Press "Enter" to skip to content

မလေးရှားနိုင်ငံကွာလာလမ်ပူတွင် ကမ္ဘာ့မွတ်စ်လမ်ထိပ်သီးအစည်းအဝေးကျင်းပ

ကမ္ဘာပေါ်မှာရှိတဲ့ မွတ်စ်လင်မ်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို တွေ့ဆုံဆွေးနွေးဖို့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် မွတ်စ်လင်မ်နိုင်ငံ ၂၀ ခန့်က ခေါင်းဆောင်တွေရောက်ရှိနေကြပါတယ်။

ကွာလာလမ်ပူထိပ်သီးအစည်းအဝေးကို ကြာသပတေးနေ့တွင်စတင်မှာဖြစ်ပြီး ပါဝင်ခဲ့တဲ့နိုင်ငံများကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုများဟာ  စူးစမ်းရှာဖွေလေ့လာဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ မလေးရှားသံအမတ် Ankara က ဗုဒ္ဓဟူးနေ့ကပြောခဲ့ပါတယ်။

တူရကီနိုင်ငံရဲ့မြို့တော် Anadolu  အေဂျင်စီအားပြောကြားရာမှာတော့  မလေးရှားမှတာဝန်ခံ Arhan Syafrisyah Shah Anuar က တက်ရောက်ခဲ့တဲ့နိုင်ငံအသီးသီးမှတာဝန်ရှိသူများက ခေါင်းဆောင်များအားထည့်သွင်းစဉ်းစားရန်အတွက် သဘောတူညီချက်အများအပြားမူကြမ်းနဲ့ နားလည်မှုသဘောတူစာချုပ်မူကြမ်းများစွာကိုရေးဆွဲရန် မျှော်လင့်ကြောင်းပြောပါတယ်။

ကက်ရှ်မီးယားအရေး၊ အရှေ့အလယ်ပိုင်းပဋိပက္ခ၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက ပဋိပက္ခတွေ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်အရေး၊ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်က ၀ီဂါ မွတ်စလင်တွေရဲ့ အရေးကိစ္စတွေအပြင် ကမ္ဘာတ၀ှမ်း အစ္စလာမ်ဆန့်ကျင်မှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီကွာလာလမ်ပူထိပ်သီးအစည်အဝေးဟာ စီးပွားရေးနဲ့ကာကွယ်ရေးလိုကဏ္ဍမျိုးစုံမှာ ပူးပေါင်းဆော်ရွက်မှုတွေအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ Arhan ကပြောပါတယ်။

ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေထဲမှာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ မလေးရှားဝန်ကြီးချုပ် Mahathir Mohamad အပြင် တူရကီသမ္မတ Recep Tayyip Erdoğan ၊အီရန်သမ္မတ Hassan Rouhani နဲ့ ကာတာစော်ဘွား Tamim bin Hamad Al Thani တို့တက်ရောက်ကြပြီး  ရာနဲ့ချီသောအစိုးရအရာရှိများ၊ စီးပွားရေးသမားများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့အစ္စလာမ်နဲ့ပတ်သတ်တဲ့ကိစ္စရပ်များကို ကျွမ်းကျင်သူများက အစ္စလာမ်နဲ့ ပတ်သတ်တဲ့အရာတွေကိုဆွေးနွေးဖို့ ၄င်းထိပ်သီးအစည်းအဝေးမှာ ပါဝင်နေကြတာမို့ ဒီအစည်းအဝေးဟာ ခေါင်းဆောင်တွေအတွက်ပြုလုပ်တဲ့အစည်းအဝေးတခုမဟုတ်ပဲ အားလုံးပါဝင်တာဖြစ်ကြောင်း Arhan ကဖြည့်စွပ်ပြောကြားခဲ့ပါတယ်။

သံတမန်ရဲ့အဆိုအရ ထိပ်သီးဆွေးနွေးပွဲတွင် အဓိကအရေးကြီးတဲ့ ၇ ချက်ကိုဆွေးနွေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဆွေးနွေးမှုတွင် နိုင်ငံရေးကပါတီများရဲ့ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ စည်းစိမ်ဥစ္စာပြန်လည်ခွဲဝေမှု၊ သာယာဝပြောမှုတိုးပွားလာခြင်း၊ စားနပ်ရိက္ခာဖူလုံမှု၊ အဆင့်မြင့်နည်းပညာများထိန်းသိမ်းခြင်းနဲ့ အမျိုးသားရေးမူဝါဒများ ပါဝင်မှာဖြစ်ပါတယ်။

ကွာလာလမ်ပူထိပ်သီးအစည်းအဝေးဟာ ကမ္ဘာပေါ်မှာရှိတဲ့မွတ်စ်လင်မ်တွေရင်ဆိုင်နေရတဲ့ပြသနာများကို ဆွေးနွေးရန်ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

ယနေ့ အစ္စလာမ်တွေဟာ စိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရပါတယ်။ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် လက်ရှိပလက်ဖောင်းများရှိပေမဲ့ ၄င်းထိပ်သီးအစည်းအဝေးဟာ အခြားကြိုးပမ်းမှုတွေကို ဖြည့်ဆည်းရန် နောက်ထပ်အားထုတ်မှုဖြစ်ကြောင်း Arhan ကပြောပါတယ်။

၎င်းက ထပ်မံပြီး ကွာလာလမ်ပူထိပ်သီးအစည်းအဝေးဟာ ပဉ္စမအကြိမ်အစည်းအဝေးဖြစ်ပါတယ်။တူရကီအစိုးရဟာလွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် သဘောတူခဲ့ကြောင်း၊ တူရကီသမ္မတဟာ ကတိကဝတ်တွေအများကြီးရှိတယ်ဆိုတာကိုလည်း မလေးရှားဘက်မှနားလည်ကြောင်း၊  သမ္မတဒီလိုတက်ရောက်တာကိုပဲ အထူးကျေးဇူးတင်ရှိကြောင်း ပြောခဲ့ပါတယ်။

အစ္စလာမ်မုန်းတီးရေးကို တိုက်ဖျက်ဖို့ ပူးတွဲ တီဗွီအစီအစဉ်နဲ့ပတ်သတ်ပြီး သံတမန်က မလေးရှား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ  ပူးတွဲရုပ်မြင်သံကြားလိုင်းတခုကိုဖွင့်လှစ်ဖို့ အဖွဲ့အုပ်စုအဆင့်ဆွေးနွေးပွဲတွေလုပ်နေတယ်လို့ဆိုပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံကတော့ ဒီဆွေးနွေးပွဲကို ပယ်ချထားပါတယ်။ အလားတူ ပါကစ္စတန်နိုင်ငံကလည်း ဆွေးနွေးပွဲတက်ရောက်ဖို့ အချိန်ကပ်မှ ဖျက်လိုက်သလို၊ ဒါဟာ ဆော်ဒီနိုင်ငံရဲ့ ဖိအားကြောင့်ဖြစ်တယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြနေတာတွေ့ရပါတယ်။

More from ပြည်ပMore posts in ပြည်ပ »
More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.