Press "Enter" to skip to content

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း အီရန်သမ္မတပြောကြား

ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာဘက်က မြန်မာကို ပိုမိုဖိအားပေးတောင်းဆိုဖို့ အီရန်နိုင်ငံ အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အီရန်နိုင်ငံသမ္မတ ဟစန်းရိုဟာနီက ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာအရေးကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းဝိုင်းက မြန်မာနိုင်ငံကို ဖိအားပေးမှုတွေပြုလုပ်ဖို့ ကျွန်တော်တို့ အနေနဲ့ အတူတကွ ဆောင်ရွက်သွားပါမယ်လို့ ဝန်ကြီးချုပ် ရှဲခ်ဟာဆီနာနဲ့ NAMညီလာခံကျင်းပနေတဲ့ Bakuညီလာခံစင်တာမှာ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး နေစဉ်အတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

https://rohingyavision.com/burmese/%e1%80%9b%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82%e1%80%ba%e1%80%ac%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8-%e1%80%a1%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%86%e1%80%b6%e1%80%af%e1%80%b8/

အီရန်ခေါင်းဆောင်က ရိုဟင်ဂျာအရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရှားဟီဒုလ်ဟောခ်က ပြီးခဲ့တဲ့သောကြာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ UNBသတင်းဌာနက ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးထားတဲ့အတွက် ဝန်ကြီးချုပ် ရှဲခ်ဟာဆီနာကို ကျေးဇူးတင်ကြောင်းပြောဆိုပြီး ဘင်္ဂလားဒေ့ရှ်နဲ့အီရန် နှစ်နိုင်ငံကြားမှာ ဖော်ရွေပျူငှာခြင်း၊ ယဉ်ကျေးမှုဆိုင်ရာနဲ့ သမိုင်းဝင် ဆက်ဆံရေးတွေရှိကြောင်း ပြောဆိုလိုက်ပါတယ်။

https://rohingyavision.com/burmese/%e1%80%9b%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82%e1%80%ba%e1%80%ac%e1%80%b1%e1%80%90%e1%80%bc-%e1%80%b1%e1%80%98%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%b6%e1%80%af/

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှဲခ်ဟာဆီနာကလည်း ရိုဟင်ဂျာအရေးအတွက် အီရန်နိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထောက်ခံအားပေးနေတာကြောင့် အီရန်သမ္မတကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူမက အီစ္စလာမ်မစ်အဖွဲ့စည်းတွေရဲ့ စုပေါင်းကြိုးပမ်းမှုကို အလေးထားကြောင်း ပြောပါတယ်။

အီစ္စလာမ်မစ် အဖွဲ့စည်းတွေအနေနဲ့ ကိုယ့်ရဲ့ အတွင်းရေးပြဿနာကို အတွင်းပိုင်းမှာပဲ ဖြေရှင်းရမှာဖြစ်တယ်။ တကယ်လို့ သူတို့တွေ ဒီလိုစုပေါင်းလုပ်ဆောင်နိုင်ရင် အစ္စလာမ်မစ်အဖွဲ့စည်းအနေနဲ့ ကမ္ဘာမှာ သြဇာအာဏာ အရှိဆုံးအဖြစ် ပေါ်ပေါက်လာနိုင်ကြောင်း သူမကပြောပါတယ်။ ခေါင်းဆောင်နှစ်ဦးစလုံးကတော့ အကြမ်းဖက်သမားတွေကို အတူတကွဆန့်ကျင်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။

Source: dhakatribune

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.