Press "Enter" to skip to content

သြဂုတ် (၂၅) ရက် အာရ်ကာန် တိုက်ခိုက်မှုကို မြန်မာအစိုးရ ကြိုတင်စီစဉ်

၀၂ . ၀၉ . ၂၀၁၇

၂၀၁၇ ခုနှစ်၊ သြဂုတ် (၂၅) ရက်တွင် အာရ်ကာန်ဒေသမှ နေရာ၂၅ ခုတွင် ကြီးမားတဲ့ တိုက်ခိုက်မှု ကြုံတွေ့ခဲ့ရပါသည်။ နိုင်ငံတကာနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေက မြန်မာ ထုံးစံဖြစ်တဲ့ အာစလျှာစပေါ် မူတည်ပြီး မြန်မြန်ဆန်ဆန်နဲ့ ရိုဟင်ဂျာတွေကို  စောဒနာခဲ့တယ်။ ဒါက မြန်မာတပ်မတော်တွေ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရာဇဝတ်မှုတွေကို တရားမျှတကြောင်းပြပြီး၊ သွေးထွက်သံ ယိုမှုတွေ  ပိုပြီး ကျူးလွန်ဖို့ လိုင်စင်ပေးအပ်သလို ဖြစ်နေပါတယ်။

မြန်မာတပ်မတော်တွေက ဒီအကြမ်းဖက်တိုက်ခိုက်မှု မကျူးလွန်ခင် ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို ခဏလေး ဆင်ခြင်ပါရစေ။

အဲဒီဒေသမှာ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်ပွားမီ ကြီးမားတဲ့ ရာဇဝတ်မှုတွေနဲ့ လျှို့ဝှက်ပူး ပေါင်းကြံစည်ချက်တွေရှိလို့ ဒီသွေးထွက်သံယိုမှုတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောနိုင်ပါတယ်။

ရိုဟင်ဂျာအရေးကို ကမ္ဘာအားသိစေရန် မြှုပ်နှံထားတဲ့ ရိုဟင်ဂျာဗီးရှင်း Satellite TV Channel ကို ပိတ် ဆို့နှိုင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာအစိုးရရဲ့ လုပ်ကြံမှုကို ပြီးခဲ့တဲ့ သြဂုတ် (၂၆) ရက်နေ့မှာ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦး ဇော်ဌေးက အသိပေးကြေညာခဲ့တယ်။ တကယ်လို့ ဒီ Satellite TV Channel ကိုပိတ်ဆို့နှိုင်မယ်ဆိုရင် မြန်မာအစိုးရက လွတ်လွတ်ကျွတ်ကျွတ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်မှာဖြစ်တယ်။ မြန်မာအစိုးရရဲ့ တိုင်ကြားမှုကြောင့် ရိုဟင်ဂျာဗီးရှင်း မြန်မာ ဖေစ့်ဘုခ်စာမျက်နှာကို သြဂုတ် (၂၆) ရက်နေ့မှာ ပိတ်ဆို့ထားပါတယ်။

ဇူလိုင် (၂၉) ရက်နေ့မှာ စစ်အုပ်ချုပ်ရေး အမိန့်ချက်ဖို့ လွှတ်တော်မှာ ဆွေးနွေးတောင်းဆိုထားပါတယ်။ နောက်နေ့မှာ ဒေသလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက လုပ်ကြံပြောဆိုပြီး  ရသေ့တောင်မြို့နယ်မှ ရိုဟင်ဂျာ ၃ ဦးကို တပ်ဖွဲ့ဝင်တွေနဲ့ အစွမ်းရောက်ရခိုင်တွေ ပူးပေါင်းပြီး ခေါင်းဖြတ်သတ်ခဲ့တယ်။

သြဂုတ် (၀၁)ရက်နေ့မှာ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ  ရွာသူရွာသားတွေကို အလုပ်မ ထွက်နိုင်အောင်၊ အစာရေစာ တစ်ခုခု ဝယ်ယူလို့မရအောင် ဝိုင်းရံပိတ်ဆို့ထားပြီး သြဂုတ် (၂၅) ရက်နေ့မှာ လုံးဝ အမြစ်မကျန်အောင် တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

သြဂုတ် (၀၃)ရက်နေ့တွင် မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား အရောင်းအဝယ်နဲ့ အငြင်းပွားခဲ့တဲ့ တောင်ပေါ်လူမျိုး မြို ၈ ဦးကို နယ်ခြားစောင့်ရဲနဲ့ ရခိုင်တွေက သတ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ လူသတ်မှုနဲ့ပတ်သက်ပြီး BBC မြန်မာ ပိုင်းအပါအဝင် ရိုဟင်ဂျာဆန့်ကျင်ရေး ပါတီတွေက ရိုဟင်ဂျာ တွေကို လူသတ်သမားလို့  လုပ်ကြံပြောဆိုပြီး ပြစ်တင်ခဲ့ပါတယ်။ ဒီလူသတ်မှုအတွက် နထလ ရခိုင်ရွာ၊ အမှတ် (၃၉) အိမ်ပိုင်ရှင် ဦး အောင်မြကျော် ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း တရားခံရဲ့ ဇနီးက ပြောဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို လေမလွင့်ပဲ ရိုဟင်ဂျာတွေကို အမဲလိုက် ဖမ်းစားဖို့ လျှို့ဝှက်ထား ခဲ့ပါတယ်။

သြဂုတ် (၀၆)ရက်နေ့မှာ ရခိုင်တွေရဲ့ ပစ္စည်းဥစ္စာတွေကို ရိုဟင်ဂျာတွေက မထိနိုင်အောင် ရခိုင်အရပ်သားတွေကို လက်နက်ပေးဖို့ စစ်တွေမှာ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနေ့မှာ အစိုးရ ဖွဲ့စည်းတဲ့ မောင်တောစုံစမ်းရေးအဖွဲ့မှ တပ်မတော်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မတွေ့ရဟု လိမ်လည်ပြောဆိုပြီး အစီရင်ခံစာ ထုတ်ပေးခဲ့ပါတယ်။

သြဂုတ် (၀၉)ရက်နေ့မှာ ANP ပါတီမှ အေးမောင်ဟာ မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး အာရ်ကာန်မြောက်ပိုင်းဒေသမှာ စစ်တပ်တိုးချဲ့ပေးပို့ ဆွေးနွေးခဲ့ပါတယ်။

သြဂုတ် (၁၀)ရက်နေ့မှာ မင်းအောင်လှိုင်က အထူးအမိန့် ထုတ်ပြန်ပြီး တပ်မတော်တွေကို အကြီးစား လက်နက်တွေနဲ့ လျှို့ဝှက် လမ်းညွှန်မှုတွေပေးပြီး စေလွှတ်ခဲ့ပါတယ်။

တင်းမေတွင် မေယုတောင်တန်းမှာ သစ်ခုတ်သမားတွေ၊ လွှသမားတွေနဲ့ လယ်မသားတွေကို စစ်သားတွေက တွေ့ရ၍ ၄င်းတို့ကို အမြဲလိုလို အကြမ်းဖက်သမားလို့ စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလို အလုပ်ကြမ်းသမားတွေနဲ့အတူ NGO အဖွဲ့တွေမှ ထောက်ပံ့တဲ့ အစားအစာ၊ မိုးရေခံဖျင်နဲ့ အခြားစားသုံးပ စ္စည်းတွေ တွေ့ရတာကို NGO အဖွဲ့တွေက အကြမ်းဖက်သမားအား ထောပ်ပံ့နေတယ်လို့ လုပ်ကြံပြော ဆိုပြီး ၄င်း NGO တွေကို အာရ်ကာန်ဒေသမှ မောင်းထုတ်ရန် ရခိုင်ပြည်နယ် တစ်ဝန်းတွင် USDP နဲ့ ၄င်းရဲ့ မဟာမိတ်အဖွဲ့ ANP ထောက်ပံ့နေတဲ့ အစွမ်းရောက် ဘုန်းကြီးတွေအပါအဝင် ရခိုင်တွေက သြဂုတ် (၁၃)ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

NGO တွေကို အာရ်ကာန်ဒေသမှ မောင်းထုတ်နိုင်ရင် ရိုဟင်ဂျာတွေကို အေးအေးဆေးဆေးနဲ့ လွယ်လွယ်လတ်လတ် သတ်ဖြတ်နိုင်ဖို့ ကွင်းပြင်ရတော့မှာပါ။

သြဂုတ် (၁၅)ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာကို နယ်ခြားစောင့်ရဲတွေနဲ့ စစ်သားတွေ ပူးပေါင်း၍ စီနင်းတိုက်ခိုက်ပြီး လူကြီးနဲ့ လူငယ်အပါအဝင် စုစုပေါင်း ၆၀ ဦးခန့် ဖမ်းဆီးချုပ်နှောင်ထား ပါတယ်။

သြဂုတ် (၂၂)ရက်နေ့မှာ AA နဲ့ ALA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကို ထောက်ပြ၍ ဒေသလုံခြုံရေးအ တွက် စိုးရိမ်မကင်းဖြစ်ကြောင့် ပြောဆိုခဲ့ပါတယ်။

သြဂုတ် (၂၃)ရက်နေ့မှာ ရသေ့တောင်မြို့နယ် ပန်းခိုင် IDP ဒုက္ခသည်စခန်းမှ  ရိုဟင်ဂျာ အမျိုးသားအားလုံးကို အကြမ်းဖက်သမားလို့ စွပ်စွဲဖမ်းဆီးခဲ့ပါတယ်။ စဉ်းစားဆင်ခြင်မယ်ဆိုရင် IDP ဒုက္ခသည်တွေဟာ လူမဆန်တဲ့ဘဝမှာ ကျရောက်နေတာ ဧကန်ပါ။ အဲဒီအခြေနေမှာ အကြမ်းဖက်ဝါဒ ဖြန့်ဖို့ တကယ့် အခွင့်ရနိုင်မယ်လား။ ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ဒေသ ရသေ့တောင်မြို့နယ်မှာ အခု မွတ်ဆလင်မရှိသလို ဖြစ်နေပါတယ်။

ဒါ့အပြင် သြဂုတ် (၂၃)ရက်နေ့မှာ မေစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်မှ နောက်ဆုံးအစီရင် ခံစာကို တင်သွင်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှာ ဒီ  ကော်မရှင်မှ ကြားဖြတ် အစီရင်ခံ စာတစ်ခု တင်သွင်းခဲ့တာရှိတယ်။ အဲဒီအစီရင်ခံစာမှာ အကြံဥာဏ်ပေးခဲ့တာတွေကို အကောင်အ ထည်ဖော်ခြင်း မရှိလို့ မြန်မာအစိုးရကို ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် ကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာကိုလည်း အကောင်အထည်မဖော်လို့ရအောင် ရိုဟင်ဂျာတွေကို အကြမ်းဖက်တိုက်ခိုက်ပြီး မတည်မငြိမ် ဖြစ်စေခြင်းဟာ အကောင်းဆုံးနည်း ဖြစ်လာတယ်။

တိုးချဲ့စေလွှတ်တဲ့ စစ်သားတွေကို သြဂုတ် (၂၅)ရက်နေ့တွင် တိုက်ခိုက်မှုဖြစ်တဲ့ နေရာတွေမှာ တပ်ချထားခဲ့တယ်။ ထိုသို့ တပ်ချမထားမီက နယ်ခြားစောင့်ရဲတွေနဲ့ ရခိုင်တွေ ပူးပေါင်းပြီး ရိုဟင်ဂျာကျေး ရွာတွေကို တစ်ခုပြီးတစ်ခု စီးနင်းတိုက်ခိုက်နေခဲ့တယ်။ သူတို့က မောင်တောမှာ ရိုဟင်ဂျာတွေနေ တိုင်တဲ့ ရွာတိုင်း ရွာတိုင်း စီးနင်းတဲ့အပြင် ဘူးဘီးတောင်နဲ့ ရသေ့တောင်မှာ ကျေးရွာအချို့ကို  စီးနင်းပြီးတော့ ရွာသားတွေကို လိုက်ဖမ်းခြင်း၊ အမျိုးသမီးတွေကို လင်ပိုင်းဆိုင်ရာ ကိုယ်ထိလက် ရောက်စော်ကားခြင်း၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို ညှင်းပန်းနှိပ်စက်ခြင်းတွေနဲ့ အဖိုးတန် ပစ္စည်းဥစ္စာတွေကို လုယက်ခြင်း စတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ အဲဒီဒေသမှာ ထင်ရာမြင်ရာ ဖမ်းဆီးမှုတွေ၊ အစုအပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ တရားစီရင်ပိုင်ခွင့်မပေးဘဲ ထောင်ဒဏ်ချမှတ်ခြင်းတွေ ပြုခဲ့တဲ့ အမှု ထောင်နဲ့ချီ ရှိတယ်။

ဒါပြစ်မှုကျူးလွန်မှု အားလုံးဟာ ရိုဟင်ဂျာတွေကို လူမှုရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးအရ အနိုင်ကျင့်ပြီး မျိုးဖြုတ်သတ်ဖြတ်နေတဲ့  နောက်ဆုံးအဆင့်ကို နိဂုံးချုပ်နေတာလို့ ထင်မြင်ရပါတယ်။

မြန်မာအစိုးရက ဒီရက်စက်ယုတ်မှာမှုတွေကနေ ဘာတွေ ရဖို့ မျှောမှန်းနေတာလဲ ဆိုရင်-

၁။ မကြံ့ခိုင်ပြီး သီးခြားဖြစ်တဲ့ ရိုဟင်ဂျာကျေးရွာတွေကို အမြစ်ပါမကျန် ဖျက်ဆီးခြင်း

ဒီလိုအပြစ်အပျက်တွေ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေရဲ့ နေရာအများအပြားမှာ ဖြစ်ပွားတာရှိတယ်။ ၁၉၄၂ ခုနှစ် မတိုင်မီ ကုလားတန်မြစ် အနောက်ပိုင်းဒေသဟာ လူနည်းစု ဧရိယာဖြစ်ခဲ့ပေမယ့် နောက်မှာ မွတ်ဆလင် ကင်းရှင်းတဲ့ ဧရိယာ ဖြစ်လာခဲ့တယ်။ တဖန် အဲဒီကာလ နောက်ပိုင်းမှာ မွတ်ဆလင် အများစု နေတိုင်တဲ့ ဧရိယာဖြစ်လာခဲ့ပါတယ်။ နောက်ထပ် မွတ်ဆလင် ကင်းရှင်းတဲ့ ဧရိယာဖြစ်စေဖို့ ၂၀၁၂ ခုနှစ်မှာ စစ်တွေ၊ မြင်းဗြား၊ ကျောက်တော်၊ ကျောက်ဖြူ နဲ့ ရသေ့တောင်မြို့နယ်များမှ ရိုဟင်ဂျာတွေကို အကြမ်းဖက်တိုက်ခဲ့လို့  မွတ်ဆလင်တွေနေတိုင်တဲ့ ကျေးရွာ အများအပြားကို ဆုံးရှုံးခဲ့ပါတယ်။

၂။ ရိုဟင်ဂျာတွေကို အကြမ်းဖက်သမားများအဖြစ် နာမည်တွင်ပေးရန်

ရိုဟင်ဂျာ မျိုးဖြုတ်သတ်ဖြတ်နေတဲ့  နောက်ဆုံးအဆင့်မှာတော့ ရိုဟင်ဂျာတွေကို ကမ္ဘာဆိုင်ရာ နာမည်ဆိုးပေးတဲ့အပြင် ဘာမှ တွေ့ရတာမရှိပါဘူး။ ဒီ နာမည်ဆိုးတွင်ပေးဖို့ လွှတ်တော်မှာသော်လည်း ကောင်း၊ အစိုးရအဆင့်မှာ သော်လည်းကောင်း၊ အချို့ နိုင်ငံရေးပါတီတွေ အကြားမှာ သော်လည်း ကောင်း နှစ်လထိထိ ဆွေးနွေး ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက  နာမည်ဆိုးတွင်ပေးဖို့ သင့်လျော်တဲ့ အကြေင်းပြချက် တစ်ရပ်ကို ရှာနေခဲ့တယ်။ အဲဒီ အကြေင်းပြချက်ကို  သြဂုတ် (၂၅)ရက်နေ့မှာ ရယူပြီးသည်နဲ့တပြိုင်နက် ရိုဟင်ဂျာတွေ ဟာ အကြမ်းဖက်သမားဖြစ်ကြောင်း ကြေညာလိုက်တယ်။

၃။ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံဥာဏ်ပေးချက်တွေ အကောင်အထည်ဖော်ခြင်းကို တားရန်

ကြားဖြတ် အစီရင်ခံစာကိုရပြီး ရခိုင် IDP ဒုက္ခသည်တွေကို မူလနေရာများသို့ ပို့ပေးခဲ့တယ်။ ကမန်မွတ်ဆလင် တွေကို အာရ်ကာန်ဒေရဲ့ အပြင်ဘက်မှာ ပြန်လည်နေရာချပေးတဲ့အတွက် အစိုးရကို ဗုဒ္ဓဘာသာဝင်တွေက ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဘာမှ လုပ်ခဲ့တာမရှိဘဲ အခုချိန်ထိ IDP ဒုက္ခသည်စခန်းတွေမှာ ထားပါတယ်။ ဒါကြောင့် နောက်ဆုံးအစီရင် ခံစာမှာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေကို ပြုပြင်ရမည်လို့ အကြံပြု သလို တစ်ခုခု မလိုလားတဲ့ အကြံပြုချက်တွေ ပါလာမှာကို အစိုးရက စိုးရိမ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာအစိုးရက ကိုဖီအာနန် ကော်မရှင်ရဲ့  အကြံဥာဏ် ပေးချက်တွေကို အရေးထားမည်မဟုတ်ဘဲ ၄င်းကို အကာအရံအဖြစ် သုံးနေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

၎။ စစ်တပ်တွေရဲ့ အကျိုးအမြတ်အတွက် အာရ်ကာန်ဒေသကို မတည်မငြိမ်ဖြစ်စေရန်

မြန်မာတပ်မတော်တွေနဲ့ သူတို့ အားပေးနေတဲ့ ပါတီတွေက အာရ်ကာန်ဒေသကို မတည်မငြိမ်ဖြစ်စေပြီး ၄င်းတို့ရဲ့ ရည်ရွယ်ချက် ပြည့်စွမ်းအောင် ကြိုးပမ်းနေတာ ဖြစ်တယ်။

၅။ လုံခြုံရေးအကြောင်းပြပြီး စစ်တပ်ဖြန့်ထားရန်

တောင်ပေါ်လူမျိုး မြို ၈ ဦး သတ်ဖြတ်ခံရတာကို ရည်ရွယ်ချက်ရှိရှိ ရိုဟင်ဂျာတွေကို ပြစ်တင်စွပ်စွဲကာ ANP ပါတီခေါင်းဆောင် ဦးအေးမောင်က မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးပြီး  အာရ်ကာန်ဒေသမှာ လုံခြုံရေး တင်းကျပ်ပေးဖို့ တောင်းဆိုခဲ့ရာ နောက်နေ့တွင် အကြီးစားလက်နက်တွေ ပေးပြီး စစ်လုံခြုံရေး တိုးချဲ့ခဲ့တယ်။ တကယ်ပြောမယ်ဆိုရင် မြို ၈ ဦးကို စိတ်ကြွဆေးပြား အရောင်းအဝယ်နဲ့ အငြင်းပွားပြီး ရခိုင်တွေက သတ်ဖြတ်ခဲ့တာပါ။

၆။ ဦးသိန်းစိန် လုပ်ပေးခဲ့တဲ့ စံမံချက်တွေကို အကောင်အထည်ဖော်ရန်

သမ္မတဟောင်း ဦးသိန်းစိန်က UNHCR လက်အောက်မှာ ဒုက္ခသည်စခန်းတည်ပြီး ရိုဟင်ဂျာ အားလုံးကို သွင်းထားရန် သို့မဟုတ် တတိယနိုင်ငံကို မောင်းထုတ်ပေးရန် လုပ်ကြံပြီး အဆိုပြုခဲ့တာရှိတယ်။ အခုအခြအနေတွေကို ကြည့်မယ်ဆိုရင် သူ့ရဲ့ စံမံချက်တွေ အကောင်အတည်ဖော်နေတာကို မြင်ရပါ တယ်။

၇။ နိုင်ငံရေးအရ ကစားကွင်း ဖန်တီးရန်

သြဂုတ် (၂၄)ရက်နေ့မှာ နိုင်ငံရေးပါတီ ၂၀ လောက်က ထုတ်ပြန်ချက် ထုတ်ပြီး ရိုဟင်ဂျာတွေကို အ ကြမ်းဖက်သမားအဖြစ် အသိအမှတ်ပြုကာ စနစ်တကျနဲ့ ထိထိရောက်ရောက် ကိုင်တွေဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။ NGO တွေကို မောင်းထုတ်ပေးဖို့ ကွန့်ကွက်ဆန္ဒပြသူတွေကိုလည်း USDP မှ ငွေရေးကြေးရေးနဲ့ ပို့ဆောင်ရေးအရ ထောက်ပံ့ခဲ့သည်။ ဒီ နိုင်ငံရေးပါတီတွေက စစ်အုပ်ချုပ်ရေး အမိန့် ချရန်လည်း တောင်းဆိုခဲ့ပါတယ်။

ဒီအခြေနေတွေကို နီးနီးကပ်ကပ်မှ လေ့လာပြီးတော့ တွေ့ရတာက-

အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစွမ်းရောက်ရခိုင်တွေ ပူးပေါင်းပြီး အကြီးစားလက်နက်ဖြင့် ရိုဟင်ဂျာ အရပ်သားတွေကို တိုက်ခိုက်ဖို့ ရည်မှန်းခြင်း၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ရိုဟင်ဂျာတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို  ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း အစရှိတာတွေဖြစ်ကြပါတယ်။ အတို ကောက်ပြီး ပြောရရင် ရာနဲ့ချီ ရိုဟင်ဂျာကျေးရွာတွေကို အခြေဖြုတ်ပြီး အချို့ကို ဝိုင်းဝန်ပိတ်ဆို့ ထားခြင်း၊ ထောင်နဲ့ချီ အသက်ဆုံးရှုံးခြင်း၊ ရာနဲ့ချီကျေးရွာတွေကို IDP ဒုက္ခသည်စခန်းထဲ သွင်းထားခြင်းနဲ့ လူ အမြောက်အမြားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးထိမ်းရှောင် ရခြင်းတို့ ဖြစ်ကြ ပါတယ်။

၂။ ရိုဟင်ဂျာတွေက ရခိုင်တွေကို တိုက်ခိုက်ခြင်း မရှိရင်လည်း စစ်သားတွေက ရခိုင်တွေကို လူ့အကာ အဖြစ် အကျိုးရှိရှိ သုံးစွဲနေတဲ့အပြင် အချို့ အစွန်းရောက်ရခိုင်တွေကို ရိုဟင်ဂျာများအား တိုက်ခိုက်ဖို့ သုံးနေတာ တွေ့ရပါတယ်။

၃။ မြန်မာအစိုးရကို လုံးဝ မယုံနိုင်တဲ့ အပြောအဆို- ဘင်္ဂါလီတွေက ကမ္ဘာ့အရုံ ဆွဲဆောင်နိုင်ဖို့ သူတို့ကိုယ်တိုင် သူတို့ရဲ့နေအိမ်တွေကို မီးရှို့နေတယ် (သို့) ဘင်္ဂါလီတွေက အရပ်သား တွေကို တိုက်ခိုက်နေတယ်လို့ ပြောဆိုနေတာနဲ့ အစိုးရက ကလေးတွေ အပါအဝင် လူကြီးတွေကို သတ်ဖြတ်တာတွေနဲ့ ဖမ်းဆီးတာတွေကို သံသယရှိသူတွေလို့ လိမ်လည်ပြောနေတဲ့ မြန်မာအစိုးရရဲ့ ထုံးစံဖြစ်တဲ့ အာစလျှာစကို သုံးစွဲလျက်ရှိတယ်။

၎။ ဒီလောက် ဆိုးရွားတဲ့ အခြအနေအတွက် မဟာမိတ်ဖွဲ့တတ်တဲ့ ဦးအေးမောင် အပါအဝင် အစွန်း ရောက် ဘုန်းကြီးများ၊ တပ်မတော်နဲ့ ၄င်းတို့ ထောက်ပံ့နေတဲ့ နိုင်ငံရေးပါတီတွေမှာ တဝန်ရှိကြပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ရိုဟင်ဂျာအရေးအတွက် နိုင်ငံတကာ ကြားဝင်စွက်ဖက်ခြင်းကို အစောတလျင် လိုအပ်နေပါတယ်။ ပြီးတော့ ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်တဲ့ အကြမ်းဖက်မှုတွေကို ရှောင်ရန် မြန်မာအစိုးရအား တိုက်တွန်းချင်ပါတယ်။ အာရ်ကာန်ဒေသရှိ ရိုဟင်ဂျာတွေဟာ နိုင်ငံ တောင်းနေတာ မဟုတ်ဘဲ သူတို့ရဲ့ အခွင့်အရေးနဲ့ အသက်ကိုသာ တောင်းနေတာဖြစ်ပါတယ်။

To send reports and feedback, please email to:burmese@rvisiontv.com

More from အယ်ဒီတာ့အာဘော်More posts in အယ်ဒီတာ့အာဘော် »
Mission News Theme by Compete Themes.