Press "Enter" to skip to content

မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှလွတ်မြောက်သူများစခန်းသို့အလည်အပတ်လာရှိခြင်း

၂၀၁၉ ခုနစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရိုဟင်ဂျာကိုယ်စားလှယ်များဟာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနဲ့အတူ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု လွတ်မြောက်သူများစခန်းတွင်တွေ့ဆုံခဲ့ကြပါတယ်။

အစည်းအဝေးကို ကူသူပလောင်ဒုက္ခသည်စခန်းတိုးချဲ့ ၄ ရဲ့ CIC ရုံးတွင်ကျင်းပခဲ့တာဖြစ်ပြီး ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါမြန်မာနိုင်ငံဘက်မှလာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာကိုကိုနိုင်ဦးဆောင်တာဖြစ်ပြီး ASEAN –ERAT အပါအဝင်စုစုပေါင်း ၁၅ ယောက်ခန့်ပါဝင်ကာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနဲ့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးအဖွဲ့မှ အမျိုးသမီးများနဲ့ ရိုဟင်ဂျာများပါအဝင် စုစုပေါင်း ၄၇ ယောက်ပါဝင်တဲ့ အစည်းအဝေးဖြစ်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Ro Sawyeddollah က Rvison သို့သတင်းပေးပို့ခဲ့ပါတယ်။

တစ်ဦးနဲ့တစ်ဦးလည်း ၃နာရီကြာစကားပြောခဲ့ကြောင်း သိရပါတယ်။ပထမဦးဆုံးအနေနဲ့ တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်ပြီး ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကိုယ်စားလှယ်အဖွဲ့အားမိတ်ဆက်ပေးခဲ့ကာ ပြီးနောက် ရိုဟင်ဂျာဘက်မှ စတင်ကာ အခုလိုအစီအစဉ်တွေပြုလုပ်ခြင်းဟာ နောက်ကျတယ်ဆိုပေမဲ့ ၄င်းတို့မြန်မာပြည်အစိုးရရဲ့ ဒီအစည်းအဝေးအပေါ်ကတိကဝတ်ထားကာ လေးလေးနက်နက်လေးစားလိုက်နာတာကို တွေ့ရတော့ ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဘက်မှ နေရပ်ပြန်ပို့ခြင်းအကြောင်းအရာနဲ့ပတ်သတ်တဲ့ အဓိပ္ပါယ်မရှိတဲ့၊ မဖြစ်နိုင်တဲ့ ပြင်ဆင်မှုအချို့ကို  Power Point နဲ့ ပြသခဲ့ပါတယ်။ ၄င်းနေရပ်ပြန်ပို့မဲ့အစီအစဉ်ဟာ ပြီးခဲ့တဲ့ ဂျူလိုင်လက ပြသခဲ့တဲ့အစီအစဉ်တွေနဲ့ တစ်ပုံစံတည်းဖြစ်နေကာ ဒုက္ခသည်ရိုဟင်ဂျာတွေအတွက် ဒုံရင်းကဒုံရင်းအတိုင်း အခြေအနေကမပြောင်းလဲပါဘူး။

ASEAN- ERAT ကတော့ ဒီကနေ့ အကြောင်းအရာ ၃ ခုကိုအခြေခံပြီးဆွေးနွေးမှာဖြစ်ကြောင်း၊ နံပတ် ၁ အနေနဲ့  နှစ်ဦးနှစ်ဖက်အပြန်အလှန်ဆွေးနွေးမှာဖြစ်ပြီး နံပတ် ၂ ကတော့ နိုင်ငံသားဖြစ်မှု နဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ နံပတ်စဉ် ၃ က ပြီးခဲ့တဲ့ဇူလိုင်လက အစည်အဝေးမှာအဆိုပြုခဲ့တဲ့ ဘေးကင်းရေးနဲ့လုံခြုံရေးစတာတွေပဲဖြစ်ပါတယ်။

မြန်မာဘက်က NVC လုပ်ငန်းစဉ်အကြောင်းထပ်မံရှင်းပြပြီး ရိုဟင်ဂျာများအား NVC လက်ခံရန်တောင်းဆိုကာ ၄င်းတို့ဘက်မှ ညင်ညင်သာသာပြန်ပို့ရေး အစီအစဉ်ကိုပြုလုပ်သွားမှာဖြစ်ကြောင်း အချိုသတ်ပြောဆိုပေမဲ့ ရိုဟင်ဂျာများဘက်မှ ပြင်းပြင်းထန်ထန်ထန်ကန့်ကွက်ကာ မြန်မာအစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုကိုအာရုံစိုက်အလေးထားပြီး နားလည်မှုစာချွန်လွှာရေးထိုခြင်းပြုလုပ်ပါက ရိုဟင်ဂျာတွေအနေနဲ့ ASEAN-ERAT ရဲ့ ရင်းနှီးမြှုပ်နှံမှုမလိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။

မြန်မာဘက်က ASEAN-ERAT က ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အကန့်အသတ်ရှိကြောင်းပြောတဲ့အခါ ရိုဟင်ဂျာဘက်မှ  လက်ခံကြောင်း ရိုဟင်ဂျာတွေအားလုံးကလည်း ၄င်းတို့ဘိုးဘွားပိုင်မြေဆီသို့ပြန်ရန်အသင့်ရှိကြောင်း သို့ပေမဲ့ အရင်အစည်းအဝေးမှာပြောခဲ့သလို မြန်မာအစိုးရက တိုင်းရင်းသားရိုဟင်ဂျာလူမျိုးတွေကို မြန်မာနိုင်ငံရဲ့လူမျိုးစုတစ်စုအနေနဲ့ အသိအမှတ်ပြုပေးရန်၊ NVC ဟာရိုဟင်ဂျာတွေအတွက် မျိုးဖြုတ်သုတ်သင်မှုကဒ်မျိုးဖြစ်တာမို့ ရိုဟင်ဂျာတွေအနေနဲ့ NVC ကိုလုံးဝလက်ခံမှာမဟုတ်ကြောင်း နောက်တစ်ခုကတော့ မြန်မာအစိုးရကိုလည်း လုံးဝမယုံကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရဟာ အမြဲတမ်းတခုခုပြောပြီးအခြားအရာကိုလုပ်နေတယ်ဆိုတာ မြန်မာအစိုးရရဲ့လုပ်ရပ်တွေက သက်သေပြပြီးသားဖြစ်ကြောင်း၊ မြန်မာအစိုးရ ကပေးတဲ့လုံခြံရေးကိုလည်းမယုံကြောင်း၊ စစ်မှန်တဲ့ဘေးကင်းလုံခြုံမှုရရှိစေရန် နေရပ်ပြန်မပို့ခင် နိုင်ငံတကာလုံခြုံရေးသာလိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာဘက်မှ  NVC ရှိပြီးသားလူက NVC ယူစရာမလိုကြောင်း NVC လုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီးလည်း  ရပ်တန့်ခြင်း၊ မရပ်တန့်ခြင်း ဒီမှာဆုံးဖြတ်ချက်မချနိုင်ကြောင်း၊နောက်တစ်ခုကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဖြစ်ပြီး ဘင်္ဂလီလို့ခေါ်ခြင်းက ရိုဟင်ဂျာတွေအတွက်ပြသနာဖြစ်ပြီး၊ ရိုဟင်ဂျာလို့ခေါ်ခြင်းက မြန်မာဘက်ကပြသနာဖြစ်ကြောင်း ဒါမို့ ရခိုင်ပြည်တွင်နေထိုင်တဲ့မွတ်စ်လင်မ်အဖြစ်သာတရားဝင်အသိအမှတ်ပြုနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းလက်အောက်မှာမရှိကြောင်း၊ လွတ်လပ်တဲ့အင်အားကြီးနိုင်ငံဖြစ်တာမို့ နိုင်ငံတကာဖိအားကိုဂရုမစိုက်ကြောင်း၊ နိုင်ငံတကာလုံခြုံရေးကိုလက်မခံကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားအဖွဲ့က ယခုလို မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှလွတ်မြောက်သူများစခန်းသို့အလည်အပတ်လာရှိခြင်းကြောင့် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာကိုယ်စားလှယ်အနေနဲ့လည်း ထိုကဲ့သို့အကျိုးရှိတဲ့အစည်းအဝေးကိုကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်။

အဆိုပါအစည်းအဝေးတွင် နှစ်ဖက်အုပ်စုနှစ်စုလုံးဟာ အချက် ၃ ချက်ကိုဆွေးနွေးကြပေမဲ့ အဖြေတခုမှထွက်ပေါ်လာခြင်းမရှိပဲ ရိုဟင်ဂျာတို့ဘက်မှလည်း ကောင်းမွန်တဲ့ အဖြေရဖို့သာ မျှော်လင့်နေကြပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.