Press "Enter" to skip to content

အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖေါ်နေသလား လျစ်လျူရှုနေသလား

ရိုဟင်ဂျာဆိုသည်မှာ  ကမ္ဘာ့ညှဉ်းပန်းနှိပ်စက်ခံနေရဆုံး လူမျိုးစုတစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ ဌာနေတိုင်ရင်းသား လူနည်းစု ဖြစ်ပါသည်။

ရိုဟင်ဂျာများသည်  ရက်စက်စွာသတ်ဖြတ်ခံရခြင်း၊ လှုပ်ရှားသွားလာခြင်း၊ လက်ထပ်ခြင်းနဲ့ဘာသာရေးကန့်သတ်ခံရခြင်း၊ နိုင်ငံသားအဖြစ်မှ ဖယ်ရှားခံရခြင်း ၊ မြေယာသိမ်းယူခံရခြင်းနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်စေခြင်း၊ မတရားငွေညှစ်ခံရခြင်းနဲ့ နှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုများ၊ ဘာသာရေးပိုင်ဆိုင်မှုများကို ဖျက်ဆီးခံရခြင်းနှင့် အဓမ္မ လုပ်အားပေခိုင်းစေခံရခြင်း အားဖြင့် စနစ်တကျ ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှု၏ ဓါးစာခံ ဖြစ်သည်ဟု လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကျွန်းကျင်သူများက အတည်ပြု ပြောဆိုခဲ့ပါသည်။

နှစ်ပေါင်း ခြောက်ဆယ်ကျော် စစ်အစိုးရအောက်တွင် ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကြုံခဲ့ရပြီး၊  ဦးသိန်းစိန်၏ ပထမဆုံးအရပ်သားတစ်ပိုင်း အစိုးရက သူတို့ကို နိုင်ငံသားပြုခွင့် စိစစ်ရေးကဒ်ပြားပေးခြင်းသည် ၎င်းလူနည်းစုအား တရားဝင် နိုင်ငံမဲ့ သက်သေခံကဒ်ပြားပေးခြင်းဖြစ်သည်။

မကြာသေးမီက ရွေးကောက်ပွဲတွင် မဲပေးခွင့်ဆုံးရှုံးခြင်းနှင့် ဝင်ရောက်ရွေးချယ်ခံခွင့် မပေးခြင်း၊ အထွေထွေသန်းခေါင်စာရင်းမှ ဖယ်ထုတ်ပြီး ၂၀၁၂ ခုနှစ် အစုလိုက်အပုံလိုက်သတ်ဖြတ်မှုမှာ အဓမ္မ ထွက်ပြေးစေခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်စေပြီး ဒုက္ခသည်စခန်းများတွင် နေရာပေးခြင်းများပြုလုပ်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အာဏာသို့မရောက်မီ  သူမသည် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့သောအရာများအတွက် တရားဥပဒေ စိုးမိုးရေးကင်းမဲ့မှုကို အပြစ်တင်ရှုတ်ချပြောဆိုခဲ့ပါသည်။ ထို့ပြင် တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရန် အခွင့်အာဏာမရှိကြောင်းလည်း ပြောဆိုခဲ့ဖူးပါသည်။ယခုသူ့ရှေ့မှောက်တွင် ယခုလို ရိုဟင်ဂျာတွေအပေါ် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်လုပ်ရပ်များအပေါ် သူ့အနေဖြင့် မည်သည့်အရာမှ မပြောဘဲ လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်ဖြစ်နေစေပါသည်။

သူမယခု တရားဥပဒေစိုးမိုးရေး ဆိုသော ကတိကို စောင့်နေကြသလား။ သို့မဟုတ် နိုင်ငံရေးသမား တစ်ယောက်အနေဖြင့် လူ့အခွင့်အရေးအပေါ် အာရုံစိုက်အလေးထားခြင်းသည် သူနှင့် သက်ဆိုင်မှု မရှိပါသလား။

ရိုဟင်ဂျာတို့၏ အခြေအနေသည်  ပိုပြီး ဆိုးရွားလာနေသည်ကို တွေ့ရပါသည်။အထူးသဖြင့် NLD အစိုးရ၏ အပြစ်ကင်းလွှတ်ခွင့်အောက်တွင် သက်ဆိုင်ရာ အစိုးရအရာရှိများ၏  ရက်စက်ယုတ်မာမှုများ ၊ နှိပ်စက်မှုများ တိုးမြှင့်နေသည်ကို တွေ့ရပါသည်။ ထို့ပြင် အစိုးရ၏ မည်သည့်အရေးယူမှုများလည်း မရှိခဲ့ပေ။ ဥပမာအားဖြင့်ဆိုသော်   (မဘသ)ဟုခေါ်သော တရားဝင်အစွန်းရောက်သမားများက  ဧပြီလ ၂၅ရက်နေ့နှင့်၂၇ရက်နေ့မှာ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်မှာရှိသော ခရစ်ယန် ဘုရားရှိခိုးကျောင်းနှင့်  မူဆလင် ဗလီ အနားမှာစေတီတည်ပြီး နောက်ထပ် ဘုန်းကြီးကျောင်းတစ်ဆောင်ကို ယခင် စေတီတည်ခဲ့သောခရစ်ယန် ဘုရားရှိခိုးကျောင်းအနီးတွင် တည်ဆောက်ရန်  ညွှန်ကြားနေသည်ကို  တွေ့ရပါသည်။ နောက်တစ်ခု ရန်ကုန်မြို့မှာ မူဆလင် ဈေးသည် တစ်ဦးကို ဘုန်းကြီးများက ရက်စက်စွာရိုက်နက်ပြီး ပစ္စည်းများလုယူခဲ့ကြသော အကြောင်းကိုလည်း အစိုးရအနေဖြင့် ကျောခိုင်းနေသည်ကိုတွေ့နေရပါသည်။

ယခုအချိန်ထိ ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၊ စစ်သားများနှင့်  ရဲများက ရိုဟင်ဂျာများအပေါ် ရက်စက်ခြင်းကို  သူတို့၏ နေ့စဉ်တာဝန် အဖြစ် ဆောင်ရွက်နေပါသည်။

မကြာသေးမီက ကျေက်တော်မြို့တွင် ရိုဟင်ဂျာအမျိုးသမီးတစ်ယောက်ကို စစ်သားမော်တော်ဆိုင်ကယ်တစ်စီးက တိုက်မိခဲ့ပြီး  မောင်တောမြို့တွင် တံငါသည်နှစ်ဦးကိုသေနတ်ဖြင့်အသေသတ်ခဲ့ပါသည်။

အလားတူ ဘူသီးတောင်မြို့တွင် ရခိုင့်တပ်မတော် AA ဟုခေါ်သော ရခိုင့်လက်နက်ကိုင်အဖွဲ့များက အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေစဉ်  သူတို၏ ရှေ့တန်း Porters အဖြစ် ရိုဟင်ဂျာများကို အတင်း အဓမ္မ လုပ်အားပေးဖို့ခေါ်ဆောင်သွားသည့်အပြင်၊  စစ်တွေမြို့တွင်လည်း ရဲတပ်ဖွဲ့များက သေနတ်ဖြင့်အသေသတ်ပြီး  နောက်တစ်ဦးကို  လုံခြုံရေးတပ်ဖွဲ့များက လူမဆန်စွာရိုက်နှက်ခဲ့ပါသည်။

ရိုဟင်ဂျာများအပေါ် ပြည်နယ်အစိုးရ၏  လှုပ်ရှားသွားလာမှု ကန့်သတ်မှုကြောင့် ဧပြီလ ၁၉ ရက်နေ့က စစ်တွေမြို့မှာ စက်လှေနစ်မြုပ်ပြီးလူသေဆုံးခဲ့ရာတွင် အမျိုးသမီးနှင့်ကလေး အပါအဝင် ရိုဟင်ဂျာ ၂၁ ဦးသေဆုံးခဲ့ရပါသည်။ ပြီးနောက် စစ်တွေမြို့ရှိ ဘော်ဒူဖ ဒုက္ခသည်စခန်းမှာ မကြာသေးမီက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပြည်တွင်း ဒုက္ခသည် မိသားစု ၄၄၀ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပါသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့များနှင့် စစ်သားများ  သာမက ရခိုင်အစွန်းရောက်များကလည်း မကြာသေးမီက ကျောက်တော်နှင့် မြောက်ဦးမြို့မှာ အပြစ်မဲ့ ရိုဟင်ဂျာနှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါသည်။

ယခုလိုပြောဆိုခဲ့သော အကြမ်းဖက်မှုများနှင့် ရက်စက်မှုများအတွက် တရားဥပဒေစိုးမိုးရေးကို အားပေးထောက်ခံသူများက  မည်သည့်အရေးယူဆောင်ရွက်ခြင်းမရှိပါ။

အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုသည် သူ၏ တရားဥပဒေစိုးမိုးရေးကို သက်သေပြပြီး သူမ၏တရားမျှတမှုသည် မှေးမိန်ပြီး ရက်ပေါင်း ၁၀၀ စီမံချက်ထဲမှာ အသိုင်းအဝိုင်းတစ်ခုလုံးက ဆယ်စုနှစ်များစွာခံစားနေရသော ရိုဟင်ဂျာအရေးကို လုံးဝလျစ်လျူရှုထားခြင်းသည် သူမ၏တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နေသလား လျစ်လျူရှုနေသလား ဟူသောအချက်ကို သက်သေပြနေပါသည်။

ထို့ပြင် မ.ဘ.သ အဖွဲ့က အမေရိကန်သံရုံးရှေ့တွင် ရိုဟင်ဂျာအမည် မသုံးစွဲရန် ဆန္ဒပြခဲ့သောကြောင့် အမေရိကန်သံရုံးက ရိုဟင်ဂျာအမည် သုံးနှုန်းနေသည်ကို ပြောင်းလဲပေးရန် သူမ၏ဝန်ကြီးဌာနမှ အမေရိကန်သံရုံးကို တောင်းဆိုခဲ့ပါသည်။

သူမ၏ ပထမဆုံးအလှည့်ကာလအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစသော အရာများကို ဦးစားပေးရန်ရှိသည်ဟု  အကြောင်းပြပြီး ရိုဟင်ဂျာအရေးကို ဆက်လက် လျစ်လျူရှုနေခြင်းဖြစ်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးသည် ဦးစားပေးဖွယ်ကိစ္စရပ်တစ်ခုအနေဖြင့် ရိုဟင်ဂျာများကို လာမည့်ပင်လုံညီလာခံမှာ ဖိတ်ခေါ်ဖို့ ရှိမရှိ အခုထိ မေးခွန်းတစ်ခု ဖြစ်နေပါသည်။ ရိုဟင်ဂျာပြသ၁နာကို နောက်ထပ် ဆယ်စုနှစ် ၁ခုထက်ပိုပြီး လျစ်လျူရှုထားမည်ဆိုလျှင် ဤလူနည်းစုသည် ပျောက်ကွယ်ဖို့ အလားအလာ ရှိပါသည်။

ဒီမိုကရေစီအစိုးရဟုခေါ်သော   NLD အစိုးရသည် တရားဥပဒေစိုးမိုးရေးဆီသို့  တကယ် ဦးတည်ပြောင်းလဲ သွားမလား။

တရားဥပဒေစိုးမိုးရေးဆိုသည်မှာ မတရားကျူးလွန်သူများကို အပြစ်ကင်းလွှတ်ပြီး မတရားဖိနှိပ်မှုခံနေရသူများကို ပိုပြီးခံစေသော  သဘောလား။

More from စာရွက်စာတမ်းMore posts in စာရွက်စာတမ်း »
Mission News Theme by Compete Themes.