ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁သိန်းခန့်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိတဲ့ Barshansharကျွန်းဆီကို ပြောင်းရွှေ့နေရာချထားပေးဖို့ စီစဉ်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး နည်းပညာ ကျွမ်းကျင်မှုဆိုင်ရာတွေနဲ့ ကူညီလိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ UNHCR လက်ထောက်မဟာမင်းကြီး Kelly…
Posts tagged as “ဘင်္ဂလားဒေ့ရှ်”
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေထဲက ဒုက္ခသည်၄၆ ယောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရခိုင်ပြည်နယ် မောင်တောမြို့ကို သူတို့ သဘောဆန္ဒနဲ့သူတို့ ပြန်ဝင်လာခဲ့တာဖြစ်ကြောင်း ပြည်တွင်းသတင်း အရင်းမြစ်တွေအရသိရပါတယ်။ ပြန်ဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၆ဦးထဲက ၄၂ဦးကတော့ မောင်တောမြို့နယ် ငါးခူရ နယ်စပ်ဂိတ်ကနေ ပြန်ဝင်လာတာဖြစ်ပြီး ကျန်လေးဦးကတော့ တောင်ပြိုလက်ဝဲစခန်းကနေ ဒေသခံ…
မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ကို လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး အဆင်ပြေစေဖို့ တကယ်ကြီးမားတဲ့ ကြိုးစားလုပ်ဆောင်မှုတွေ လိုအပ်နေကြောင်းကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြကြောင်း ပြီးခဲ့တဲ့စနေနေ့က ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံကို သွားရောက်နေတဲ့…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါးလီဒုက္ခသည်စခန်းနံပါတ် ၁၁၊ အဆောင်နံပါတ် ဘီ-၂မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရေအိမ်အခက်ခဲတွေနဲ့ကြုံတွေ့နေရမှုကို တင်ပြနေတာဟာ ၈လတိတိရှိနေပြီဖြစ်ပေမယ့်လည်း တာဝန်ရှိသူတွေက ယခုအချိန်ထိ တစ်စုံတစ်ရာ စီစဉ်ပေးခြင်း မရှိသေးကြောင်း သိရပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဆောင်နံပါတ် ဘီ-၂မှာနေထိုင်တဲ့ မိသားစုဝင်၁၂၀ကို ပေးထားတဲ့ ရေအိမ် ၅ခုကို သူငါအပြိုင်လုယက် သုံးစွဲနေရတယ်လို့…
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ကျော်ကို သံဆူးကြိုးခတ်ဖို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက မှာကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး အဆာဒုဇ်ဇာမာန်ခန်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့မှာ မီဒီယာတွေကို ပြောကြားခဲ့ကြောင်း ပြည်ပသတင်းအရင်းမြစ်တွေအရ သိရပါတယ်။ ၂၀၁၆-၂၀၁၇ခုနှစ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အသက်လု ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတစ်သန်းခန့်ဟာ ထိုဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်လျက်ရှိနေတာပဲ…
မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်က ရိုဟင်ဂျာ ဒုက္ခသည်အရေးကို တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းသွားဖို့ နိုင်ငံတကာအဖွဲ့အစည်းကို လှုံ့ဆော်တိုက်တွန်းလိုက်ပါတယ်။ ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) အတွက် နယူးယောက်မြို့ကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်စကားပြောဆိုမှုမှာ မြန်မာအစိုးရက ဒီအရေးကိစ္စကို ဖြေရှင်းလုပ်ဆောင်သွားဖို့ ဆန္ဒလုံးဝမရှိဘူးလို့ သူကပြောကြားလိုက်ပါတယ်။ “ဒါကြောင့်ပဲ ဒါဟာကျွန်တော်တို့အပေါ်တာဝန်ကျလာပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့လည်း ဒီအခြေအနေနဲ့ပတ်သက်ပြီး…
ရခိုင်ပြည်နယ်တွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာအာဏာပိုင်တွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေအပြင် အရပ်သား အစွန်းရောက် ရခိုင်တစ်ချို့က ညှင်းပမ်းနှိပ်စက် ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး လက်ရှိ မြန်မာစစ်တပ်နဲ့ AAတို့ကြား တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက ၂၀၁၇ခုနှစ် NLDနဲ့ မြန်မာ့တပ်မတော်တို့ ပူးပေါင်းကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းစစ်ဆင်ရေးမှာ…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဲခ်နာ့ဖ်မြို့၊ ဂျာဒီမိုရာ၊ ရှလ်ဘဂန်း ဒုက္ခသည်စခန်းနံပါတ်(၂၆-၂၇)က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဖုန်းအသုံးပြုခွင့်၊ အင်တာနက်သုံးစွဲခွင့် ကန့်သတ်ပိတ်ပင်မှုတွေကို ရပ်တန့်ပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ရှလ်ဘဂန်းဒုက္ခသည်စခန်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ဒုက္ခသည်အများပြားကို အတင်းအဓမ္မရပ်တန့် စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဖုန်း၊ ဆင်းမ်ကဒ် ဒါမှမဟုတ် ဆက်သွယ်ရေးကိရိယာ…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဲခ်နာ့ဖ်မြို့မှာရှိတဲ့ ဒုက္ခသည်စခန်းနံပါတ် ၂၇ ၊ ဘလော့ခ်-ဘီမှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဥစ္စာပစ္စည်းတွေကိုလုယူနေတဲ့အပြင် ယာယီတဲတွေကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း VORအဖွဲ့ဝင် တစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်တွေကို အမြဲ စာနာထောက်ထားပြီး ကူညီပေးနေတဲ့ အဒူမူနာဖ်ကုမ္ပဏီ၏သား မိုဟာမတ်အူမောရ်ကို သြဂုတ်လ ၂၃ရက်…
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘော ဆန္ဒအတိုင်း ပြန်နိုင်မယ့် အချိန်အထိ ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။ ရိုဟင်ဂျာတွေကို ပထမတကြိမ် နေရပ်ပြန်ပို့ရေးအစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ထပ်မံ ကြိုးပမ်းတဲ့…