Press "Enter" to skip to content

ဘင်္ဂလားအစိုးပို့မဲ့ကျွန်းကို ရိုဟင်ဂျာတို့ဘက်ကငြင်းဆို

ရခိုင်ပြည်နယ်တွင် ဗမာစစ်အစိုးရရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ဘက် hatiya ကျွန်းအရှေ့ဘက် ကီလိုမီတာ၃၀ပတ်လည် ၄၀ ကျယ်ဝန်းတဲ့ လူနေထိုင်မှုမရှိတဲ့ ဘာဆန်ချာကျွန်းပေါ်သို့ ရွှေ့ပြောင်းရန်စီစဉ်ထားသည်ကို ရိုဟင်ဂျာ ၆၀၀၀ ထောင် ၇၀၀၀ ဝန်းကျင်ကလက်ခံထားကြောင်း ဒုက္ခသည်ရေးရာကော်မရှင်နာမင်းကြီး မာဘတ်အလန်က ပြောနေပေမဲ့  ရိုဟင်ဂျာဒုက္ခသည်များကတော့ မည်သူတစ်ဦးတစ်ယောက်ကမှ သွားလိုတဲ့စိတ်မရှိကြောင်း၊ ဒီသတင်းဟာ ကောလဟလဖြစ်ကြောင်း၊ မိမိဆန္ဒအရသွားမယ်ဆို အရင်ကတည်းကသွားလို့ရကြောင်း ဘယ်သူမှသွားမဲ့လူမရှိကြောင်း၊ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတွေကို တာဝန်ခံတွေက အစိုးရညွှန်ကြားချက်အရ ၄င်းကျွန်းကိုသွားချင်တဲ့သူတွေကို မိမိသဘောအရ လျှောက်လွှာတင်ဖို့ပြောဆိုတာများရှိကြောင်း ဘာဟူခါလီဒုက္ခသည်စခန်းအမှန်(၂၀)မှ မိုဟာမက်ဂျူဟာရ်က ပြောပါတယ်။

တချို့ကတော့ သွားဖို့စာရင်းပေးတာရှိပေမဲ့ အများစုကတော့ မြန်မာနိုင်ငံဘက်ကိုသာ ပြန်လာချင်ကြကြောင်း၊ ဘာဆန်ချာကျွန်းက ရေကြီး၊ မုန်တိုင်းတွေခဏခဏဖြစ်တာမို့ ဘယ်အင်ဂျင်နီယာကမှအဲ့ကျွန်းကို လက်မခံတာမို့ အသက်အန္တရယ်စိုးရိမ်ရကြောင်း ပြောပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ပြင်းထန်တဲ့ရာသီဥတုဒဏ်ကိုအဲ့ကျွန်းကအမြဲခံနေရပြီး လူနေထိုင်လို့မရတဲ့ကျွန်းဖြစ်တာမို့ ဒုက္ခသည်တွေအထိုင်ချနေထိုင်ဖို့ ကန့်ကွက်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၄င်းကျွန်းကိုရွှေ့ပြောင်းဖို့စီစဉ်တာတွေ မလုပ်သင့်ကြောင်း၊ နိုင်ငံတကာကလည်း စောင့်ကြည့်နေတာဖြစ်တာမို့ စဉ်းစားဖို့လိုကြောင်း၊ ဒုက္ခသည်တွေကို အတင်းအဓမ္မ ပို့မယ်ဆိုရင် နေထိုင်ဖို့ စားသောက်ဖို့အတွက် အခက်အခဲတွေဖြစ်ကာ အသက်ရှင်ဖို့ခက်ခဲလာကြပြီး နောက်ဆုံး ဘင်္ဂလားဒေ့ရှ်အစိုးရအား လက်ညှိုးဝိုင်းထိုးကြမှာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို လက်ခံထားရတာဟာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တာကြောင့် အခုလိုစီစဉ်တာဖြစ်နိုင်သလို၊ လက်ခံလိုက်ကြတဲ့ ရိုဟင်ဂျာတွေဟာလည်း လက်ရှိ စခန်းတွေမှာ စားဝတ်နေရေး ကျပ်တည်းတာ၊ အင်တာနက်အသုံးပြုလို့မရတာ၊ ပညာရေး အခက်အခဲဖြစ်နေတာ၊ ဘင်္ဂလားဒေ့ရှ်အစိုးကနေ အတင်းအကျပ် ပြန်ပို့မှာ စတဲ့အချက်တွေကို စိုးရိမ်တာကြောင့် အခုလို ကျွန်းကိုသွားဖို့လက်ခံကြတာလည်း ဖြစ်နိုင်တယ်လို့ ကိုနစ်ကီဒိုင်းမွန်း ကပြောပါတယ်။

အစ္စလမ် ဘာသာရေးခေါင်းဆောင် ဦးအေးလွင်ကတော့ ဒုက္ခသည်တွေဆန္ဒမပါဘဲ ပြောင်းရွှေ့တာမျိုးတွေ မဖြစ်သင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ကော်မရှင်နာမင်းကြီး မာဘတ် အလန်ကတော့  ၄င်းကျွန်းပေါ်မှာ ရေလွှမ်းခြင်း မခံရအောင် ဒီရေလှိုင်းကာနံရံတွေ အပါအ၀င်၊ လုံခြုံရေးအစီအစဉ်တွေ ဆောင်ရွက်ထားကြောင်း ပြောပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.