ရခိုင်ပြည်နယ်တွင် ယခုတိုင် မရပ်ဆဲနိုင် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေမြဲဖြစ်တဲ့ AA တပ်ဖွဲ့နဲ့ ဗမာစစ်တပ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြရာမှာ အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၉နာရီဝန်းကျင်က ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စုဖြစ်တဲ့ ဆင်ခုန်းတိုင်းကျေးရွာတွင် ရိုဟင်ဂျာကလေးငယ်လေးတစ်ဦးနဲ့ နွားတစ်ကောင် ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အလားတူ အောက်တိုလာလ ၂၁ ရက်နေ့ ညနေ…
ရိုဟင်ဂျာ ဗီးရှင်း
မောင်တောမြို့။ ။ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် အသစ်ပြောင်းရွှေ့ တာဝန်ကျသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လဝက်ပုံမှန် အစည်းအဝေး ကျင်းပခဲ့ချိန်တွင်း လူမျိုးရေးမုန်းတီးမှုကို ပေါ်လွင်စေသည့် စကားများကို ပြောဆိုခဲ့ကြောင်း မျိုးသူရက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ အစည်းဝေးအတွင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက “မင်းတို့ကို…
မန္တလေးတိုင်းကနေ စစ်တွေမြို့ကို ပြန်နေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အများစုလိုက်ပါလာတဲ့ ခရီးသည်တင်ကားကို အားကစားဝတ်စုံ ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်က အဝေးပြေးလမ်းမပေါ်မှာ တားဆီးခဲ့ပြီး ခရီးသည်၃၁ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ကြေငြာထားကြောင်း ပြည်တွင်း ပြည်ပသတင်း အရင်းမြစ်တွေအရ သိရပါတယ်။ စစ်တွေမြို့ကို ထွက်ခွာလာတဲ့ ခရီးသည်ကားကို…
ရခိုင်ပြည်နယ်အနောက်ပိုင်းကနေ ရန်ကုန်မြို့ကို အလုပ်လုပ်ကိုင်ရန် သွားရောက်ဖို့ ကြိုးစားတဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာ ၃၀ဦးထဲမှာ ၅နှစ်သားအရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ခံထားရတဲ့ ရိုဟင်ဂျာတွေထဲက တစ်ချို့ပဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၃၀ဦးထဲက အသက်ပြည့်ပြီးသူ…
မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေမှာ မြန်မာ့တပ်မတော်က တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပြောကြားချက်တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းပြောဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ်…
ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်နဲ့ AA တပ်ဖွဲ့တို့စစ်ပွဲတွေဟာ ယခုတိုင်ရပ်စဲမှုမရှိသေးပဲ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။မနေ့မနက်က ဘူးသီးတောင်မြို့နယ်အရှေ့ဘက် တံတားအလွန်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ကာ ကားလမ်းပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဗမာစစ်တပ်ဘက်ကတော့ AA ဘက်မှ တိုက်ခိုက်ခဲ့တာလို့ပြောပြီး NLD ပါတီဥက္ကဌ ဦးရဲသိန်းကလည်း မိုင်းပေါက်တဲ့နေရာဟာ ဘူးသီးတောင်မြို့နယ် NLD ရုံးသစ်နဲ့ သိပ်အကွာအဝေးကြီးလည်းမဟုတ် လုံခြုံရေးကင်းစခန်းတွေလည်းရှိတာမို့ AA…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တစ်လအတွင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် လူ ၅ ဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က သာယာကုန်းကျေးရွာမှာနေတဲ့ ဦးကူးဟွေး တောင်ယာသွားတာ ပြန်မရောက်လာတဲ့အတွက် ဇနီးဖြစ်သူလိုက်သွားရာမှာ လင်မယားနှစ်ဦးစလုံး ပျောက်ဆုံးခဲ့ကြောင်း၊ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ခြောက်လကိုဆောင်ထားလျက်ရှိကြောင်း ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။ သာယာကုန်းကျေးရွာဟာ…
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ ဒေသခံရိုဟင်ဂျာများဟာ ရှာဖွေစားသောက်ဖို့ အသွားအလာပြုရာမှာ ကျီးကန်ပြင်နယ်ခြားစောင့်ရဲဌာနချုပ်စစ်ဆေးရေးဂိတ်တွင် အထောက်အထားစာရွက်စာတမ်းများနဲ့သွားလာဖြတ်သန်းနေကြရပါတယ်။ AA တပ်ဖွဲ့နဲ့ ဗမာစစ်တပ်တို့စစ်ဖြစ်ပွားတဲ့နောက်ပိုင်းမှစပြီး စစ်ဆေးရေးဂိတ် ၄ခုဖြစ်တဲ့ ၃ မိုင်စစ်ဆေးရေးဂိတ်၊ သီဟိုခြံစစ်ဆေးရေးဂိတ်၊ဌာနချုပ်စစ်ဆေးရေးဂိတ်နဲ့ ပါဝချောင်းစစ်ဆေးရေးဂိတ်စတဲ့ဂိတ်တွေ တိုးလာခဲ့ပါတယ်။ ၃မိုင်စစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာတွေဟာ အထောက်အထားဖြစ်တဲ့ NVC (သို့မဟုတ်)ရွာထွက်လတ်မှတ်တွေကိုပြရာတွင် အဆိုပါစာရွက်စာတမ်းများမှာ မြန်မာနာမည်ဖြစ်ပါက ကုလားနာမည်မရှိဘူးလား၊…
မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ကို လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး အဆင်ပြေစေဖို့ တကယ်ကြီးမားတဲ့ ကြိုးစားလုပ်ဆောင်မှုတွေ လိုအပ်နေကြောင်းကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြကြောင်း ပြီးခဲ့တဲ့စနေနေ့က ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံကို သွားရောက်နေတဲ့…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ အင်္ဂါနေ့မှာ သက်ကြီးရွယ်အို ရိုဟင်ဂျာ အမျိုးသားတစ်ဦး မြန်မာစစ်တပ်က ပစ်ခတ်တဲ့ သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကျည်ဆံထိမှန် သေဆုံးသူဟာ ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာမှာ နေထိုင်တဲ့ ဦးဆီဒိခ်အဟ်မတ် (ဘ)…