Press "Enter" to skip to content

မြန်မာအစိုးရဲ့ စုံစမ်းရေးကော်မရှင်သစ် ဖွဲ့စည်းမှုအပေါ် သုံးသပ်

၀၁၇ခုနစ်က ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်လို့ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရကြောင်း ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာ ၇ သိန်းကျော်ကို နည်းအမျိုးမျိုးသုံး လူမျိုးတုန်းသတ်ဖြတ်ကာ မောင်းထုတ်ခဲ့တာကြောင့် ဒေသခံရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခအတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြောင့် စစ်အစိုးရဘက်မှ မတတ်သာပဲ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို စုံစမ်း စစ်ဆေးဖို့ အဖွဲ့ဝင် ၄ ဦးပါတဲ့ လွတ်လပ်သော စုံစမ်းရေးကော်မရှင်ကို မနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးက ကြေညာထားတာတွေ့ ရပါတယ်။

ရခိုင်ပြည်နယ်တွင်း ပြည်လည် သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့ အမျိုးသားအစီအစဉ် တရပ် အနေနဲ့ အဖွဲ့ဝင် ၄ ဦးပါ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တာလို့ မြန်မာအစိုးရဘက်က ပြောပါတယ်။နိုင်ငံတကာက ဖိအားပေးနေတဲ့ ရခိုင်ပြသနာအတွက် မတတ်သာတဲ့အဆုံး အမြင်ကြည်လင်စေရန် ၄င်းအဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းခဲ့ပေမဲ့ စစ်တပ်သာ အာဏာရှိနေတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ စုံစမ်းမှုမျိုး မရနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ စုံစမ်းမှုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။

ဥက္ကဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို Rosario Manalo ပါဝင်ကာ ၄င်းဟာ ယခင်က ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်ပြီး ကုလသမဂ္ဂ CEDAW ကော်မတီဥက္ကဌဟောင်းလည်းဖြစ်ခဲ့ပါတယ်။အဖွဲ့ဝင်တွေ အဖြစ် ဂျပန်နိုင်ငံ သံအမတ်ကြီး ကန်ဇိုအိုရှီးမား Kenzo Oshima ယခင် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ကိစ္စရပ်များ ဆိုင်ရာ ဒုအတွင်းရေးမှုးချုပ်ဟောင်းဖြစ်သူကပါဝင်ကာ မြန်မာနိုင်ငံမှ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌဟောင်း ဦးမြသိန်းနဲ့ UNICEF အဆင့်မြင့်အကြံပေးဟောင်းလည်းဖြစ် ကုလသမဂ္ဂဝန်ထမ်းကောလိပ် အဆင့်မြင့်အရာရှိ ဟောင်းလည်းဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့လည်း ပါဝင်ပါတယ်။

HRW လူ့အခွင့်ရေးအဖွဲ့က Brad Adams က စုံစမ်းရေးကော်မရှင်အသစ်ဟာ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကိုစုံစမ်းမဲ့အဖွဲ့ထဲမှာ နိုင်ငံခြားသား ၂ ဦးပါဝင်ပြီး စုံစမ်းမှုတွေလုပ်တဲ့အခါမှာ စစ်တပ်ဘက်မှ အမှန်တကယ် လုပ်ခွင့်ပေးရန်လိုအပ်ကြောင်း သို့မှသာ ၄င်းလုပ်ငန်းဟာ အောင်မြင်မှာဖြစ်ကြောင်းကို ပြောပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ကုလသမဂ္ဂကို စုံစမ်းစစ်ဆေးရန် ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ လုပ်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်သာအာဏာရှိနေတာမို့ ဒီကော်မရှင်ဟာ အလုပ်ဖြစ်လိမ့်မယ်မထင်ပါဘူး။စစ်တပ်ကသာ အမှန်တကယ် လွတ်လွတ်လပ်လပ် ခွင်ပြုခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ် ပဋိပက္ခအခြေအနေဟာ အကျိုးအကြောင်းအမှန်ပေါ်လာမှာ ဖြစ်ပြီး ရာဇ၀တ်မှုကျုးလွန်သူများလည်း အမှန်တကယ်ကို နိုင်ငံတကာ တရားခုံးရုံးသို့ ပို့ကာ အပြစ်ဒဏ်ပေးရမျာ မလွဲဧကန်ပါပဲ။
ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံတိုင်းရင်းသားရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှာ စစ်တပ်ကိုယ်တိုင် ပါဝင်ပတ်သတ်နေတာကြောင့် စစ်တပ်ဘက်ကတော့ ဘယ်လိုနည်းနဲ့မှ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုးကိုခွင့်ပြုလိမ့်မှာမဟုတ်ပါဘူး။

လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် လို့ နံမယ် တပ်ထားပေမယ့် နိုင်ငံတကာကလည်း လွတ်လပ်တဲ့ကော်မရှင် အနေနဲ့ သတ်မှတ်ယုံကြည်လို့မရကြောင်း ပြောနေပါတယ်။ဘာကြောင့်လည်းဆိုရင် ဒီအဖွဲ့က လွတ်လွတ်လပ်လပ် စုံစမ်းနိုင်မယ်လို့ အာမခံမရှိတဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ အဖွဲ့ဖြစ်နေလို့ပါပဲ။
ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နေရာကို သွားကြည့်နိုင်ရမှာဖြစ်ကြောင်း၊ လိုချင်တဲ့ အချက်အလက်တွေ အားလုံးကိုရနိုင်ရမှာဖြစ်ပြီး စစ်တပ်နဲ့ ရဲ ဘက်က လူတွေဟာ အရင်ကလို သွားချင်တဲ့နေရာတွေကို သွားခွင့်မပေးခြင်းမပြုလုပ်ပဲ မှန်မှန်ကန်ကန် နည်းစနစ်ကျကျပူပေါင်းရမှာဖြစ်ပါတယ်။ သို့ မှသာ လွတ်လပ်တဲ့ ကော်မရှင်လို့သတ်မှတ်နိုင်မှာဖြစ်ပြီး ၄င်းအချက်အလက်တွေခွင့်မပြုပါက ယခင်ကလို နာမည်ခံပြီး ဒုံးရင်းအတိုင်းသာ ဖြစ်နေလိမ့်မှာပါ။

မြန်မာအစိုးရဘက်မှလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ ပြသနာတွေကို အမှန်တကယ်အေးးချမ်းစေလိုပါက စိတ်ရင်းအမှန်ဖြင့် လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်များကို နိုင်ငံတကာနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.