Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နောက်ထပ် သောင်းနဲ့ချီတဲ့ တဲအိမ်နဲ့ ဆိုင်တွေကို အာဏာပိုင်တွေက ဖြိုဖျက်ခဲ့

မတ်လ ၂၄ ၊ ၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ တဲအချို့ကို အာဏာပိုင်တွေက မနေ့က ဖျက်ဆီးချေမှုန်းခဲ့ကြောင်းသိရပါတယ်။    

ကော့ဘဇားခရိုင် ၊ အိုကီယာမြို့နယ်၊ကူးတူးပါလောင် ဒုက္ခသည်စခန်းအနီး လာမ်ဘာ ရှီယာ ရိုဟင်ဂျာဒုက္ခသည် စခန်းရဲ့ အမှတ်(1-E)မှာ မနေ့ မတ်လ ၂၃ ရက် နေ့၊ မနက်ပိုင်း ၁၀ နာရီအချိန်လောက်မှာ  Camp- In – Change (CIC) ရုံးတာဝန်ခံ ဦးမောစ်တောဘိစ်ရဲ့ အမိန့်အရ The Association for Realisation of Basic Needs- APBN ခေါ် အခြေခံလိုအပ်ချက်များအကောင်အထည်‌ဖော်ရေးအသင်းမှ တပ်ဖွဲ့ဝင်တွေ လာရောက်ပြီး ဒုက္ခသည်တွေနေ ထိုင်နေတဲ့ တဲအိမ်တွေကို ပျက်စီးခဲ့တာဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြော ပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေက ဝါးနဲ့သံဖြူချပ်တွေဖြင့်ဆောက်ထားတဲ့ ဆိုင်တွေကို လည်းတပြိုင်တည်း ဖျက်ဆီး လိုက်ကြောင်း၊ APBN တပ်ဖွဲ့ဝင်တွေက သောင်းနဲ့ချီတဲ့ တဲအိမ်နဲ့ဆိုင်တွေ ဖျက်ဆီးလိုက် တာကြောင့် ဒုက္ခသည် တွေအတွက် ထိခိုက်နစ်နာမှု ပိုများတယ်လို့ အနာစ်နာခံ ဒုက္ခသည်တချို့က ပြောပါတယ်။

ဖျက်ဆီးလိုက်တဲ့ တဲအိမ်တွေထဲမှာ မိသားစုဝင်တိုးပွားလာတဲ့အတွက် တိုးချဲ့ဆောက်ရတဲ့ တဲတွေနဲ့ သံဖြူချပ်ဖြင့် ကာထားတဲ့ တဲတွေလည်းပါဝင်ကြောင်း ပြောဆိုပါတယ်။

အခုလို ဒုက္ခသည်တွေရဲ့ တဲနဲ့ဆိုင်တွေ မကြာခဏ ဖျက်ဆီးခံရလို့ ဒုက္ခသည်တွေအတွက် စိတ်ပျက်စရာကောင်းပြီး ဒုက္ခသည်တွေရဲ့အခွင့်အရေးတွေကိုလည်း ချိုးပေါက်နေ ကြောင်း ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေရဲ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့   ရိုဟင်ဂျာ ဒုက္ခသည်တွေက  ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်း တောင်းဆိုပါတယ်။

Reported By: Soe Naing

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.