Press "Enter" to skip to content

Posts tagged as “ရိုဟင်ဂျာဒုက္ခသည်”

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သံဆူးကြိုးခတ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ကျော်ကို သံဆူးကြိုးခတ်ဖို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက မှာကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး အဆာဒုဇ်ဇာမာန်ခန်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့မှာ မီဒီယာတွေကို ပြောကြားခဲ့ကြောင်း ပြည်ပသတင်းအရင်းမြစ်တွေအရ သိရပါတယ်။ ၂၀၁၆-၂၀၁၇ခုနှစ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အသက်လု ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတစ်သန်းခန့်ဟာ ထိုဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်လျက်ရှိနေတာပဲ…

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရန် ကြိုးစားနေချိန်မှာ ပြည်တွင်းက ဖိနှိပ်မှုတွေကြောင့် နေရပ်စွန့်ခွာသူတွေ ပိုမိုများပြားလာ

ရခိုင်ပြည်နယ်တွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာအာဏာပိုင်တွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေအပြင် အရပ်သား အစွန်းရောက် ရခိုင်တစ်ချို့က ညှင်းပမ်းနှိပ်စက် ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး လက်ရှိ မြန်မာစစ်တပ်နဲ့ AAတို့ကြား တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက ၂၀၁၇ခုနှစ် NLDနဲ့ မြန်မာ့တပ်မတော်တို့ ပူးပေါင်းကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းစစ်ဆင်ရေးမှာ…

မိုဘိုင်းသုံးစွဲခွင့်ပိတ်ပင်မှုကို ရပ်တန့်ပေးဖို့ ဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို မေတ္တာရပ်ခံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဲခ်နာ့ဖ်မြို့၊ ဂျာဒီမိုရာ၊ ရှလ်ဘဂန်း ဒုက္ခသည်စခန်းနံပါတ်(၂၆-၂၇)က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဖုန်းအသုံးပြုခွင့်၊ အင်တာနက်သုံးစွဲခွင့် ကန့်သတ်ပိတ်ပင်မှုတွေကို ရပ်တန့်ပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေက  ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ရှလ်ဘဂန်းဒုက္ခသည်စခန်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ဒုက္ခသည်အများပြားကို အတင်းအဓမ္မရပ်တန့် စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဖုန်း၊ ဆင်းမ်ကဒ် ဒါမှမဟုတ် ဆက်သွယ်ရေးကိရိယာ…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေရဲ့ ယာယီတဲအိမ်တွေဖျက်ဆီးခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဲခ်နာ့ဖ်မြို့မှာရှိတဲ့ ဒုက္ခသည်စခန်းနံပါတ် ၂၇ ၊ ဘလော့ခ်-ဘီမှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဥစ္စာပစ္စည်းတွေကိုလုယူနေတဲ့အပြင် ယာယီတဲတွေကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း VORအဖွဲ့ဝင် တစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်တွေကို အမြဲ စာနာထောက်ထားပြီး ကူညီပေးနေတဲ့ အဒူမူနာဖ်ကုမ္ပဏီ၏သား မိုဟာမတ်အူမောရ်ကို သြဂုတ်လ ၂၃ရက်…

လူ့အခွင့်ရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်လက်ခံရေးကို ဆိုင်းငံ့ရန်တိုက်တွန်း

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘော ဆန္ဒအတိုင်း ပြန်နိုင်မယ့် အချိန်အထိ ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။ ရိုဟင်ဂျာတွေကို ပထမတကြိမ် နေရပ်ပြန်ပို့ရေးအစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ထပ်မံ ကြိုးပမ်းတဲ့…

ပေါက်တောမြို့နယ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ စားဝတ်နေရေးအခက်ခဲကြောင့် ကူညီထောက်ပံ့မှု အမြန်ဆုံး လိုအပ်နေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်း(၁)မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ၂၀၁၂ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးတွေစတင်ခဲ့ချိန်မှာ ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာတစ်ချို့ အသက်လုထွက်ပြေးခဲ့ကြရပြီး နီးစပ်ရာမြို့နယ်တွေရဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီလိုပဲ မင်းပြားမြို့နဲ့…

ရိုဟင်ဂျာဦးရေ ငါးသိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် UNHCRတို့ပူးပေါင်းကာ သက်သေခံကဒ်များ ထုတ်ပေး

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်ဦးရေ ငါးသိန်းကျော်ကို သက်သေခံ အထောက်အထားတွေ ထုတ်ပေးလိုက်ကြောင်း ကုလသမဂ္ဂအေဂျင်စီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးခဲ့ကြရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် ၅သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCRတို့ပူးပေါင်းကာ မှတ်ပုံတင်ပေးခဲ့ကြောင်း UNHCRက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မှတ်ပုံတင်ပြီးသူတွေအနေနဲ့ ဦးစွာ သူတို့ဟာ မည်သူမည်ဝါဖြစ်ကြောင်း ခိုင်လုံတဲ့…

ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှ ရိုဟင်ဂျာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၂၀၁၉ခုနှစ် သြဂုတ်လ ၄ရက်နေ့က ဒုက္ခသည်စခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း VORအဖွဲ့ဝင်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကူတူးပါလောင်ဒုက္ခသည်စခန်းနံပါတ် ၄မှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်နှစ်ဦးကို တနင်္ဂနွေနေ့ နေ့လည်၂နာရီခွဲ အချိန်ခန့်မှာ…

ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာကလေးငယ်တစ်ဦး မိလ္လာတွင်းထဲသို့ မတော်တဆ ပြုတ်ကျသေဆုံး

ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၂၈ရက်နေ့မှာ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ကလေးငယ်တစ်ဦး မိလ္လာတွင်းထဲကို မတော်တဆပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း VOR အဖွဲ့ဝင်တစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဟာကင်းဖါရာဒုက္ခသည်စခန်းနံပါတ် ၁၄ အဆောင်နံပါတ်…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ယာယီတဲကို ယာဉ်ဝင်တိုက်မှုကြောင့် ရိုဟင်ဂျာမိသားစုဝင်နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာမိသားစုခိုလှုံနေထိုင်ရာ ယာယီတဲအိမ်တစ်လုံးကို အုတ်သယ်ဆောင်လာတဲ့ ကားတစ်စီးက မတော်တဆ ဝင်တိုက်မိခဲ့ရာ ရိုဟင်ဂျာဒုက္ခသည် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ  မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ထားပါတယ်။ သောကြာနေ့မနက် ၈နာရီ ၄၅မိနစ်ခန့်မှာ ဒုက္ခသည်စခန်းနံပါတ် ၂ ၊ဘလော့ခ်-ဒီ-၅က ယာယီတဲတစ်ခုကို အုတ်သယ်ဆောင်လာတဲ့ကားမှ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။…

Mission News Theme by Compete Themes.