ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တစ်လအတွင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် လူ ၅ ဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က သာယာကုန်းကျေးရွာမှာနေတဲ့ ဦးကူးဟွေး တောင်ယာသွားတာ ပြန်မရောက်လာတဲ့အတွက် ဇနီးဖြစ်သူလိုက်သွားရာမှာ လင်မယားနှစ်ဦးစလုံး ပျောက်ဆုံးခဲ့ကြောင်း၊ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ခြောက်လကိုဆောင်ထားလျက်ရှိကြောင်း ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။ သာယာကုန်းကျေးရွာဟာ…
Posts published in “မြန်မာ”
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ ဒေသခံရိုဟင်ဂျာများဟာ ရှာဖွေစားသောက်ဖို့ အသွားအလာပြုရာမှာ ကျီးကန်ပြင်နယ်ခြားစောင့်ရဲဌာနချုပ်စစ်ဆေးရေးဂိတ်တွင် အထောက်အထားစာရွက်စာတမ်းများနဲ့သွားလာဖြတ်သန်းနေကြရပါတယ်။ AA တပ်ဖွဲ့နဲ့ ဗမာစစ်တပ်တို့စစ်ဖြစ်ပွားတဲ့နောက်ပိုင်းမှစပြီး စစ်ဆေးရေးဂိတ် ၄ခုဖြစ်တဲ့ ၃ မိုင်စစ်ဆေးရေးဂိတ်၊ သီဟိုခြံစစ်ဆေးရေးဂိတ်၊ဌာနချုပ်စစ်ဆေးရေးဂိတ်နဲ့ ပါဝချောင်းစစ်ဆေးရေးဂိတ်စတဲ့ဂိတ်တွေ တိုးလာခဲ့ပါတယ်။ ၃မိုင်စစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာတွေဟာ အထောက်အထားဖြစ်တဲ့ NVC (သို့မဟုတ်)ရွာထွက်လတ်မှတ်တွေကိုပြရာတွင် အဆိုပါစာရွက်စာတမ်းများမှာ မြန်မာနာမည်ဖြစ်ပါက ကုလားနာမည်မရှိဘူးလား၊…
ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာစတင်ကျင်းပခဲ့တဲ့ UNHCR အမှုဆောင်ကော်မတီအစည်းအဝေးမှာ နိုင်ငံမဲ့အရေးဆွေးနွေးခဲ့ရာတွင် သြစတေးလျရုပ်ရှင်သရုပ်ဆောင် Cate Blanchett လည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။ ဒီအမှုဆောင်ကော်မတီအစည်းအဝေးဟာ UNHCR ရဲ့ အကြိမ် ၇၀မြောက်ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါတယ်။မဟာမင်းကြီး Filipo Grandi က ဒုက္ခသည်အရေး…
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တွင် ဒီကနေ့မနက်ပိုင်း ၁ နာရီကျော်လောက်က ဗမာစစ်တပ်နဲ့ AAတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက Rvision သို့သတင်းပေးပို့ခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ်၊ကမ်းတောင်ရွာ၊ ကြာညိုပင်ကျေးရွာ၊ သရက်ပြင်ရွာနဲ့ ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာ၊သာစည်၊ကျောက်တန်းရွာတို့မှာ တစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကာ ဗမာစစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုတော်တော်များများတွေ့ရပြီး AAတပ်ဖွဲ့ဘက်ကတော့တစုံတရာကိုမှမတွေ့ရကြောင် မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။ ပြင်းထန်တဲ့တိုက်ပွဲနှစ်ခုကြားမှာ ဒေသခံပြည်သူတွေအား ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာမို့ လှေငယ်များအသုံးပြုကာ ရေလမ်းခရီးမှသွားလာရှာဖွေစားသောက်နေရကြောင်းသိရပါတယ်။…
ရန်ကုန်ကက်သလစ်ခရစ်ယာန်သာသနာဆရာတော် Cardinal Charles Bo က တိုက်ပွဲတွေကို ဆန့်ကျင်တဲ့အကြောင်းပြောဖို့နဲ့ ပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကိုစာနာဖို့ ဘာသာရေးခေါင်းဆောင်တိုင်းကို တိုက်တွန်းတဲ့အနေနဲ့ နှိုးဆော်စာတစ်စောင်ထုန်ပြန်လိုက်ပါတယ်။ ၄င်းစာတွင် ငြိမ်ချမ်းစွာရေးကိုလိုလားတာမို့ ငြိမ်းချမ်းစွားနေထိုင်ရဖို့နှိုးဆော်တဲ့စာဖြစ်ကြောင်း၊ မြန်မာပြည်က ပြည်သူတွေဟာ ဘာသာရေးခေါင်းဆောင်များရဲ့အဆုံးအမကို လိုက်နာတာမို့ ဘာသာရေးခေါင်းဆောင်များကပါဝင်ရန် အကြံပြုထားတာဖြစ်ပါတယ်။ ပြည်တွင်းတိုက်ပွဲတွေကြောင့် အသက်ပေါင်းများစွာပေးခဲ့ကြရပြီး ဆင်းရဲတဲ့ပြည်သူတွေဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရန်သူမဟုတ်ကြောင်းပြောခဲ့ပါတယ်။…
ဗမာတပ်မတော်နဲ့ ရခိုင် AA တပ်မတော်တို့ရဲ့တိုက်ပွဲတွေကြောင့် ကွမ်းတောင်ကျေးရွာကနေ စေတီတောင်ကျေးရွာသို့ ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရခိုင်မိသားစုတစ်စုအိမ်သို့ ညနေ ၄နာရီကျော်တွင် အိမ်ထရံကိုကျည်ဆံထိမှန်ကာ ၁၄နှစ်အရွယ်ကျောင်းသူတစ်ဦး ဝမ်းဗိုက်တွင်ကျည်စထိမှန်သွားခဲ့ကြောင်းသိရပါတယ်။ ကျောင်းသူရဲ့မိခင်ဖြစ်သူဟာ ဗမာတပ်မတော်က ပစ်ခတ်တာလို့ပြောပါတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ပဲ နွားရုံတောင်ဘက်က ဗမာစစ်သားတွေပစ်တာဖြစ်ကြောင်း၊ယခုကျောင်းသူလေးအား စေတီတောင်တိုက်နယ်ဆေးရုံကိုပို့ဆောင်ခဲ့ကာ ထို့နောက် စစ်တွေဆေးရုံသို့အရေးပေါ်ပို့ဆောင်ထားကြောင်းသိရပါတယ်။ တပ်မတော်ရဲ့လက်ချက်ဖြစ်ကြောင်း ပြောဆိုမှုနဲ့ ပတ်သက်လို့…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘာဇာ၊ နယာပါရာ ယာယီဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာမိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့မှတရားခံတွေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြီးခဲ့တဲ့ကြာသပတေးနေ့က ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် တိုင်းရင်းသားရိုဟင်ဂျာတွေဟာ ဘိုးဘွားပိုင်မြေများကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရာ ဘင်္ဂလားဒေ့င်္ရှနိုင်ငံဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော်ရှိနေပါပြီ။ အဓမ္မပြုကျင့်ခံရတဲ့ ရိုဟင်ဂျာမိန်းကလေးငယ်ရဲ့ အကိုဖြစ်သူ မိုဟာမက်ဒ်အိုစမန်းက…
ရခိုင်ပြည်နယ် ပုဏ္ဏားကွန်း၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်ဒေသအချို့တွင် အင်တာနက်ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက တောင်းဆိုလိုက်တယ်လို့သိရပါတယ်။ အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်တာဟာ ကုလသမဂ္ဂရဲ့လုပ်ငန်းတွေကို အဟန့်အတားဖြစ်စေကြောင်း၊ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်က ပဋ္ဋိပက္ခတွေကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာမှာ အခက်အခဲဖြစ်စေကြောင်း ရန်ကုန်ရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။ အင်တာနက်ဆက်သွယ်မှုပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာ၊ ပညာသင်ကြားရေး၊ ကျန်းမာရေး ၀န်ဆောင်မှုများနဲ့…
မနေ့ညပိုင်း ၇နာရီ ၃၈မိနစ်အချိန်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘာဇာ၊ နယာပါရာ ယာယီဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦးအား ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့ကအဓမ္မပြုကျင့်ခဲ့ကြောင်းသိရပါတယ်။ အဓမ္မပြုကျင့်ခံရသူမိန်းကလေးငယ်ဟာ ကော့ဇ်ဘာဇာ၊ တက်နာဖ်မှ နာယာပါရာယာယီဒုက္ခသည်စခန်းအမှန် (၁)၊ ဘလောက် (E) ၊ နံပတ် ၉၃၂ အခန်းနံပတ် ၁၊ ၂ မှ မိုရီယာမ်ခါသွန် (ဘ)…
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင်တွင် ရွာတာဝန်ခံတစ်ဦးဖြစ်တဲ့ နူရ်ဂျူရ်ဟာရ် (ဘ) အဘူတာဟဲရ်ဆိုသူဟာ ကျေးရွာအတွင်းဆင်းရဲနွမ်းပါးတဲ့ ဒေသခံရိုဟင်ဂျာတွေအပေါ် မဟုတ်မမှန်လိမ်စဉ်ထွင် ဖန်တီးသတင်းလုပ်ပြီး အာဏာပိုင်များအားပေးပို့ကာ အာဏာပိုင်များနဲ့ပေါင်းပြီး ဒေသခံရိုဟင်ဂျာရွာသားများထံမှ ငွေကြေးအဆမတန်မတရားညှစ်ယူနေတဲ့အပြင် ရွာအတွင်းသတ်သတ်လိုင်စင်ယူပြီး လယ်သမားများအား လယ်ထွန်ရန် အရောင်းအဝယ်ပြုလုပ်သော ကျွဲနွားများကို ငွေကြေးပိုမိုကောက်ခံနေကြောင်း ဒေသခံတစ်ဦးက Rvsion သို့သတင်းပေးပို့ခဲ့ပါတယ်။ ကျေးရွာအတွင်း ငွေကြေးအဆင်မပြေ၊…