Press "Enter" to skip to content

ကိုလိုနီခေတ် သတင်းစာက ပြောပြသည့် “ရိုဟင်ဂျာ” (ခ) ရခိုင်မူစလင်

ဗြိတိသျှ ကိုလိုနီခေတ် ၁၉၃၅ ခုနှစ် ဧပြီလ ထုတ် “မြန်မာ့အလင်းသတင်းစာ” ပါ ဆောင်းပါးရှင် မင်းတိုင်ပင်အမတ်”ဦးဘိုးခိုင်” (စစ်တွေ) ရေးသားသည့် “မြန်မာမူစလင်”ဆောင်းပါး မှ ရိုဟင်ဂျာ တွေဟာ ရခိုင်မှာနှစ်ပေါင်း ၁၀၀၀ ကျော် က အခြေချ နေခဲ့သော လူမျိုးစုဖြစ်ကြောင်း ထင်ရှား နေပါတယ်။ 

သာမည ရခိုင် မူစလင် ဖြစ်ပေါ်လာပုံမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က အစပြုပြီး ရခိုင်ပြည်သို့ လာရောက်အခြေချသော အာရပ်၊ပါရှန်း၊အိန္ဒိယ လူမျိုးများက ဆင်းသက်ပေါက်ဖွား လာသူများဖြစ်ကြောင်းတွေ့ရသည်။ မြန်မာသက္ကရာဇ် ၇၆၆ မှ ၇၉၆ အထိ (AD-1404-1434) အထိအုပ်ချုပ်ခဲ့သော ရခိုင်ဘုရင် “မင်းစောမွန်”ခေါ် “နရမိတ်လှ”လက်ထက် တွင် အိန္ဒိယ စစ်တကောင်းဒေသမှ မူစလင် များ လာရောက် အခြေချ မင်းမှု.ထမ်းခဲ့ကြသည်။ 

ဒေသခံရိုဟင်ဂျာ တွေဟာ နှစ်ပေါင်းများစွာ ရခိုင်ပြည်နယ် မှာ အခြေချ နေခဲ့ကြောင်း အထောက်အထားများစွာထဲက တခုကို ဆွဲထုတ် ဖော်ပြလိုက်ရပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ် ၁၉၃၅ ခုနှစ် ဧပြီလ ထုတ် "မြန်မာ့အလင်းသတင်းစာ"
ဗြိတိသျှ ကိုလိုနီခေတ် ၁၉၃၅ ခုနှစ် ဧပြီလ ထုတ် “မြန်မာ့အလင်းသတင်းစာ”

Credit: ကိုညီညီ

More from စာရွက်စာတမ်းMore posts in စာရွက်စာတမ်း »
Mission News Theme by Compete Themes.