၂၀၁၉ ခုနစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရိုဟင်ဂျာကိုယ်စားလှယ်များဟာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု လွတ်မြောက်သူများစခန်းတွင်တွေ့ဆုံခဲ့ကြပါတယ်။ အစည်းအဝေးကို ကူသူပလောင်ဒုက္ခသည်စခန်းတိုးချဲ့ ၄ ရဲ့ CIC ရုံးတွင်ကျင်းပခဲ့တာဖြစ်ပြီး ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါမြန်မာနိုင်ငံဘက်မှလာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ…
Posts tagged as “ရိုဟင်ဂျာ”
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာကို သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတစ်ချို့မှာ ပြုလုပ်နေတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာအစိုးရက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်ခဲ့တဲ့အပြင် လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်ခဲ့တာကြောင့် ဂမ်ဘီယာနိုင်ငံ က မြန်မာနိုင်ငံအပေါ်…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ်မှာ နေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ရေချမ်းပြင်ရွာသစ်မှာနေထိုင်တဲ့ အသက်၁၂နှစ်အရွယ် မောင်နော်ဘီဟူဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်းက လယ်ကွင်းထဲ နွားကျောင်းနေချိန်အတွင်းမှာပဲ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဘက်စလုံးကြေမွသွားခဲ့တဲ့အပြင် တခြားထိခိုက်ဒဏ်ရာတွေလည်းရရှိခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့…
ဗမာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေထဲကနေ လွတ်မြောက်အောင် နေရပ်ကိုစွန့်ခွာထွက်ပြေးလာတဲ့ ဒေသခံရိုဟင်ဂျာ ၉၆ ဦးဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီး ၊ ဥတိုကျေးရွာသို့ မနေ့ နိုဝင်ဘာလ မနက် ၃နာရီခန့်မှာစက်လှေနဲ့ဝင်ရောက်လာတဲ့အတွက် ဗမာအာဏာပိုင်များက ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ၄င်ဒေသခံးရိုဟင်ဂျာ ၉၆ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိကျေးရွာများမှ လာရောက်ကြသူတွေဖြစ်ပြီး အမျိုးသား…
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁သိန်းခန့်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိတဲ့ Barshansharကျွန်းဆီကို ပြောင်းရွှေ့နေရာချထားပေးဖို့ စီစဉ်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး နည်းပညာ ကျွမ်းကျင်မှုဆိုင်ရာတွေနဲ့ ကူညီလိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ UNHCR လက်ထောက်မဟာမင်းကြီး Kelly…
အာရ်ကာန်ဒေသခံ ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တာကြောင့် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့မှာ OIC ရဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုဖွင့်ထားတာကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ရန်ကုန်မြို့ ဆူးလေမှာ ICJ ရဲ့ တရားစွဲဆိုမှုနဲ့…
၂၀၁၉ခုနှစ် နိုဝင်ဘာလ (၈)ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် အရှေ့တောင်ပိုင်း သရက်ပြင်ကျေးရွာအုပ်စု အနီးတစ်ဝိုက်မှာ ဗမာစစ်တပ်နဲ့ ရခိုင့်တပ်မတော်(AA)တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခဲ့ချိန် ဆယ်ကျော်သက် ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘလ (၈)ရက် သောကြာနေ့ မနက် ၉နာရီကျော်မှာ တိုက်ပွဲစတင်ခဲ့ပြီး ၁၀နာရီကျော်ချိန့်ခန့်မှာ…
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်(AA)တို့ အပြန်အလှန် ပစ်ခတ်မှုတွေကြား ရိုဟင်ဂျာနေအိမ် အမြောက်အများ မီးလောင်ကျွမ်းခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေရှိသလို ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်ရန် အိုးအိမ်စွန့်ခွါထွက်ပြေးနေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့မှာ တပ်ရင်း(၅၅၁)က မြန်မာစစ်သားတွေနဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်…
မြန်မာစစ်တပ်နဲ့ ရခိုင်တပ်မတော်(AA)တို့က ရခိုင်ပြည်နယ်တွင်းမှာ အစိုးရနှစ်ရပ်အဖြစ် ကြီးစိုးနေတာကြောင့် မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှင်းပမ်းမှုအောက်မှာ အသက်ရှင် ကျန်ရှိနေတဲ့ ဒေသခံရိုဟင်ဂျာမွတ်စလင်တွေက ရခိုင့်တပ်မတော်ကြောင့် အခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ဆေးအိုးကျကျေးရွာအုပ်စုမှာ သားသတ်လိုင်စင်ရရှိထားတဲ့ လာလာယာ (နာမည်ပြောင်)က သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိဖို့ ငွေကြေးအမြောက်အများပေးပြီး နွားရုံတောင်ကျေးရွာမှ…
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပိုက်ဆိပ်ကျေးရွာမှာ နေထိုင်တဲ့ သက်ကြီးရွယ်အို ရိုဟင်ဂျာတစ်ဦးကို နိုဝင်ဘာလ ၃ရက်နေ့မှာ ရခိုင်အစွန်းရောက်တွေက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ သတ်ဖြတ်ခံခဲ့ရသူရဲ့ နာမည်မှာ ဦးအဘူလ်ဟူစိန် (ဘ) ဦးအဗ်ဒူလ်ဂနီ အသက်(၅၀) ဖြစ်ပြီး ပိုက်ဆိပ်ကျေးရွာနဲ့ သရက်အုပ်ကျေးရွာကြားမှာရှိတဲ့ လယ်ကွင်းပြင်မှာ ငါးရှာနေစဉ်အတွင်းမှာပဲ သရပ်အုပ်ကျေးရွာတွင်းကနေ…