Press "Enter" to skip to content

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေး

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဆယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မေလ ၄ ရက်နေ့က ထွက်ပြေးခိုလှုံခဲ့တယ်လို့ The Business Standard သတင်းက ရေးသားပါတယ်။

ဒီနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဆယ်ဟာ နေရာသုံးနေရာကနေ နတ်မြစ်ကိုဖြတ်ကျော်ပြီး ကော့ဘဇားခရိုင်၊ တက္ကနာမြို့ဘက်ကို မေလ ၄ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်လာတာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mainul Kabir က ဒီသတင်းကို အတည်ပြုခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဒီ BGP အဖွဲ့ဝင်တွေဟာ ဒီနေ့ မနက်ပိုင်းမှာ နတ်မြစ်ကို ဖြတ်ပြီး လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ ထွက်ပြေးလာခဲ့ကြပါတယ်။ အရေအတွက်က ၅၀ အောက် ဖြစ်နိုင်တယ်”လို့ Mainul Kabir ပြောဆိုတယ်လို့ ဆိုပါတယ်။

ကော့ဘဇား ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေကလည်း မေလ ၄ ရက်နေ့မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ထွက်ပြေးလာတာ သိရကြောင်း အတည်ပြုပြောဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ထွက်ပြေးကြတာလို့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“ကျီးကန်ပြင်ကျေးရွာအခြေစိုက် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး(ဌာနချုပ်)ကို AA က ထိုးစစ်မှုကြောင့် ဌာနချုပ်ကို စွန့်ခွာပြီး ပြင်ဖြူ၊ကညင်ချောင်းစခန်းတွေဘက်ကို ထွက်ပြေးတာတွေရှိသလို လှဖိုးခေါင်အနီးရှိ နယ်ခြားစောင့် ရဲတပ်ရင်းစခန်းမှ နယ်ခြားစောင့်ရဲတွေကလည်း တိုက်ခိုက်မှုမရှိဘဲ စခန်းကိုစွန့်ခွာပြီး ထွက်ပြေးမှု ရှိပါတယ်”

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးနဲ့ လေးမိုင် အမှတ်(၂) နယ်ခြားစောင့်တပ်ရင်း နှစ်ခုကို ရက္ခိုင့်တပ်တော် AA က မေလ ၂ ရက်နေ့က သိမ်းပိုက်လိုက်တယ်လို့ AAနဲ့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နိုင်ငံအတွင်းခိုလှုံနေတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၆၁၈ ဦးကို မြန်မာနိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

Rohingya Vision News

More from မြန်မာMore posts in မြန်မာ »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.