Press "Enter" to skip to content

ရခိုင်တပ်တော် AA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ရွာမ(ရိုဟင်ဂျာ)ကျေးရွာနေ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ဘူးသီးတောင်မြို့နယ်၊ ရွာမ(ရိုဟင်ဂျာ)ကျေးရွာအား ကြာသပတေးနေ့ နေ့လယ် ၁၁ နာရီခွဲခန့်တွင် ရခိုင်တပ်တော် AA အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါကျေးရွာနေ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်(၃)လုံးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိနေသော ဒေါ်နိုရူဂျာဟန်၊ အသက်(၅၅)နှစ်၊ (ဘ)ဦးအာလီဂျူဟတ်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် လက်နက်ကြီးအစမှန်ဒဏ်ရာများရရှိခဲ့ကာ နေအိမ်အဆောက်အဦနှင့် တဲအချို့လည်း ပျက်စီးသွားခဲ့သည်။

ရခိုင်တပ်တော် AA အဖွဲ့က ဆင်အိုးပြင်ရွာဘက်မှ လှမ်းပစ်ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူကို တပ်မတော်ဆေးရုံသို့ သွားရောက်ပို့ဆောင်ကုသနေသည်ဟု အဆိုပါရွာသားများက အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိုဟင်ဂျာကျေးရွာများကို ရခိုင်တပ်တော် AA အဖွဲ့က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်ရှိပစ္စည်းများကို ယူဆောင်ခြင်းများအပြင် ရိုဟင်ဂျာရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.