Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသမီးများ လူကုန်ကူးခံရမှု များပြားလာ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူကုန်ကူးခံရတဲ့ ဆေးနူဝါရ်ဘေဂွမ်ဟာ သူမတစ်ကြိမ်တစ်ခါမှ မဆုံဖူးတဲ့သူနဲ့ လက်ထပ်ရန်အတွက် မလေးရှားနိုင်ငံကို ရောက်ရှိဖို့ လူကုန်ကူးသူရဲ့ ဦးဆောင်မှုဖြင့် ကုန်းကြောင်းရေကြောင်းနဲ့ ၂ပတ်ကြာ သွားခဲ့ရပြီး မြစ်နဲ့တောင်တွေကို ဖြတ်ကျော်ခဲ့ရတယ်လို့ အလ်ဂျားဇီးရား သတင်းအရ သိရှိရပါတယ်။

ဒီခရီးဟာ သူမ လုံးဝမသိရှိရတဲ့ နယ်မြေတောတောင်တွေ နယ်စပ်တွေဖြစ်ပြီး သူမလက်ရှိ ခိုလှုံနေထိုင်ရာ အရပ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုဒုက္ခသည် စခန်းမှာ နေထိုင်ကြတဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတွေနဲ့ မိန်းမပျိုတွေ လူကုန်ကူး ခံနေရတာ များသထက် များပြားလာနေတာကို တွေ့ရပါတယ်။

၂၀၁၇ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုတွေ ပြုလုပ်ပြီးနောက်မှာ ကမ္ဘာ့အကြီးဆုံးဒုက္ခသည် စခန်းဖြစ်လာတဲ့ ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ကူတူးပါလောင်ဒုက္ခသည်စခန်းက အမျိုးသမီး အများပြား လူကုန်ကူးခံနေကြရတာဖြစ်ပါတယ်။

https://rohingyavision.com/burmese/2019/02/10/%E1%80%98%E1%80%82%E1%81%A4%E1%80%9C%E1%80%AC%E1%80%B8%E1%80%B1%E1%80%92%E1%80%B7%E1%80%9B%E1%80%BD%E1%80%B9%E1%80%99%E1%80%BD-%E1%80%85%E1%80%80%E1%80%B9%E1%80%B1%E1%80%9C%E1%80%BD%E1%80%BB%E1%80%96/

လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းမှာ အမျိုးသမီးတွေအတွက် လုံခြုံမှုအားနည်းပြီး ၄င်းတို့ ခိုလှုံနေထိုင်ကြရတဲ့ အမိုးအကာတွေဟာ ဝါးတွေကိုဘောင်ခတ်ပြီး ပလက်စတစ်တွေကိုသာ အသုံးပြု ကာရံဆောက်လုပ်ထားတာကြောင့် လုံခြုံမှုမရှိတာပဲ ဖြစ်ပါတယ်။

“ကျွန်မတို့ဟာ ကုန်းလမ်းခရီးကနေတစ်ဆင့် လူကုန်ကူးခံခဲ့ကြရပြီး ရံဖန်ရံခါကားအပြောင်းအလဲ ပြုလုပ်တာတွေ ရှိပါတယ်။ ဒုက္ခသည်စခန်းကနေ စတင်ထွက်ခွာခဲ့ကြရပြီး အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ပြီိး မလေးရှားနိုင်ငံကို ဦးတည်ခေါ်ဆောင်ခြင်း ခံကြရတာပါ။ ကျွန်မတို့ လူကုန်ကူးခံရသူ သုံးယောက်ရှိပြီး ကျွန်မနဲ့အတူ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်လည်းပါတယ်။ လူကုန်ကူးသူရဲ့ အနိုင်ကျင့် အဓမ္မပြုကျင့်မှုတွေခံရမှာကို  ကျွန်မ အလွန်ကြောက်ရွံ့နေခဲ့တာပါ” လို့ သူမက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် နီးစပ်ရာနိုင်ငံတွေကို ထွက်ပြေးခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် အမျိုးသမီးတွေဟာ မိမိတို့ရဲ့ မူလဒေသကိုလည်း မပြန်နိုင်ကြတဲ့အပြင် ဒုက္ခသည်စခန်းတွေမှာ ဘဝလှုံခြုံမှုမရှိပဲ လူကုန်ကူးသူတွေကြောင့် ဒုက္ခမျိုးစုံကိုဆက်လက် ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။

Source: Aljazeera

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.