ခသည်​​တွေဟာ မြန်​မာနိုင်​ငံကို မည်​သည့်​အခါမှ ပြန်​လာခဲ့ခြင်းမရှိပါဘူး။

၁၉၄၂ ခုနှစ်​၊ ရိုဟင်​ဂျာ မွတ်​စလိင်​မ်​များကို အစုလိုက်​အပြုံလိုက်​ သတ်​ဖြတ်​မှု

ကိုလိုနီ​ခေတ်​၊ ၁၉၄၂ ခုနှစ်​၊ မတ်​လ ၂၈ ရက်​​နေ့တွင်​စတင်​ပြီး သခင်ဟု​ခေါ်တဲ့ ​မော့ဂ်​လူမျိုးများနှင့်​ ဗမာ့ အမျိုးသား​ရေးဝါဒီ​များက ရိုဟင်​ဂျာများအ​ပေါ် ကြီးမားတဲ့ အစုလိုက်​အပြုံလိုက်​ သတ်​ဖြတ်​မှု ကျူးလွန်​ခဲ့ပါတယ်။ လူဦးရေ​ ​​ထောင်​​သောင်း​ပေါင်းများစွာ သတ်​ဖြတ်​ခံခဲ့ရပြီး၊ အခြား ရှစ်​​သောင်း​ကျော်​ဟာလည်း အသက်​ရှင်​ခွင့်​ရ​ရေးအတွက်​ Chittagong၊ Subrinagar၊  Rangpur၊ Dinazpur စတဲ့ ​ဒေသ​တွေကို ထွက်​​ပြေးခိုလှုံ​ခဲ့ရပါတယ်​။ အဲ့ဒီ ဒုက္ခသည်​​တွေကိုလည်း မြန်​မာနိုင်​ငံကို ပြန်​လည်​ပို့​ပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

၁၉၇၈ ခုနှစ်၊ နဂါးမင်း စစ်​ဆင်​​ရေး

အာဏာရှင်​ ​နေဝင်းလက်​ထက်​ ၁၉၇၈ ခုနှစ်​၊ ​ဖေ​ဖော်​ဝါရီလ ၁၁ ရက်​​နေ့တွင် Akyab (ယခုအ​ခေါ်) စစ်​​တွေမှ စတင်​ခဲ့တဲ့ နဂါးမင်း စစ်​ဆင်​​ရေးက ရိုဟင်​ဂျာ​ပေါင်း နှစ်​သိန်းခွဲ​ကျော်​ကို အာရ်​ကာန်​မှ ထွက်​​ပြေး​လာ​စေခဲ့ပါတယ်​။ အဲ့ဒီနှစ်​၊ ဩဂုတ်​လ ၃၁ ရက်​နဲ့ ဒီဇင်​ဘာလ ၂၉ ရက်​​နေ့တွင်​ ​ကောက်​ခံခဲ့တဲ့ စာရင်းဇယားအရ ဒုက္ခသည်​​ပေါင်း ၂၅၂,၀၀၀ ဦး​ရေ ဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​ စာရင်း​ကောက်​ခံရခြင်းမရှိတဲ့ လူ​တွေကို ​ပေါင်းလိုက်​ရင်​ ဒုက္ခသည်​အ​ရေအတွက်​ သုံးသိန်း​တောင်​ ​ကျော်​သွားနိုင်​ပါတယ်​။

၁၉၇၈ ခုနှစ်​၊ ဇူလိုင်​လ ၉ ရက်​​နေ့တွင်​ ဒုက္ခသည်​များ မိမိဌာ​နေတိုင်းရင်းသို့ ပြန်​ပို့​ရေး သ​ဘောတူညီမှု စာချုပ်​ကို မြန်​မာနဲ့ ဘင်္ဂလား​ဒေရှ့်​အကြား ချုပ်​ဆိုခဲ့ပါတယ်​။ ​နောက်​ပိုင်းတွင်​ ဒုက္ခသည်​ ၁၈၇၂၅၀ ဦးကို သူတို့ရဲ့ တိုင်းရင်း​ဒေသဖြစ်​တဲ့ မြန်​မာနိုင်​ငံကို ပို့​ပေးခဲ့ပါတယ်​။

မိမိ ​ဆန္ဒအ​လျောက်​ မြန်​မာပြည်​သို့ ပြန်​မသွားချင်​တဲ့ ဒုက္ခသည်​​တွေကို အဓမ္မပြန်​ပို့ရန်​ ဖိအား​ပေးတဲ့အ​နေနဲ့ စားနပ်​ရိက္ခာများ ရပ်​တန့်​လိုက်​ခြင်း အပါအဝင်​ တခြား ညှဉ်းပန်းမှုများစွာကိုလည်း ဘင်္ဂလား​ဒေရှ့်​နိုင်​ငံဖက်​က ကျူးလွန်​ခဲ့ပါတယ်​။ ​အကျိုးသက်​​ရောက်​မှုအ​နေနဲ့  ဒုက္ခသည်​​ပေါင်း တစ်​​သောင်း​ကျော်​ခန့်​ဟာ အစာ​ရေစာနဲ့ ​ဆေးဝါးပြတ်​လပ်​မှု၊ အာဟာရချို့တဲ့မှု စတဲ့ဒုက္ခ​တွေ​ကြောင့်​ အသက်​ဆုံးရှုံးခဲ့ရပါတယ်​။

မြန်​မာအစိုးရအ​နေနဲ့ ရိုဟင်​ဂျာများကို အမြစ်​ပြတ်​ဖယ်​ရှားရန်​ ရည်​ရွယ်​ပြီး ပြုလုပ်​ခဲ့တဲ့ အဆိုပါ နဂါးမင်းစစ်​ဆင်​​ရေးမှာ ​အောင်​မြင်​မှုမရရှိခဲ့ဘူးလို့ ဆိုရပါလိမ့်​မယ်​။ အဘယ်​​ကြောင့်​ဆို​သော်​ ရိုဟင်​ဂျာများကို ပြည်​လည်​လက်​ခံခဲ့ရ​သော​ကြောင့်​ ဖြစ်​တယ်​။ ဒါ​ကြောင့်​ အာဏာရှင်​​နေဝင်း အစိုးရက ရိုဟင်​ဂျာများကို ပြန်​လည်​ပြီးတစ်​ခါ နှင်​ထုတ်​ရန်​ ​နောက်​ထပ်​ အစီအစဉ်​အသစ်​တစ်​ခုကို ချမှတ်​ခဲ့ပါတယ်​။ ​အဲ့ဒါက​တော့ ၁၉၈၂ ခုနှစ်ရဲ့ “နိုင်​ငံသား ဥပ​ဒေ” ပဲဖြစ်​ပါတယ်​။

၁၉၉၁-၁၉၉၂ ခုနှစ်​၊ န.စ.က စစ်​ဆင်​​ရေး

ဒီစဉ်းလဲယုတ်​မာ​သော ၁၉၈၂ ခုနှစ်​ နိုင်​ငံသားဥပ​ဒေ​အောက်​၊ ၁၉၉၁-၉၂ ခုနှစ်​မှာ ကြီးမားတဲ့ အစုလိုက်​အပြုံလိုက်​ ထွက်​​ပြေးမှု ဖြစ်​စဉ်​ ထပ်​ပြီးတစ်​ခါ ဖြစ်​ပွားခဲ့ပါတယ်​။ ဦး​စော​မောင်​ရဲ့ နိုင်​ငံ​တော်​ငြိမ်​ဝပ်​ပိပြား​မှု တည် ဆောက်ရေးအဖွဲ့ လက်​ထက်​တွင်​ ရိုဟင်​ဂျာ​များကို ​​ဒေသန္တရဥပ​ဒေနဲ့ အမျိုးမျိုးခွဲခြားဖိနှိပ်​ခဲ့တဲ့အပြင်​ ၁၉၉၂ ခုနှစ်​၌ ပြုလုပ်​ခဲ့တဲ့ “ပြည်​သာယာစစ်​ဆင်​​ရေး” ​ကြောင့်​လည်း လူ​ပေါင်း ၂၆၀,၀၀၀ ဝန်းကျင်​ အစုလိုက်​အပြုံလိုက်​ ထွက်​​ပြေးခဲ့ရပြန်​ပါတယ်​။

၁၉၉၂ ခုနှစ်​၊ ဧပြီလ ၂၈ ရက်​​နေ့တွင်​ ဒုက္ခသည်​များ မိမိတိုင်းရင်းဌာ​နေသို့ ပြန်​ပို့​ရေး နားလည်​မှု စာချွန်​လွှာတစ်​ခုကို မြန်​မာနဲ့ ဘင်္ဂလား​ဒေရှ့်​ နှစ်​နိုင်​ငံတို့အကြား ချုပ်​ဆိုခဲ့ပြီး​နောက်​ နှစ်​အနည်းငယ်​အတွင်း ဒုက္ခသည်​​ပေါင်း ၂၃၆,၅၉၉ ဦးကိုသာ ပြန်​လည်​လက်​ခံခဲ့ပြီး ကျန်​ဒုက္ခသည်​များဟာ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံ ဒုက္ခသည်​စခန်း​တွေမှာ ယခုထိ ​နေထိုင်​လျက်​ရှိ​နေပါတယ်​။

အဲ့ဒီတုန်းက မိမိဆန္ဒအ​လျောက်​ ပြန်​မသွားချင်​ခဲ့တဲ့ ဒုက္ခသည်​​တွေကို ဘင်္ဂလား​ဒေရှ့်​ အာဏာပိုင်​များက အမျိုးမျိုး ဖိအား​ပေး ခြိမ်း​ခြောက်​ခြင်း၊ ဖမ်းဆီး ​ထောင်​ဒဏ်​ချမှတ်​ခြင်း၊ ရိုက်​နှက်ခြင်း၊ အစာ​ရေစာ ကန့်သတ်​ထားခြင်းများ ပြုလုပ်​ခဲ့ပါတယ်​။ ဘင်္ဂလား​ဒေရှ့်​အာဏာပိုင်​​တွေရဲ့ လုပ်​ရပ်​ကို ကန့်​ကွက်​ဆန့်​ကျင်​တဲ့အ​နေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အဖွဲ့ UNHCR က​တောင်​ သူတို့ရဲ့လုပ်​ငန်းစဉ်​​တွေကိုပင် ဘင်္ဂလား​ဒေရှ့်​နိုင်​ငံမှ ရုပ်​သိမ်းခဲ့လိုက်​တယ်​။

၂၀၁၂ ခုနှစ်​၊ ရိုဟင်​ဂျာ ဆန့်​ကျင်​​ရေး အကြမ်းဖက်​မှု

ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီက ဦး​ဆောင်​ဖွဲ့စည်းတဲ့ ဦးသိန်းစိန်​ အစိုးရလက်​ထက်​၊ ၂၀၁၂ ခုနှစ်​၊ ဇွန်​လ ၃ ရက်​​နေ့မှာ ဘာသာ​ရေး အားထုတ်​သူ မွတ်​စလိင်​မ်​ (၁၀) ဦးကို ရခိုင်​ပြည်​နယ်​၊ ​တောင်​ဂုတ်​မြို့နယ်​မှာ ရခိုင်​အစွန့်​​ရောက်​သမားများစွာက ရက်​ရက်​စက်​စက်​ သတ်​ဖြတ်​ခဲ့ရာမှစတင်​ပြီး ရိုဟင်​ဂျာ ဆန့်​ကျင်​​ရေး အကြမ်းဖက်​မှုများကို အာဏာပိုင်​များက စနစ်​တကျ မီး​မွှေးခဲ့ပါတယ်​။ လူ​ပေါင်း ၂၅၀,၀၀၀ ခန့်​ကို မိမိရဲ့ အိုးအိမ်​များ စွန့်​ခွာ​စေခဲ့ရာ ထိုအထဲတွင်​ လူ​ပေါင်း ၁၅၀,၀၀၀ ခန့်​ဟာ နိုင်​ငံတွင်း IDP ဘဝ ​ရောက်​သွားခဲ့ရတာ ယ​နေ့အထိပဲ ဖြစ်​ပါတယ်​။

ဒီ ၂၀၁၂ ခုနှစ်​ အစုလိုက်​အပြုံလိုက်​ သတ်​ဖြတ်​မှုရဲ့ သား​ကောင်​ဘဝ ​ရောက်​ခဲ့ရသူများဖြစ်​ကြတဲ့ ပြည်​တွင်း ​ရွေ့​ပြောင်း​နေထိုင်​​နေခဲ့ရသူများကို မြန်​မာအစိုးရက ယခုထိ ပြန်​လည်​​နေရာချထားခြင်း မ​ပေးခဲ့သလို ပြည်​ပသို့ ထွက်​​ပြေးခိုလှုံ​နေခဲ့ရသူများကိုလည်း ယခုထိ ပြန်​လည်​​ခေါ်လာခဲ့ခြင်းများ မပြုလုပ်​ခဲ့​ပေ။

၂၀၁၆/၂၀၁၇ ခုနှစ်​၊ နယ်​​မြေရှင်းလင်း​ရေး စစ်​ဆင်း​ရေး

နောက်​ဆုံးအကြိမ်​အဖြစ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ဦး​ဆောင်​တဲ့ NLD အစိုးရလက်​ထက်​၊ ၂၀၁၆ ခုနှစ်​ ​အောက်​တိုဘာလ ၉ ရက်​​နေ့​နောက်​ပိုင်းနဲ့ ၂၀၁၇ ခုနှစ်​ ဩဂုတ်​လ ၂၅ ရက်​​နေ့ ​နောက်​ပိုင်းများတွင်​လည်း အာဏာပိုင်​များက နယ်​​မြေရှင်းလင်း​ရေး ​ခေါင်းစဉ်​တပ်​ကာ ရိုဟင်​ဂျာများအ​ပေါ် သမိုင်းရဲ့ အကြီးမားဆုံး​သော စစ်​ဆင်​​ရေးကို ပြုလုပ်​လာခဲ့ပါတယ်​။ အကျိုးဆက်​အဖြစ်​ လူ​ပေါင်း ​ထောင်​ချီအသတ်​ခံခဲ့ရပြီး လူ​ပေါင်း ဆယ်​သိန်းကျော် (၁,၁၁၈,၅၇၆ ဦး) ဟာလည်း အိမ်​နီးချင်း ဘင်္ဂလား​ဒေရှ့်​နိုင်​ငံမှာ သွား​ရောက်​ခိုလှုံ​နေခဲ့ရပါ​တော့တယ်​။ ဒါဟာ ရိုဟင်​ဂျာတို့ရဲ့ သမိုင်းမှာ အကြီးမားဆုံး​သော အစုလိုက်​အပြုံလိုက် သတ်​ဖြတ်​ခံခဲ့ရမှုနဲ့ အကြီးမားဆုံး​သော အစုလိုက်​အပြုံလိုက်​ ထွက်​​ပြေးခဲ့ရမှုပဲ ဖြစ်​ပါတယ်​။ ထွက်​​ပြေးခဲ့ကြသူများကို ပြန်​လည်​လက်​ခံ​ရေးအတွက်​ မြန်​မာနဲ့ ဘင်္ဂလား​ဒေရှ့်​ နိုင်​ငံတို့အကြား နားလည်​မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်​ နိုဝင်​ဘာလ ၂၃ ရက်​​နေ့မှာ ချုပ်​ဆိုခဲ့​သော်​လည်း လက်​​တွေ့မှာ​တော့ ဒုက္ခသည်​များကို ပြန်​လည်​လက်​ခံ​ရေး​လုပ်​ငန်းစဉ်​များကို ယခုထိ အ​ကောင်​အထည်​​ဖော်​နိုင်​ခြင်း မရှိခဲ့ပါ။

ရိုဟင်​ဂျာအ​ရေးကို ​လေ့လာခဲ့သူများရဲ့ အဆိုအရ ယခုအချိန်​တွင်​ ၉၀ ရာခိုင်​နှုန်း​သော ရိုဟင်​ဂျာ​တွေဟာ မိမိတို့ရဲ့ အိုးအိမ်​များကို စွန့်​ခွာကာ တိုင်းတစ်​ပါးသို့ ဒုက္ခသည်​အဖြစ်​ ​ရောက်​ရှိသွားခဲ့ရ​ပြီး ပြည်​တွင်းမှာ ရိုဟင်​ဂျာဦး​ရေ ငါးသိန်းထက်​ ပိုမရှိနိုင်​​ကြောင်း ​ပြောပါတယ်​။

၁၇၈၄ ခုနှစ်​နဲ့ ၁၉၄၂ ခုနှစ်​များတွင်​ အစုလိုက်​အပြုံလိုက်​ ထွက်​​ပြေးသွားခဲ့တဲ့ ဒုက္ခသည်​​တွေဟာ မြန်​မာနိုင်​ငံသို့ မည်​သည့်​အခါမှ ပြန်​လည်​ဝင်​​ရောက်​လာခဲ့ခြင်း မ​ရှိတဲ့အပြင်​ ၁၉၇၈ ခုနှစ်​နဲ့ ၁၉၉၁-၉၂ ခုနှစ်​များက အစုလိုက်​အပြုံလိုက်​ ထွက်​​ပြေးသွားခဲ့တဲ့ ဒုက္ခသည်​​တွေကိုလည်း အပြည့်​အဝ ပြန်​လည်​လက်​ခံခဲ့ခြင်း မရှိ​ချေ။ ဒီအအချက်​အလက်​များကို ​ကြည့်​ခြင်းအားဖြင့်​ “တရားမဝင်​ခိုးဝင်​​နေထိုင်​သူများ” ဆိုတာ ဘယ်​သူ​လဲ ဆိုပြီး ​မေးခွန်းထုတ်​လိုပါတယ်​။

မကြား​သေးခင်​က အစုလိုက်​အပြုံလိုက်​ ထွက်​​ပြေးသွားခဲ့ရတဲ့ ဒုက္ခသည်​​များကို မိမိဌာ​နေရင်းသို့ ပြန်​ပို့ရန်​ စီစဉ်​​နေ​ပါတယ်​။ တကယ်​လို့သာ ဒီရိုဟင်​ဂျာ ဒုက္ခသည်​​မျာယရဲ့ လူသားဖြစ်​တည်​မှုနဲ့ သူတို့ရဲ့ လုံးဝဥဿုံးဆုံးရှုံးခံခဲ့ရတဲ့ လူသားအခွင့်​အ​ရေးများအတွက်​ အာမခံချက်​မရမချင်း ဒုက္ခသည်​​တွေကို အလျင်​စလို ပြန်​လည်ပို့​ပေးခဲ့မယ်​ဆိုရင်​ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံအ​နေနဲ့ “မကြာခင်​ပြန်​​တွေ့ပါအံ့” ဆိုပြီး နှုတ်ဆက်ဖို့ပဲ ရှိပါတယ်​။

ဒါ​ကြောင့်​ … ရိုဟင်​ဂျာများရဲ့ “အစုလိုက်​အပြုံလိုက်​ ထွက်​​ပြေးရခြင်း သံသရာ” ကို ဒီအကြိမ်​မှာ မဖြစ်​ဖြစ်​​အောင်​ အဆုံးသတ်​ရမည်​ဖြစ်​​ကြောင်း ​ဆွေး​နွေးတင်​ပြလိုက်​ရပါတယ်​။

Qutub Shah ရဲ့ “ROHINGYA: CIRCLE OF EXODUS” ဆောင်းပါးကို မြန်​မာလို ဆီ​လျော်​​အောင်​ ယျာတင်​ (ရိုဟင်းသား) က ဘာသာပြန်​ခြင်း ဖြစ်​ပါတယ်​။

More from အယ်ဒီတာ့အာဘော်More posts in အယ်ဒီတာ့အာဘော် »
Mission News Theme by Compete Themes.