Press "Enter" to skip to content

Posts published in “ျမန္မာ”

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေး

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဆယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မေလ ၄ ရက်နေ့က ထွက်ပြေးခိုလှုံခဲ့တယ်လို့ The Business Standard သတင်းက ရေးသားပါတယ်။ ဒီနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဆယ်ဟာ နေရာသုံးနေရာကနေ နတ်မြစ်ကိုဖြတ်ကျော်ပြီး ကော့ဘဇားခရိုင်၊ တက္ကနာမြို့ဘက်ကို မေလ ၄ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့…

စစ်တွေတွင် AA အလိုမရှိကြောင်း ဆန္ဒမပြပါက ရိုဟင်ဂျာများ၏ အိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီခြိမ်းခြောက်အကြပ်ကိုင်ခဲ့ဟု ရိုဟင်ဂျာ ဒုက္ခသည်အချို့ပြော

ရခိုင်ပြည်နယ်တွင်AA အလိုမရှိကြောင်း ဆန္ဒပြရန် နှင့် ဆန္ဒမပြပါက နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဟုစစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရ နှင့် စစ်တပ်အရာရှိများက ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ရိုဟင်ဂျာများနှင့် နီးစပ်သူများကထုတ်ဖော်ပြောသည်။ “AAကိုဆန့်ကျင်‌ကြောင်း ဆန္ဒပြဖို့ ဒေသခံတွေရော၊ ဒုက္ခသည်စခန်းကပါ လူ၁၀၀၀ တောင်းတယ်။ မဖြစ်မနေလုပ်ဖို့နဲ့ အကောင်အထည်မဖော်ရင် အိမ်တွေကိုမီးရှို့မယ်လို့ပြောတယ်။ ဒါကြောင့် လုပ်ခဲ့ကြတယ်”…

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အတင်းအကျပ် စစ်မှုထမ်းစေခိုင်းနေတဲ့အပေါ် HRW အစီရင်ခံစာထုတ်ပြန်

မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာ အမျိုးသားနဲ့ လူငယ် ၁,၀၀၀ လောက်ကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) က ဧပြီလ (၉) ရက်နေ့က ထုတ်ပြန်တဲ့…

၁၉၈၂ မြန်မာနိူင်ငံသားဥပဒေကို NUCC က ပယ်ဖျက်လိုက်တဲ့အတွက် မလေးရှားအကြံပေးအဖွဲ့က ချီးကျူး

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာအတွက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့က ကြိုဆိုကြောင်း ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီဥပဒထေဲမှာ ရိုဟငဂြွာတှအတှေကြ နိုငငြံသားဖှဈခှင့ြ ကန့သြတထြားတာ ပါဝငနြပှေီး အခုလို ခှဲခှားမှုပါဝငနြတေဲ့ ဥပဒမွေိုးကို ဖကွသြိမြးဖို့ ဆုံးဖှတတြာဟာ…

ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ မြန်မာစစ်တပ် ဖြန့်ဝေခဲ့ကြောင်း IIMM ထုတ်ပြန်

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေတဲ့ လုပ်ငန်းတွေကို အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က မတ်လ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်လိုက်ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း ဖေ့ဘွတ်စ်စာမျက်နှာပေါင်း…

မောင်တောမှာ ရိုဟင်ဂျာလူငယ်တွေ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ်လ ၁၈ ရက်မနေ့ကပြီး ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။ မတ်လ ၁၉ ရက် ဒီနေ့မနက်အစော တစ်နာရီခွဲခန့်ကလည်း မြို့မကညင်တန်း‌၊ မောင်နီရွာ၊ လက်သာရွာနဲ့ ရပ်ကွက် (၂) စတဲ့ရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့…

မောင်တောမြို့နယ်တွင် အပြစ်မဲ့ဒေသခံရိုဟင်ဂျာတစ်ဦးအား ဗမာစစ်တပ်မှပစ်သတ်

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျွန်းပေါက်ဖြူစုကျေးရွာတွင် ရိုဟင်ဂျာလူငယ်တစ်ဦးအား ဗမာစစ်တပ်ကပစ်သတ်ခဲ့ကြောင်းသိရပါတယ်။ ၂၀၁၉ခုနစ်၊ ဒီဇင်ဘာလ ၂၁ ညနေပိုင်းအချိန် ရွာအနီးတွင် သေနတ်ပစ်သံများအဆက်မပြတ်အကြိမ်များစွာကြားရပြီးနောက် စစ်အရာရှိများကရွာသားများအား သချိုင်းအဟောင်းတွင်လဲကျသေဆုံးနေသော ဒေသခံရိုဟင်ဂျာရွာသားတစ်ဦးရဲ့အလောင်းအား လာယူရန်အကြောင်းကြားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ ထို့နောက် ဒေသခံရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များနဲ့အတူ သင်္ချိုင်းဟောင်းအနားကရိုဟင်ဂျာအလောင်းအား သွားရောက်သယ်ယူရာတွင် ၄င်းရိုဟင်ဂျာရွာသားအလောင်းရဲ့ခန္ဓာနဲ့ ဦးခေါင်းပေါ်တွင် ကျည်ဆံဖောက်ဒဏ်ရာများ တွေ့ရှိခဲ့ကြပါတယ်။ သေဆုံးသွားသောရိုဟင်ဂျာအလောင်းအား…

မပြီးဆုံးနိုင်သေးတဲ့ ရခိုင်ပြည်ကတိုက်ပွဲများကြား ဒေသခံတွေ စားရေးသောက်ရေးခက်ခဲနေ

ရခိုင်ပြည်နယ်တွင်  AAနဲ့ ဗမာစစ်တပ်တို့ရဲ့မပြီးဆုံးသေးတဲ့ တိုက်ပွဲများကြား အပြစ်မဲ့ဒေသခံတွေဟာ ဗမာစစ်တပ်ရဲ့ တပ်စွဲပြီးအသွားအလာကန့်သတ်ပိတ်ပင်မှုတွေကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့နေရပြီး စိုးရိမ်ထိန့်လန့်နေရပါတယ်။ AAနဲ့ ဗမာစစ်တပ်တို့တိုက်ပွဲဟာ တစ်နှစ်နီးပါးကြာမြင့်ပြီးဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကိုလည်း ဗမာစစ်တပ်ကပိတ်ဆို့ထားတာကြောင့် စားဝတ်နေရေးအခြေအနေလွန်စွာခက်ခဲနေကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။ ကျေးရွာများမှ ရေကြောင်းဖြစ်စေ၊ကုန်းကြောင်းဖြစ်စေ ဘယ်လိုပဲသွားသွား ဗမာစစ်တပ်ကပိတ်ထားမို့ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲရှိနေပါတယ်။ဒေသခံရွာသားတွေဟာ နဂိုကျန်တဲ့ရိက္ခာတွေနဲ့ဖြစ်သလိုစားသောက်နေခဲ့ရကာ…

ရန်ကုန်မြို့အလယ်တွင် ICJ ကိစ္စထောက်ခံကြောင်းကို လူငယ်တစ်ချို့ဆန္ဒပြ

ရခိုင်ပြည်နယ်ကတိုင်းရင်းသားရိုဟင်ဂျာတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ်   လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဂမ်ဘီရာနိုင်ငံက ICJ တရားရုံးမှာ မြန်မာနိုင်ငံအားတရားစွဲဆိုတာကို ကြိုဆိုထောက်ခံကြောင်းကိုပြခဲ့တဲ့လူငယ်တစ်ချို့က ရန်ကုန်မြို့လယ်မှာ ထုတ်ပြန်ချက်တွေဝေငှခဲ့တယ်လို့သိရပါတယ်။ ၄င်းအဖွဲ့ကတော့ I stand against Genocide in Myanmar ဆိုတဲ့လူငယ်အဖွဲ့ပဲဖြစ်ပါတယ်။ ထိုလူငယ်အဖွဲ့ဟာ လွတ်လပ်မှု၊တရားမျှတမှုနဲ့ တန်းတူညီတူရှိမှုတို့အပေါ်ရပ်တည်တာကိုပြတာဖြစ်ကြောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုကိုအားမပေးပဲ တရားမျှတမှုကိုလိုလားတဲ့ လူနည်းစုအုပ်စုတွေ မြန်မာပြည်မျာရှိသေးတယ်ဆိုတာကိုနိုင်ငံတကာကို…

ဘူးသီးတောင်မြို့နယ်ရှိ ၀ါးလုပ်ငန်းရှင်ရိုဟင်ဂျာများထံမှ အာဏာပိုင်များက ၀ါး ၃၅၀၀ ထိမတရားကောက်နေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖုံညိုလိပ်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးနဲ့တာဝန်ခံတို့ဟာ ရပ်ကွက် ၉ ရပ်ကွက်မှ ရာအိမ်မှုးတစ်ဦးစီထံ ၀ါး ၂၀၀ စီမတရားကောက်ခံနေရုံမက ၀ါးလုပ်ငန်းရှင်များထံမှလည်း ၀ါး ၁၅၀ စီထပ်မံကောက်ခံနေကြောင်းကို ဒေသခံတစ်ဦးက RVision သို့သတင်းပေးပို့ခဲ့ပါတယ်။ ထိုသို့ကောက်ခံခြင်းမှာ ၀ါး ၃၅၀၀ အထိကောက်ခံသွားမှာဖြစ်ကြောင်းသိရပါတယ်။အာဏာပိုင်များ ၀ါးမတရားကောက်ခံခြင်းခံခဲ့ရတဲ့လုပ်ငန်းရှင်တွေကတော့- ၁။မာမတ်ရှော်ဖီး (ဘ)…

Mission News Theme by Compete Themes.