Press "Enter" to skip to content

Posts tagged as “မလေးရှားနိုင်ငံ”

မလေးရှားနိုင်ငံကွာလာလမ်ပူတွင် ကမ္ဘာ့မွတ်စ်လမ်ထိပ်သီးအစည်းအဝေးကျင်းပ

ကမ္ဘာပေါ်မှာရှိတဲ့ မွတ်စ်လင်မ်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို တွေ့ဆုံဆွေးနွေးဖို့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် မွတ်စ်လင်မ်နိုင်ငံ ၂၀ ခန့်က ခေါင်းဆောင်တွေရောက်ရှိနေကြပါတယ်။ ကွာလာလမ်ပူထိပ်သီးအစည်းအဝေးကို ကြာသပတေးနေ့တွင်စတင်မှာဖြစ်ပြီး ပါဝင်ခဲ့တဲ့နိုင်ငံများကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုများဟာ  စူးစမ်းရှာဖွေလေ့လာဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ မလေးရှားသံအမတ် Ankara က ဗုဒ္ဓဟူးနေ့ကပြောခဲ့ပါတယ်။ တူရကီနိုင်ငံရဲ့မြို့တော် Anadolu  အေဂျင်စီအားပြောကြားရာမှာတော့  မလေးရှားမှတာဝန်ခံ…

ဒီဇင်ဘာလတွင် ဒုက္ခသည်များကိုအလုပ်လုပ်ခွင့်ပြုဖို့ မလေးရှားအစိုးရဆုံးဖြတ်ချက်ချမယ်

မလေးရှားနိုင်ငံမှာ လာမဲ့ဒီဇင်ဘာလတွင် ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြု၊မပြုကို မလေးရှားနိုင်ငံအစိုးရမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့မျှော်လင့်ကြောင်း ပြည်သူ့ကောင်စီက ပြောကြားခဲ့ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး  M. Kulasegaran ကစည်းမျည်းစည်းကမ်းတွေကို လျှော့ပေးမှာဖြစ်ပေမယ့် မူဝါဒပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး တိကျတဲ့အသေးစိတ်အချက်အလက်တော့မရှိသေးကြောင်း၊ဒီကိစ္စနဲ့ပတ်သတ်လို့ ကော်မတီဖွဲ့ဆွေးနွေးကာ မလေးရှားနိုင်ငံသားအားလုံးကိုကြေညာပြီးနောက် ဒီဇင်ဘာလ ၁၀ရက်နဲ့ ၁၅ ရက်ကြားမှာဆုံးဖြတ်ချက်တခုချနိုင်မယ်လို့ ယုံကြည်ကြောင်း ၄င်းကပြောပါတယ်။…

ရိုဟင်ဂျာအရေး အမြန်ဆုံး အဆုံးသတ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းကို မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ လှုံ့ဆော်တိုက်တွန်း

မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်က ရိုဟင်ဂျာ ဒုက္ခသည်အရေးကို တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းသွားဖို့ နိုင်ငံတကာအဖွဲ့အစည်းကို လှုံ့ဆော်တိုက်တွန်းလိုက်ပါတယ်။ ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) အတွက် နယူးယောက်မြို့ကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်စကားပြောဆိုမှုမှာ မြန်မာအစိုးရက ဒီအရေးကိစ္စကို ဖြေရှင်းလုပ်ဆောင်သွားဖို့ ဆန္ဒလုံးဝမရှိဘူးလို့ သူကပြောကြားလိုက်ပါတယ်။  “ဒါကြောင့်ပဲ ဒါဟာကျွန်တော်တို့အပေါ်တာဝန်ကျလာပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့လည်း ဒီအခြေအနေနဲ့ပတ်သက်ပြီး…

ဖိနှိပ်ခံ ရိုဟင်ဂျာလူနည်းစုကို ကူညီသွားမည်ဟု မလေးရှားဝန်ကြီးချုပ် မဟာသီ ကတိပြု

ဇွန်လ ၂၁ရက်မှာကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာစစ်တပ်ရဲ့ နည်းစနစ်ကျကျ နှိမ်နင်းမှုကြောင့် နိုင်ငံမဲ့ဖြစ်သွားကြတဲ့ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေမှုတွေ ရပ်တန့်ဖို့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေကို ထပ်လောင်းပြောကြားခဲ့ပြီး မလေးရှားနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ကူညီသွားမယ်လို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသမီးများ လူကုန်ကူးခံရမှု များပြားလာ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူကုန်ကူးခံရတဲ့ ဆေးနူဝါရ်ဘေဂွမ်ဟာ သူမတစ်ကြိမ်တစ်ခါမှ မဆုံဖူးတဲ့သူနဲ့ လက်ထပ်ရန်အတွက် မလေးရှားနိုင်ငံကို ရောက်ရှိဖို့ လူကုန်ကူးသူရဲ့ ဦးဆောင်မှုဖြင့် ကုန်းကြောင်းရေကြောင်းနဲ့ ၂ပတ်ကြာ သွားခဲ့ရပြီး မြစ်နဲ့တောင်တွေကို ဖြတ်ကျော်ခဲ့ရတယ်လို့ အလ်ဂျားဇီးရား သတင်းအရ သိရှိရပါတယ်။ ဒီခရီးဟာ သူမ လုံးဝမသိရှိရတဲ့ နယ်မြေတောတောင်တွေ နယ်စပ်တွေဖြစ်ပြီး သူမလက်ရှိ…

လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာ ၄၁ဦး မလေးရှားတွင် ထိန်းသိမ်းခံရ

မလေးရှားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကမ်းခြေတစ်ခုရဲ့ အနီးနားမှာ ပြောင်းရွှေ့ခိုလှုံသူ ရိုဟင်ဂျာ အများပြားကို တွေ့ရှိခဲ့ပြီးနောက် ပင်လယ်ထဲမှာ စက်လှေတွေနဲ့ ရိုဟင်ဂျာ ၂၀၀ ကျော်ကျန်ရှိနေသေးတယ်လို့ ယုံကြည်တာကြောင့် ထိုသူတို့တွေကို မလေးရှား အာဏာပိုင်တွေက လိုက်လံ ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။ မြောက်များစွာသော ရိုဟင်ဂျာတွေဟာ ရေလမ်းခရီးကနေတစ်ဆင့် စက်လှေတွေနဲ့ မလေးရှားကို…

ဘင်္ဂလားဒေ့ရှ်မှ စက်လှေဖြင့် ထွက်ခွာနေသည့် ရိုဟင်ဂျာ(၃၀)ဦးကို နယ်ခြားစောင့်တပ်က ရပ်တန့်ခဲ့

အရှေ့တောင်အာရှနိုင်ငံများသို့ လူကုန်ကူးခံရမည်ကို စိုးရိမ်နေချိန်တွင် မလေးရှားနိုင်ငံသို့ လူကုန်ကူးခံနေရသည့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း (၃၀)ဦးကို ဖေဖေါ်ဝါရီလ(၈) ရက် သောကြာနေ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ရပ်တန့် နိုင်ခဲ့ကြောင်း Channel News Asiaတွင် ဖော်ပြထားပါတယ်။ လူကုန်ကူးသူများအဖြစ် သံသယရှိသူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကော့ဇ်ဘဇားခရိုင်မှာ…

Mission News Theme by Compete Themes.