Press "Enter" to skip to content

ဂျပန်ဝန်ကြီးချုပ် Shinzo Abeနှင့် မြန်မာ့စစ်ခေါင်းတို့နှစ်ဦး တွေ့ဆုံ

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေမှာ မြန်မာ့တပ်မတော်က တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပြောကြားချက်တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းပြောဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်မှာကို ဂျပန်ကမျှော်လင့်နေကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကတော့ လူ့အခွင့်ရေးချိုးဖေါက်မှု စွပ်စွဲချက်ကိုတုန့်ပြန်ရာမှာ မြန်မာစစ်တပ်က ကြိုးပမ်းဆောင်ရွက်မယ်ဆိုရင် အခြေအနေတွေ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ မြန်မာ့စစ်ခေါင်းဆောင်ကတော့ စစ်တပ်အနေနဲ့ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဒုက္ခသည်တွေ အမြန် ပြန်လာနိုင်ရေးအတွက် လုပ်ကိုင် ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ဝန်ကြီးချုပ် Shinzo Abeက မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် မြန်မာအစိုးရကရော၊ စစ်တပ်ကပါ ဒီကိစ္စတွေကို အမြန်ကိုင်တွယ် ဆောင်ရွက်သင့်ကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ပါတယ်။ တပ်ချုပ်ဘက်ကလည်း သင့်တော်တဲ့ ဆောင်ရွက်မှုလုပ်သွားဖို့ သဘောတူခဲ့ပါတယ်။

၂၀၁၇ခုနှစ်မြန်မာစစ်တပ်က လူမျိုးတုန်းသုတ်သင်မှုတွေပြုလုပ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၇သိန်းခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံပေးဖို့ သဘောတူခဲ့ပေမယ့် ရိုဟင်ဂျာလူမျိုးကို နိုင်ငံသားအဖြစ်သတ်မှတ်ဖို့ သဘောမတူခဲ့တာကြောင့် ဒုက္ခသည်တွေက နေရပ်ပြန်လာဖို့ ငြင်းဆိုထားတာပဲ ဖြစ်ပါတယ်။

Source: NHK, VOA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.