Press "Enter" to skip to content

လှေမှောက်သွားတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား တံငါသည်တွေကယ်တင်

အင်ဒိုးနီးရှားနိုင်ငံ၊ အနောက်အင်ဒိုကမ်းရိုးတန်းဒေသ၊ အာချေးပြည်နယ် ကမ်းခြေမှာ ရိုဟင်ဂျာအရေအတွက်ခန့်မှန်းခြေ ၁၅၀ ဦးခန့် တင်ဆောင်လာတဲ့ သင်္ဘော တစ်စီးရောက်ရှိလာခဲ့ပြီး ကမ်းကပ်လို့မရဖြစ်နေကြောင်း သိရပါတယ်။

ဒီရေအတက်မှာ တိမ်းမှောက်သွားတဲ့ လှေပေါ်က ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို တံငါသည်တွေက အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်နားမှာ ကယ်တင်လိုက်တယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်းရေးရာ အကြီးအကဲက ပြောပါတယ်။

အနောက်အာချေး Meulaboh မြို့နားမှာ ရိုဟင်ဂျာ ၅၀ ကျော်လောက်ကို ကယ်ဆယ်နိုင်တယ်လို့ ဆိုပါတယ်။ သူတို့ကို ကယ်တင်ဖို့ တာဝန်ရှိပြီး ရာသီဥတုဆိုးဝါးတဲ့ကြားက စွန့်စွန်းစားစား ကယ်ဆယ်ခဲ့ရတယ်လို့ ပြောပါတယ်။

ထို့အပြင် ရိုဟင်ဂျာတွေအနက် လူ ၁၀ဦးခန့်မှာလည်း သင်္ဘောပေါ်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေကယ်ဆယ်ဖို့ ကြိုးပမ်းပေမဲ့လည်း သူတို့လှေမှာ အရမ်းသေးငယ်နေတာကြောင့် သင်္ဘောကမ်းကပ်လာဖို့ကိုသာ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

ပင်လယ်ရေငြိမ်တဲ့ နိုဝင်ဘာကနေ ဧပြီအတွင်း ရိုဟင်ဂျာတွေဟာ သစ်သားလှေတွေနဲ့ ထိုင်းနဲ့ ရိုဟင်ဂျာ အများစုရှိတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားကို ထွက်ခွာကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာကစလို့ အင်ဒိုနီးရှားကို ရိုဟင်ဂျာ နှစ်ထောင်လောက်ရောက်ရှိပြီး အများစုက အာချေးကိုရောက်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.