Press "Enter" to skip to content

သတင်းထူး – ထင်ရှားတဲ့ရိုဟင်ဂျာ ဒုက္ခသည်ခေါင်းဆောင် မစ္စတာ မူဟိဗ္ဗူလ္လာ ပစ်သတ်ခံရ

စက်တင်ဘာ ၃၀၊ ၂၀၂၁

ဇာတိမြေအာရ်ကာန်ဒေသသို့ပြန်ပို့ရေး အကူအညီတောင်းခံရန်အမေရိကန်သို့သွားသော အထင်ကရ ရိုဟင်ဂျာ ဒုက္ခသည်ခေါင်းဆောင်သည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် မနေ့က အမည်မသိသေနတ်သမားများရဲ့ ရုတ် တရက်ပစ်သတ်ခြင်းခံရကြောင်း သိရပါတယ်။

အာရ်ကာန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအသင်း(ARSPH) ရဲ့ သဘာပတိဖြစ်ခဲ့သော အထင်ရှားဆုံး ခေါင်းဆောင် မစ္စတာ မူဟိဗ္ဗူလ္လာ ဟာ မသေဆုံးမီအထိ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းထဲရှိ ARHPH ရုံးခန်းမှာ ကိုယ့်လူ မျိုးဖြစ်သော ရိုဟင်ဂျာဒုက္ခသည်များအတွက်  အလုပ်လုပ်ခဲ့သူ တစ်ဉီးဖြစ်ကြောင်း။

မနေ့ ဒါကာစံတော်ချိန် ည ၀၈ : ၃၀ နာရီ တွင် သေနတ်သမားများသည် (ARSPH) ရုံးခန်းထဲသို့ တိတ်တဆိတ် ၀င် ရောက်လာကာ ၎င်းရဲ့ရင်ဘတ်ထဲသို့ သနတ် သုံးကြိမ်ပစ်ခဲ့ပြီး ချက်ချင်းထွက်ပြေးခဲ့ကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေတစ် ဦး ကပြောပါတယ်။

အကြမ်းဖက်ပစ်ခတ်သံများကြားရပြီး ARSPH ရုံးအနီးအနားမှာ နေထိုင်သောဒုက္ခသည်များဟာ ရုံးခန်းထဲသို့ အပြေး အလွှားသွားရောက်တာနဲ့ ခေါင်းဆောင်ကို မြေပြင်ပေါ်တွင်ကျည်ဆံဒဏ်ရာများနှင့်တွေ့ခဲ့လို့ ၎င်းကို BRAC ဆေးရုံသို့ ပို့ပေးသော်လည်း ၎င်းဆေးရုံက MSF ဆေးရုံကို လွှပြောင်းခဲ့ကြောင်း၊ MSF ဆေးရုံကို ရောက်သည် နှင့်တစ်ပြိုင် နက် မနေ့ည ၁၀ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း အဆိုပါမျက်မြင်သက်သေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ပြန်ပေးဆွဲမှုနှင့် ပစ်သတ်မှုများ မကြာခဏ ဖြစ်ပွားနေရင်လည်း ဘင်္ဂလားဒေ့ရှ် အာ ဏာပိုင်များသည် လူသတ်သမားများကိုထိထိရောက်ရောက် အရေးယူခြင်းမရှိသေးကြောင်း ဒုက္ခသည်များက ပြော ပါတယ်။

Reported By: Rvision Correspondent

အယ်ဒီတာမူဟာမတ်ရှူးအိုက်(ဗ်)

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.