Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာဒုက္ခသည်တွေကို UN ကဒ်တွေထုတ်ပေးမယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၉ သိန်းခန့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက UNHCR ရုံးရဲ့အကူအညီနဲ့  ဒုက္ခသည်အထောက်အထားကဒ်ပြားတွေထုတ်ပေးဖို့ အစီအစဉ်ကို ၆ လအတွင်း လုပ်သွားမယ်လို့ သိရပါတယ်။

၎င်းရိုဟင်ဂျာဒုက္ခသည်တွေရဲ့ကိုယ်ရေးအချက်အလက်တွေကို ကောက်ခံတာဟာ ၄င်းတို့အတွက် အထောက်အထား ခိုင်လုံမှုရှိစေပြီး အကာအကွယ်လည်း ပေးနိုင်မယ့်အပြင် အထောက်အပံ့တွေကိုလည်း စံနစ်တကျ ခွဲဝေပေးနိုင်မှာ ဖြစ်တယ်လို့ UNHCR ပြောခွင့်ရ Charlie Yaxley က ဂျနီဗာ ကုလသမဂ္ဂရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အထောက်အထားတွေထဲမှာ ၄င်းရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ ဘယ်နေရာကလာတယ် ဆိုတာတွေ ပါဝင်နေတာမို့ တကယ်လို့ အခြေနေကောင်းလို့ သဘောဆန္ဒအရ ပြန်ချင်ရင်လည်း အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လူသားချင်းစာနာမှု အဖွဲ့တွေကလည်း ရိုဟင်ဂျာဒုက္ခသည်တွေ ဘာတွေလိုအပ်တယ်ဆိုတာ သိလာနိုင်ပြီး အကူအညီပေး ကာကွယ်ပေးဖို့နဲ့ ၀န်ဆောင်မှုတွေကို ထပ်ကာသလဲလဲ ဖြစ်သလိုပေးနေတာတွေကိုလည်း ရှောင်နိုင်ကြောင်း ၄င်းကပြောဆိုပါတယ်။

အချက်အလက် ကောက်ခံစစ်ဆေးပြီးတဲ့ ဦးရေ ၄၂၀၀ ရှိကြောင်း၊ ကောက်ယူရာမှာ အသက် (၁၂)နှစ် အထက် ဒုက္ခသည်တဦးချင်းစီကို လူတွေ့မေးမြန်းမှုတွေ လုပ်ရပြီး အထောက်အထား စာရွက်စာတမ်းတွေကိုပါ ကောက်ယူရတယ်လို့ လည်း UNHCR ကပြောပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.