Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့က ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်

မနေ့ညပိုင်း ၇နာရီ ၃၈မိနစ်အချိန်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘာဇာ၊ နယာပါရာ ယာယီဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦးအား ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့ကအဓမ္မပြုကျင့်ခဲ့ကြောင်းသိရပါတယ်။

အဓမ္မပြုကျင့်ခံရသူမိန်းကလေးငယ်ဟာ ကော့ဇ်ဘာဇာ၊ တက်နာဖ်မှ နာယာပါရာယာယီဒုက္ခသည်စခန်းအမှန် (၁)၊ ဘလောက် (E) ၊ နံပတ် ၉၃၂ အခန်းနံပတ် ၁၊ ၂ မှ မိုရီယာမ်ခါသွန် (ဘ) မိုဟာမက်ဒ်အာလမ် ဆိုသူဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ညပိုင်း ၇နာရီ ၃၈မိနစ်အချိန်တွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့ဝင်များက  နာယာပါရာဒုက္ခသည်စခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး  ဘလောက်( E) မှ စာရင်းသွင်းခြင်းခံထားပြီးသား ရိုဟင်ဂျာဒုက္ခသည်များအား အပြစ်မရှိပဲ ညှုင်းပန်းနှိပ်စက်ရိုက်နှပ်ခဲ့ကာ ရိုဟင်ဂျာမိန်းကလေးငယ်မိုရီယာမ်ခါသွန်အခန်းထဲ ဝင်ရောက်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

အရင်ဦးဆုံး ရီယမ်ခါသွန်အား အဓမ္မမပြုကျင့်မှီ သူမအကိုဖြစ်သူ အိုစမန်းရဲ့ဇနီးကို အဓမ္မပြုကျင်ဖို့ကြိုးစားခဲ့တာမို့  ခင်ပွန်းရှိတဲ့မိန်းမဖြစ်ကြောင်းပြောဆိုခဲ့ရာ အိုစမန်းရဲ့မိန်းမအားလွှတ်ပေးခဲ့ကာ မိုရီယာမ်ကိုသာ မီးဖိုချောင်တွင် ဝိုင်းအဓမ္မပြုကျင့်ခဲ့ပြီး စစ်သားများ စခန်းအတွင်းမှထွက်ခွာသွားကြောင်းသိရပါတယ်။

ထို့နောက် ရိုဟင်ဂျာမိန်းကလေးငယ်မိုရီယာမ်အား မိသားစုဝင်များမှ စခန်းရှိဆေးခန်းသို့အလျင်အမြန်ခေါ်ဆောင်သွားရောက်ကုသခဲ့ကာ ဆေးခန်းမှလည်း အဓမ္မပြုကျင့်ခံရကြောင်းကို ဆေးပညာဆိုင်ရာစမ်းသပ်မှုများပြုလုပ်ခဲ့ကြပါတယ်။

UNHCR နဲ့အခြားအစိုးရအရာရှိများကလည်း မိန်းကလေးငယ်ရှိရာစခန်းသို့သွားရောက်ကာ မိသားစုဝင်များနဲ့ စခန်းအနီးပတ်ဝန်းကျင်များကိုလည်း အခင်းဖြစ်ပွားပုံနဲ့ပတ်သတ်ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။

နေ့လည်ပိုင်းတွင် UNHCR မှ ကာကွယ်စောင့်ရှောက်ရေးအရာရှိက အဓမ္မပြုကျင့်ခံရသူရိုဟင်ဂျာမိန်းကလေးငယ်အား ကော့ဇ်ဘာဇာသို့ခေါ်ဆောင်လာခဲ့ပြီး ထပ်မံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from ပြည်ပMore posts in ပြည်ပ »
More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.