Press "Enter" to skip to content

ရိုဟင်ဂျာဒုက္ခသည်၁သိန်းကို Bhashan Charကျွန်းဆီ ပြောင်းရွှေ့နေရာချထားပေမယ့် အစီစဉ်မှာ ကုလပါဝင်ဆောင်ရွက်လို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁သိန်းခန့်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိတဲ့ Barshansharကျွန်းဆီကို ပြောင်းရွှေ့နေရာချထားပေးဖို့ စီစဉ်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး နည်းပညာ ကျွမ်းကျင်မှုဆိုင်ရာတွေနဲ့ ကူညီလိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

UNHCR လက်ထောက်မဟာမင်းကြီး Kelly Clements က အဲဒီစီမံချက်မှာ ပါဝင်ကူညီဖို့အတွက် လက်ရှိလုပ်ဆောင်ပြီးစီးနေတာတွေကို ပိုမိုသိရှိလိုကြောင်း ဒါကာမြို့မှာရှိတဲ့ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို နေရာချထားပေးမယ့် အဲ့ဒီကျွန်းဟာ ဆိုင်ကလုန်းဒဏ် ခံရနိုင်တာကြောင့် ဒုက္ခသည်တွေ ပြောင်းရွှေ့နေထိုင်ဖို့ မသင့်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက သံဆူးကြိုးခြံစည်းရိုးတွေ ကာရန်ခဲ့တာနဲ့ ပတ်သက်ပြီး UNHCR လက်ထောက်မဟာမင်းကြီး Kelly Clementsက ခြံစည်းရိုးခတ်တယ်ဆိုတိုင်း လုံခြုံရေးအတွက် ကောင်းမွန်တာ မဟုတ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးခဲ့ကြရတဲ့ဒေသခံ ရိုဟင်ဂျာ ၇သိန်း၎သောင်းကျော် အပါဝင် ရိုဟင်ဂျာ တစ်သန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာပဲ ဖြစ်ပါတယ်။
Source : News18, RFA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.