Press "Enter" to skip to content

နိုင်ငံမဲ့ဒုက္ခသည်များအရေး အမှုဆောင်ကော်မတီအစည်းအဝေးတွင်ဆွေးနွေး

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာစတင်ကျင်းပခဲ့တဲ့ UNHCR အမှုဆောင်ကော်မတီအစည်းအဝေးမှာ နိုင်ငံမဲ့အရေးဆွေးနွေးခဲ့ရာတွင် သြစတေးလျရုပ်ရှင်သရုပ်ဆောင် Cate Blanchett လည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။

ဒီအမှုဆောင်ကော်မတီအစည်းအဝေးဟာ UNHCR ရဲ့ အကြိမ် ၇၀မြောက်ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါတယ်။မဟာမင်းကြီး Filipo Grandi က ဒုက္ခသည်အရေး အဖွင့်မိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှရိုဟင်ဂျာတွေ ၄င်းတို့နေရပ်ပြန်ရေးကို မြန်မာအစိုးရဘက်က လက်ခံအသိမှတ်ပြုထားချက်များကို ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမှုပေါင်းစည်းရေး ဆိုင်ရာ စီမံကိန်းတွင်  UNHCR နဲ့ UNDP ဆောင်ရွက်ပေးနေကြောင်း၊ ဒုက္ခသည်တွေလွတ်လပ်စွာသွားလာခွင့်၊ နိုင်ငံတွင်းကဒုက္ခသည်အရေးကိုလည်း ဖြေရှင်းဖို့နဲ့နိုင်ငံသားဖြစ်ခွင့်များနဲ့ပတ်သတ်ပြီး အရေးကြီးတဲ့လုပ်ငန်းစဉ်များကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင် ဗမာအစိုးရရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဒေသခံတိုင်းရင်းသားရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခိုလှုံခဲ့ကြရာ ရိုဒုက္ခသည်များနေရပ်ပြန်ရေးကို မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်သဘောတူညီချက်ရယူပြီး နှစ်ကြိမ်ထိတိုင်ပြုလုပ်ခဲ့ပေမဲ့ ဒုက္ခသည်များက မြန်မာအစိုးရကိုယုံကြည်မှုမရှိတာမို့ ပြန်လာဖို့လက်မခံခဲ့ကြပါဘူး။

 မြန်မာအစိုးရဘက်မှ တိုင်းရင်းသားရိုဟင်ဂျာတွေကို ရိုဟင်ဂျာလို့ခေါ်ဆိုအသုံးပြုပဲ ဘင်္ဂလီဟုသာ စွပ်စွဲပြောဆိုသုံးနှုံးဆဲဖြစ်ကာ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သတ်တဲ့ ခိုင်မာတဲ့အာမခံချက်ကိုမပေးခဲ့တာတွေကို  မဟာမင်းကြီး Filipo Grandi ကပြောဆိုခဲ့ပါတယ်။

ဒီအစည်းအဝေးဟာ ကမ္ဘာမှာ နိုင်ငံမဲ့ဖြစ်နေကြသူတွေအရေးကိုအထူးဆွေးနွေးတဲ့ အစည်းဝေးဖြစ်ကာ ချစ်ကြည်ရေး သံတမန် သြစတေးလျ ရုပ်ရှင် သရုပ်ဆောင် Cate Blanchett က ကမ္ဘာတလွှား နိုင်ငံမဲ့ ပြဿနာကို ရိုဟင်ဂျာ အရေးလို ကြီးထွားမလာဖို့ လိုကြောင်း ပြောပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.