ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban ပြည်နယ်၊ Naikhongchhari upazila နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကြားနယ်စပ်တွင် ညပိုင်းအချိန် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ကာ ရိုဟင်ဂျာတစ်ဦး အသက်ဆုံးရှူံးခဲ့ကြောင်းသိရပါတယ်။
အဆိုပါမြေမြှုပ်မိုင်းဟာ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ မြှုပ်နှံထားတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာအတွင်းရှိ နယ်ခြားစောင့်တပ်ရင်း ၃၄မှ တပ်မှူးဒုဗိုလ်မှူးကြီး Ali Hayder Azad Ahmed ကပြောပါတယ်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့်အသက်ဆုံးရှူံးခဲ့သူဟာ ကော့ဇ်ဘာဇာ ယူခီယာ ကူသူပါလောင် ဒုက္ခသည်စခန်းမှ အသက် ၃၆ နှစ်အရွယ်ရှိ Abdul Mazid ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးပဲဖြစ်ကြောင်း BGP အရာရှိတစ်ဦးပြောပြချက်အရ သိရပါတယ်။ Naikhongchhari ရဲတပ်ဖွဲ့စခန်းရဲ့တာဝန်ခံအရာရှိတစ်ဦးဖြစ်တဲ့ Anwar Hosen ကတော့ သေဆုံးသူဟာ ၄င်းနှစ်နိုင်ငံနယ်စပ်ကြားသို့ အဘယ်အကြောင်းကြောင့် သွားခဲ့တယ်ဆိုတာကိုတော့ စခန်းအတွင်း မည်သူတစ်ဦးတစ်ယောက်ကမှလည်း မသိကြကြောင်း ပြောပါတယ်။