Press "Enter" to skip to content

ဒီဇင်ဘာလတွင် ဒုက္ခသည်များကိုအလုပ်လုပ်ခွင့်ပြုဖို့ မလေးရှားအစိုးရဆုံးဖြတ်ချက်ချမယ်

မလေးရှားနိုင်ငံမှာ လာမဲ့ဒီဇင်ဘာလတွင် ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြု၊မပြုကို မလေးရှားနိုင်ငံအစိုးရမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့မျှော်လင့်ကြောင်း ပြည်သူ့ကောင်စီက ပြောကြားခဲ့ပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး  M. Kulasegaran ကစည်းမျည်းစည်းကမ်းတွေကို လျှော့ပေးမှာဖြစ်ပေမယ့် မူဝါဒပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး တိကျတဲ့အသေးစိတ်အချက်အလက်တော့မရှိသေးကြောင်း၊ဒီကိစ္စနဲ့ပတ်သတ်လို့ ကော်မတီဖွဲ့ဆွေးနွေးကာ မလေးရှားနိုင်ငံသားအားလုံးကိုကြေညာပြီးနောက် ဒီဇင်ဘာလ ၁၀ရက်နဲ့ ၁၅ ရက်ကြားမှာဆုံးဖြတ်ချက်တခုချနိုင်မယ်လို့ ယုံကြည်ကြောင်း ၄င်းကပြောပါတယ်။

၂၀၂၀မှာ ၄င်းရဲ့ဝန်ကြီးဌာနအတွက် ထောက်ပံ့ရေးဥပဒေကြမ်းကို ကော်မတီအဆင့်မှာတင်ပြောကြားခဲ့ပါတယ်။

စီးပွားရေးခေါင်းဆောင်တစ်ဦးဖြစ်သူ Ahmad Tarmizi Sulaiman ကဒုက္ခသည်တွေဟာ စိုက်ပျိုးရေးကဏ္ဍတွေမှာများစွာအလုပ်လုပ်ကိုင်နေတာမို့ ဒုက္ခသည်တွေကိုနိုင်ငံအတွင်း ဘယ်အလုပ်ကိုမဆိုလုပ်ခွင့်ပြုဖို့ ရည်ရွယ်ထားခြင်းရှိ မရှိကို အစိုးရအားမေးမြန်းခဲ့ကြောင်းသိရပါတယ်။

မလေးရှားနိုင်ငံရေးသမားလည်းဖြစ်၊ ရှေ့နေလည်းဖြစ်ပြီး လက်ရှိလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ M. Kulasegaran ကတော့ ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးသင့်ကြောင်းကို ၄င်းမှာအတိုက်အခံတွေရှိကတည်းကပဲ ထောက်ခံအားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံမှာပဲ အခြေချနေထိုင်နေတာကို အစိုးရနဲ့အာဏာပိုင်တွေသိပြီးသားမို့  လိုအပ်နေတဲ့အလုပ်သမားအတွက် ပြည်ပနိုင်ငံတွေကို သွားစရာမလိုကြောင်း၊ ၄င်းတို့အနေနဲ့ဝန်ကြီးအသီးသီးနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီး မကြာခင်ဆုံးဖြတ်ချက်ချတော့မယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေဟာ သူတို့ကိုသူတို့ တရားဝင်နေထိုင်ဖို့ UNHCR မှာမှတ်ပုံတင်တဲ့အခါ ရုံးမှဒုက္ခသည်တွေကို ကဒ်ပြားထုတ်ပေးခဲ့ပြီးဖြစ်ပေမဲ့ အလုပ်သွားကြတဲအခါအာဏာပိုင်တွေကဖမ်းဆီးကြတာမို့ ဒုက္ခသည်တွေအတွက် ပြသနာအများကြီးဖြစ်စေပါတယ်။

ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးပါက အလုပ်သမားဥပဒေတွေရှိကြောင်း၊ မလေးရှားနိုင်ငံသားတွေကိုကာကွယ်ဖို့အတွက် အလုပ်သမားတစ်ယောက်ရသင့်တဲ့လစာ၊အခွင့်အရေးတွေပါဝင်တဲ့ အလုပ်သမားဥပဒေရှိပေမယ့်လည်း ၄င်းဥပဒေဟာဒုက္ခသည်တွေအလုပ်လုပ်နေပေမယ့်လည်း ဒုက္ခသည်တွေကို မကာကွယ်ပေးနိုင်ကြောင်းကို M. Kulasegaran ကဖြည့်စွပ်ပြောခဲ့ပါတယ်။

မလေးရှားနိုင်ငံ UNHCR ရုံးတွင် မှတ်ပုံတင်ထားသောဒုက္ခသည်ဦးရေ ၁၇၀,၀၀၀ကျော်နဲ့ ခိုလှုံခွင့်တောင်းခံသူများလည်းရှိနေပါသေးတယ်။အများစုကတော့အရွယ်ရောက်ပြီးသူများဖြစ်ကာ အသက် ၁၈နှစ်မှ ၅၉နှစ်အတွင်းရှိအမျိုးသားများပါဝင်ပါတယ်။

မလေးရှားနိုင်ငံဟာ ၁၉၅၀ ဒုက္ခသည်ကွန်ဗင်းရှင်း (သို့) ၁၉၆၇ ပရိုတိုကောလ်ကိုလတ်မှတ်ရေးထိုးထားခြင်းမရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တရားဝင်မဟုတ်သောရွှေ့ပြောင်းအလုပ်သမားများအဖြစ်မှတ်ယူကာဖမ်းဆီးခြင်း၊ ပြည်နှင်ဒဏ်ပေးတာဖြစ်ကြောင်းသိရပါတယ်။

More from ပြည်ပMore posts in ပြည်ပ »
More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.