Press "Enter" to skip to content

ရိုဟင်ဂျာ ဗီးရှင်း

လှေမှောက်သွားတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား တံငါသည်တွေကယ်တင်

အင်ဒိုးနီးရှားနိုင်ငံ၊ အနောက်အင်ဒိုကမ်းရိုးတန်းဒေသ၊ အာချေးပြည်နယ် ကမ်းခြေမှာ ရိုဟင်ဂျာအရေအတွက်ခန့်မှန်းခြေ ၁၅၀ ဦးခန့် တင်ဆောင်လာတဲ့ သင်္ဘော တစ်စီးရောက်ရှိလာခဲ့ပြီး ကမ်းကပ်လို့မရဖြစ်နေကြောင်း သိရပါတယ်။ ဒီရေအတက်မှာ တိမ်းမှောက်သွားတဲ့ လှေပေါ်က ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို တံငါသည်တွေက အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်နားမှာ ကယ်တင်လိုက်တယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်းရေးရာ အကြီးအကဲက ပြောပါတယ်။…

မောင်တောမှာ ရိုဟင်ဂျာလူငယ်တွေ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ်လ ၁၈ ရက်မနေ့ကပြီး ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။ မတ်လ ၁၉ ရက် ဒီနေ့မနက်အစော တစ်နာရီခွဲခန့်ကလည်း မြို့မကညင်တန်း‌၊ မောင်နီရွာ၊ လက်သာရွာနဲ့ ရပ်ကွက် (၂) စတဲ့ရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့…

ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကာအကွယ်ပေးဖို့ ရိုဟင်ဂျာ တရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အမြန်ဆုံးအရေးယူဖို့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ…

မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ သေဆုံးနဲ့ ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက် ဒီနေ့ မနက်တစ်နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၆၀ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက Rvision ကိုပြောပါတယ်။ ရွာသားတွေအိပ်နေချိန် ရွာအလယ်တည့်တည့်ကို ဂျက်တိုက်လေယာဉ်နဲ့…

စစ်တွေမှာ သေနတ်သမားတွေကြောင့် ရိုဟင်ဂျာတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အာရ်ကာန်ပြည်နယ် စစ်တွေမြို့ ဘုမေကျေးရွာမှာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး နောက်ထပ် နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ရိုဟင်ဂျာကျေးရွာသားတွေက Rvision ကို ပြောပါတယ်။ သေနတ်သမားနှစ်ဦးနဲ့ နောက်လိုက်ရိုဟင်ဂျာသုံးဦးတို့ က သူတို့ ပြန်ပေးဆွဲခဲ့တဲ့ သုံးနှစ်အရွယ်…

စစ်ကောင်စီက မောင်တောဆေးရုံ ပိတ်လိုက်လို့ ဒေသခံတွေ အခက်တွေ့နေ

အာရ်ကာန်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံဟာ မတ်လ ၁ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာကြောင့် ကုသရေးအပိုင်း ရပ်တန့်သွားပြီး နေမကောင်းဖြစ်နေတဲ့လူနာတွေ၊ မီးဖွားမယ့်လူနာတွေနဲ့ အရေးပေါ်လူနာတွေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဆေးရုံပိတ်ပြီး ဆရာဝန်နဲ့ ဝန်ထမ်းအားလုံး စစ်တွေမြို့ကိုလာဖို့ ပြည်နယ်စစ်ကောင်စီက မတ်လ ၁ ရက်နေ့မှာ ဖိအားပေးခေါ်ခဲ့ပြီးနောက်ပိုင်း…

ရိုဟင်ဂျာ ၉၇ ဦး ရုပ်အလောင်းတွေ လာသယ်ဖို့ ဒုက္ခသည်စခန်းတွေကို စစ်ကောင်စီ အကြောင်းကြား

အာရ်ကာန်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော်နားက တိုက်ပွဲမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၉၇ ဦး အလောင်းတွေ သယ်ယူဖို့ စစ်တွေမြို့ပေါ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို စစ်ကောင်စီက မတ်လ ၁၃ ရက်နေ့မှာ အကြောင်းကြားတယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ကောင်စီက အာရ်ကာန်ပြည်နယ် တိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေကို လူသားဒိုင်းအဖြစ်…

အဓမ္မစစ်သင်တန်းပေးခံရသည့် ရိုဟင်ဂျာလူငယ်များ သင်တန်းဆင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည့်စခန်းတစ်ခုမှ လူငယ် ၁၀၀ ကျော်ကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်ကောင်စီတပ်က နှစ်ပတ်နီးပါးကြာ အတင်းအကျပ် စစ်သင်တန်းပို့ချပြီးနောက် ယမန်နေ့ (မတ်လ ၁၁) က သင်တန်းဆင်းပေးလိုက်သည်။ ကျောက်ဖြူမြို့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ ‘ကျောက်တစ်လုံး’ ရိုဟင်ဂျာဒုက္ခသည့်စခန်းရှိ လူ ၁၂၇ ဦးကို ကျောက်ဖြူမြို့အခြေစိုက်…

AA က အစေခံမဖြစ်ချင်တဲ့ ရိုဟင်ဂျာရပ်မိရပ်ဖတွေကို ပြန်ပေးဆွဲနှိပ်စက်ဖို့ရှာနေ

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းဒေသတွင် AA က ၎င်းရဲ့ အစေခံမဖြစ်ချင်တဲ့ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ဖို့ရှာနေကြောင်း သိရပါတယ်။ ဧပြီလ ၁၉ ရက်၊ အင်္ဂါနေ့ ညနေ ၅ နာရီလောက်မှာ AA အဖွဲ့ဝင် ၆ ဦးဟာ လက်နက် ၄ လက်ဖြင့်…

UNHCR စာရွက်စာတမ်းအတုများ ကိုင်ဆောင်မှု စွပ်စွဲချက်ဖြင့် Jammu-Kashmir တွင် ရိုဟင်ဂျာ ဒုက္ခသည် တစ်ဒါဇင်ကျော် ဖမ်းဆီးခံခဲ့ရ

UNHCR ရဲ့ စာရွက်စာတမ်းအတုများ ကိုင်ဆောင်ထားမှု စွပ်စွဲချက်ဖြင့် ဂျမူး-ကက်ရှ်မီးယားတွင် ရိုဟင်ဂျာဒုက္ခသည် တစ်ဒါဇင်ကျော်ကို အိန္ဒိယရဲများက ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဧပြီလ ၁၇ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် ၁၁း၃၀ အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၂၀…

Mission News Theme by Compete Themes.