Press "Enter" to skip to content

ရိုဟင်ဂျာ ဗီးရှင်း

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သံဆူးကြိုးခတ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ကျော်ကို သံဆူးကြိုးခတ်ဖို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက မှာကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး အဆာဒုဇ်ဇာမာန်ခန်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့မှာ မီဒီယာတွေကို ပြောကြားခဲ့ကြောင်း ပြည်ပသတင်းအရင်းမြစ်တွေအရ သိရပါတယ်။ ၂၀၁၆-၂၀၁၇ခုနှစ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အသက်လု ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတစ်သန်းခန့်ဟာ ထိုဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်လျက်ရှိနေတာပဲ…

ရခိုင်ပြည်နယ်တွင် အင်တာနက်များပြန်ဖွင့်ဖို့နဲ့ ဒေသခံပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရပ်တန့်ဖို့အဆိုတင်သွင်း

ရခိုင်ပြည်နယ် ပုဏ္ဏားကွန်း၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်ဒေသအချို့တွင် အင်တာနက်ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက တောင်းဆိုလိုက်တယ်လို့သိရပါတယ်။ အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်တာဟာ ကုလသမဂ္ဂရဲ့လုပ်ငန်းတွေကို အဟန့်အတားဖြစ်စေကြောင်း၊ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်က ပဋ္ဋိပက္ခတွေကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာမှာ အခက်အခဲဖြစ်စေကြောင်း ရန်ကုန်ရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။ အင်တာနက်ဆက်သွယ်မှုပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာ၊ ပညာသင်ကြားရေး၊ ကျန်းမာရေး ၀န်ဆောင်မှုများနဲ့…

ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့က ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်

မနေ့ညပိုင်း ၇နာရီ ၃၈မိနစ်အချိန်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘာဇာ၊ နယာပါရာ ယာယီဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦးအား ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့ကအဓမ္မပြုကျင့်ခဲ့ကြောင်းသိရပါတယ်။ အဓမ္မပြုကျင့်ခံရသူမိန်းကလေးငယ်ဟာ ကော့ဇ်ဘာဇာ၊ တက်နာဖ်မှ နာယာပါရာယာယီဒုက္ခသည်စခန်းအမှန် (၁)၊ ဘလောက် (E) ၊ နံပတ် ၉၃၂ အခန်းနံပတ် ၁၊ ၂ မှ မိုရီယာမ်ခါသွန် (ဘ)…

ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာတာဝန်ခံက ရွာသားများအပေါ် အာဏာပိုင်များနဲ့ပေါင်းပြီးငွေညှစ်

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင်တွင် ရွာတာဝန်ခံတစ်ဦးဖြစ်တဲ့ နူရ်ဂျူရ်ဟာရ် (ဘ) အဘူတာဟဲရ်ဆိုသူဟာ ကျေးရွာအတွင်းဆင်းရဲနွမ်းပါးတဲ့ ဒေသခံရိုဟင်ဂျာတွေအပေါ် မဟုတ်မမှန်လိမ်စဉ်ထွင် ဖန်တီးသတင်းလုပ်ပြီး  အာဏာပိုင်များအားပေးပို့ကာ အာဏာပိုင်များနဲ့ပေါင်းပြီး  ဒေသခံရိုဟင်ဂျာရွာသားများထံမှ ငွေကြေးအဆမတန်မတရားညှစ်ယူနေတဲ့အပြင် ရွာအတွင်းသတ်သတ်လိုင်စင်ယူပြီး  လယ်သမားများအား လယ်ထွန်ရန် အရောင်းအဝယ်ပြုလုပ်သော ကျွဲနွားများကို ငွေကြေးပိုမိုကောက်ခံနေကြောင်း ဒေသခံတစ်ဦးက Rvsion သို့သတင်းပေးပို့ခဲ့ပါတယ်။ ကျေးရွာအတွင်း ငွေကြေးအဆင်မပြေ၊…

ရိုဟင်ဂျာကျွဲကျောင်းသား(၃)ဦးကို ရိုက်နှက်ကာ ကျွဲ (၁၂)ကောင်ကို ရခိုင်အစွန်းရောက် လေးဦးက လုယက်ယူဆောင်

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​​တောင်​ပိုင်း ဒုအိုးသည်​မ​ကျေးရွာအုပ်​စုမှ ရိုဟင်​ဂျာပိုင်​ကျွဲ ၁၂ ​ကောင်​ကို ရခိုင်​အစွန်း​ရောက်​ ၄ ဦးက လုယက်​ ယူ​ဆောင်​သွား​ကြောင်း ဒေသခံ တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဘူးသီး​တောင်​​တောင်​ပိုင်းမှာ တည်ရှိတဲ့ ဒုအိုးသည်​မ​ကျေးရွာဟာ​ ​နောက်​ဆုံးရိုဟင်​ဂျာရွာဖြစ်​ပြီး ရခိုင်​ရွာနဲ့ အနီးစပ်​​ဆုံးမှာ တည်ရှိတဲ့ရွာတစ်​ရွာဖြစ်​ကြောင်း သိရပါတယ်။ ထိုကျေးရွာမှာနေထိုင်တဲ့…

ရိုဟင်ဂျာအရေး အမြန်ဆုံး အဆုံးသတ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းကို မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ လှုံ့ဆော်တိုက်တွန်း

မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်က ရိုဟင်ဂျာ ဒုက္ခသည်အရေးကို တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းသွားဖို့ နိုင်ငံတကာအဖွဲ့အစည်းကို လှုံ့ဆော်တိုက်တွန်းလိုက်ပါတယ်။ ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) အတွက် နယူးယောက်မြို့ကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်စကားပြောဆိုမှုမှာ မြန်မာအစိုးရက ဒီအရေးကိစ္စကို ဖြေရှင်းလုပ်ဆောင်သွားဖို့ ဆန္ဒလုံးဝမရှိဘူးလို့ သူကပြောကြားလိုက်ပါတယ်။  “ဒါကြောင့်ပဲ ဒါဟာကျွန်တော်တို့အပေါ်တာဝန်ကျလာပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့လည်း ဒီအခြေအနေနဲ့ပတ်သက်ပြီး…

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးမှုဖြစ်ပွား

အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် မိသားစုဝင် အများအပြား ရေးဘေးနှင့် ရင်ဆိုင်နေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ အများဆုံး ရေဘေးသင့်ခဲ့တဲ့နေရာကတော့ ဟိုင်ဒရာဘတ် ဘာဘာနာဂါရ်ရဲ့ ဘလာပူရ်က ဒုက္ခသည်စခန်းနံပါတ် ၃၀ပဲ ဖြစ်ပါတယ်။…

ဗမာစစ်တပ်နဲ့ AA တပ်မတော်တို့ တိုက်ပွဲများထပ်မံဖြစ်ပွား

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊မြေပုံမြို့နယ်နဲ့ ယိုးဆနွင်းကျေးရွာအနီးတွင် မြန်မာစစ်တပ်နဲ့ AA တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ မြန်မာစစ်အစိုးရက မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်အခတ်များရပ်ဆဲသွားမယ်လို့ကြေညာပေမဲ့  ဒီကနေ့မနက် ၁၀နာရီခွဲလောက်မှာ ရခိုင်ပြည်နယ်အတွင်း ၁၅မိနစ်လောက်အကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ထပ်မံဖြစ်ပွားခဲ့တာကို သိရပါတယ်။ မြန်မာစစ်တပ်ဘက်ကနေ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာရွာရဲ့ အရှေ့တောင်ဘက်ကနေပြီး စတင်ထိုးစစ်ဆင်လာတာမို့ ယခုလိုတိုက်ပွဲတွေဖြစ်ရတာလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ(၂၂)…

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် ရိုဟင်ဂျာတစ်ဦး မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားကာ အသက်ဆုံးရှူံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban ပြည်နယ်၊ Naikhongchhari upazila နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကြားနယ်စပ်တွင် ညပိုင်းအချိန် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ကာ ရိုဟင်ဂျာတစ်ဦး အသက်ဆုံးရှူံးခဲ့ကြောင်းသိရပါတယ်။ အဆိုပါမြေမြှုပ်မိုင်းဟာ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ မြှုပ်နှံထားတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာအတွင်းရှိ နယ်ခြားစောင့်တပ်ရင်း ၃၄မှ တပ်မှူးဒုဗိုလ်မှူးကြီး Ali Hayder Azad Ahmed ကပြောပါတယ်။…

ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ငွေများကို ခေါင်းပုံဖြတ်ယူ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​မြို့နယ်​တွင်​ ကျေးရွာအုပ်​ချုပ်​​ရေးမှူးများက ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးများနှင့်​ ၂နှစ်​​အောက်​က​လေးငယ်များကို ​ထောက်​ပံ့​ကြေးထုတ်​​ပေးရာတွင်​ အသုံးစရိတ်​ဖြတ်​​တောက်​ခြင်း၊စာရင်းတွင်​နာမည်​မရှိဟု​ လိမ်လည် ပြောဆိုခြင်းနဲ့ နာမည်​မတူဟုငြင်းဆိုကာ ထောက်ပံ့ကြေးများ ခေါင်းပုံဖြတ်ယူနေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၃ရက်နေ့က ဘူးသီး​တောင်​​တောင်​ပိုင်း သိမ်​​တောင်​ပြင်​​ကျေးရွာအုပ်​စု​ အုပ်​ချုပ်​​ရေးမှူး​ ဦးကျော်​​ဆွေဝင်းက ​ထောက်​ပံ့ကြေးထုတ်​​ပေးရာမှာ​ တစ်ဦးလျှင်…

Mission News Theme by Compete Themes.