Press "Enter" to skip to content

Posts published in “အာရ္ကာန္”

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အတင်းအကျပ် စစ်မှုထမ်းစေခိုင်းနေတဲ့အပေါ် HRW အစီရင်ခံစာထုတ်ပြန်

မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာ အမျိုးသားနဲ့ လူငယ် ၁,၀၀၀ လောက်ကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) က ဧပြီလ (၉) ရက်နေ့က ထုတ်ပြန်တဲ့…

စစ်မှုထမ်းသူတွေကိုထောက်ပံ့ဖို့ ငွေကြေးကောက်ခံနေကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေပြော

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ခေါင်းဒုက္ကာ ကျေးရွာအုပ်စုအတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေထံကနေ စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုပြီး စခန်းကော်မတီဝင်တွေက ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခေါင်းဒုက္ကာကျေးရွာအုပ်စုထဲက ဒုက္ခသည်စခန်းမှာ ရှစ်ခန်းတွဲအဆောင် ၃၄၅ ဆောင်နဲ့ အခန်းပေါင်း ၂၇၆၀ ခန်းရှိပြီး တစ်ခန်းကို လစဉ်ကြေး တစ်သောင်းခွဲကျပ် (၁၅,၀၀၀…

မောင်တောဒေသက စစ်ကောင်စီတပ်မိသားစုဝင်တွေကို အရေးပေါ်ရွှေ့ပြောင်းနေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း နယ်ခြားစောင့်ရဲ မိသားစုဝင်တွေကို အရေးပေါ် နေရာပြောင်းရွှေ့နေတယ်လို့ ဒေသခံမျက်မြင်တွေက Rvision ကို မတ်လ ၂၉ ရက်နေ့က ပြောပါတယ်။ မောင်တောမြို့အဝင် နယ်ခြားစောင့်ရဲတပ်ရင်း နခခ (၅)၊ လေးမိုင် နခခ…

စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ မတ်လ ၂၇ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်အနီးမှာ သွားလာနေတဲ့ ရိုဟင်ဂျာတွေကို အဲဒီ စစ်ကောင်စီတပ်သားနှစ်ဦးက ရိုက်နှက်ပြီးနောက် ရွာသားတွေဝိုင်းလာတာကြောင့် လက်ပစ်ဗုံးတစ်လုံးပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ…

လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ ဖန်တီးနေကြောင်း AA ထုတ်ပြန်

စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်လာအောင် ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေကို ဒီရက်ပိုင်းအတွင်း ပိုပြီးလုပ်ဆောင်လာနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က မတ်လ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့အတွက် ကြိုးစားတာလို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ…

စစ်သင်တန်းတက်ဖို့ ခေါ်ယူခံရတဲ့ ရိုဟင်ဂျာခုနစ်ဦးအလောင်း စစ်ကောင်စီပြန်ပို့

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ ရိုဟင်ဂျာတွေ ထဲက အလောင်းခုနစ်လောင်းကို မတ်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ်က မိသားစုတွေထံ လာရောက်ပို့ဆောင်ခဲ့တယ်လို့ ရွာသားတွေက Rvision ကို ပြောပါတယ်။ သဲချောင်းလက်သမားရွာက ငါးဦး၊ သက်ကယ်ပြင်ရွာက တစ်ဦးနဲ့ သဲချောင်းရွာက တစ်ဦး၊ စုစုပေါင်း…

ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကာအကွယ်ပေးဖို့ ရိုဟင်ဂျာ တရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အမြန်ဆုံးအရေးယူဖို့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ…

မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ သေဆုံးနဲ့ ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက် ဒီနေ့ မနက်တစ်နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၆၀ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက Rvision ကိုပြောပါတယ်။ ရွာသားတွေအိပ်နေချိန် ရွာအလယ်တည့်တည့်ကို ဂျက်တိုက်လေယာဉ်နဲ့…

စစ်တွေမှာ သေနတ်သမားတွေကြောင့် ရိုဟင်ဂျာတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အာရ်ကာန်ပြည်နယ် စစ်တွေမြို့ ဘုမေကျေးရွာမှာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး နောက်ထပ် နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ရိုဟင်ဂျာကျေးရွာသားတွေက Rvision ကို ပြောပါတယ်။ သေနတ်သမားနှစ်ဦးနဲ့ နောက်လိုက်ရိုဟင်ဂျာသုံးဦးတို့ က သူတို့ ပြန်ပေးဆွဲခဲ့တဲ့ သုံးနှစ်အရွယ်…

စစ်ကောင်စီက မောင်တောဆေးရုံ ပိတ်လိုက်လို့ ဒေသခံတွေ အခက်တွေ့နေ

အာရ်ကာန်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံဟာ မတ်လ ၁ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာကြောင့် ကုသရေးအပိုင်း ရပ်တန့်သွားပြီး နေမကောင်းဖြစ်နေတဲ့လူနာတွေ၊ မီးဖွားမယ့်လူနာတွေနဲ့ အရေးပေါ်လူနာတွေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဆေးရုံပိတ်ပြီး ဆရာဝန်နဲ့ ဝန်ထမ်းအားလုံး စစ်တွေမြို့ကိုလာဖို့ ပြည်နယ်စစ်ကောင်စီက မတ်လ ၁ ရက်နေ့မှာ ဖိအားပေးခေါ်ခဲ့ပြီးနောက်ပိုင်း…

Mission News Theme by Compete Themes.