Press "Enter" to skip to content

ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် တရားမဝင်အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ၁၆ ယောက် ဖမ်းဆီးထိန်းသိမ်းခံရ

Rapid Action တပ်ရင်းက ခွင့်ပြုခြင်းမရှိပဲ  ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာစခန်းများတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား ၁၆ ဦးကို မနေ့ မတ်လ ၁၉ ရက်နေ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေမှာ အမေရိကန်သား ၈ယောက်၊ ဗြိတိနိုင်ငံသား ၆ယောက် နဲ့ ဂျာမနီက ၂ ယောက်တို့ဖြစ်ပြီး ၄င်းတို့အား နောက်နေ့တွင် စစ်ဆေးမေးမြန်းရန်  အူခီရာရဲစခန်းဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ အဆိုပါ နိုင်ငံခြားသားများဟာ ခွင့်ပြုချက်မရပဲ တရားမဝင်ဒုက္ခသည် စခန်းမှာ အလုပ်လုပ်ကိုင်နေကြတာဖြစ်ကြောင်း၊ ကော့ဇ်ဘာဇာ စခန်းတပ်မှူး Maj Ruhul Amin ကပြောပါတယ်။

၎င်းနိုင်ငံခြားသားများအား စစ်ဆေးမေးမြန်းပြီး နောက်နောင်တွင် ထိုသို့ထက်မံ မပြုလုပ်ဖို့ ဝန်ခံကတိယူကာ  လွှတ်ပေးခဲ့တယ်လို့ အူခီရာ ရဲစခန်းမှ တာဝန်ခံရဲအရာရှိ Md Abul Khayer ကပြောခဲ့ပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.