ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁သိန်းခန့်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိတဲ့ Barshansharကျွန်းဆီကို ပြောင်းရွှေ့နေရာချထားပေးဖို့ စီစဉ်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး နည်းပညာ ကျွမ်းကျင်မှုဆိုင်ရာတွေနဲ့ ကူညီလိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ UNHCR လက်ထောက်မဟာမင်းကြီး Kelly…
ရိုဟင်ဂျာ ဗီးရှင်း
မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ တခြားတရားရုံးတွေက အရေးယူဖို့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့က ထောက်ခံကြောင်း နိုဝင်ဘာလ ၂၈ရက် ကြာသပတေးနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ပိုင်း မဟာမိတ်…
အာရ်ကာန်ဒေသခံ ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တာကြောင့် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့မှာ OIC ရဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုဖွင့်ထားတာကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ရန်ကုန်မြို့ ဆူးလေမှာ ICJ ရဲ့ တရားစွဲဆိုမှုနဲ့…
မလေးရှားနိုင်ငံမှာ လာမဲ့ဒီဇင်ဘာလတွင် ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြု၊မပြုကို မလေးရှားနိုင်ငံအစိုးရမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့မျှော်လင့်ကြောင်း ပြည်သူ့ကောင်စီက ပြောကြားခဲ့ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး M. Kulasegaran ကစည်းမျည်းစည်းကမ်းတွေကို လျှော့ပေးမှာဖြစ်ပေမယ့် မူဝါဒပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး တိကျတဲ့အသေးစိတ်အချက်အလက်တော့မရှိသေးကြောင်း၊ဒီကိစ္စနဲ့ပတ်သတ်လို့ ကော်မတီဖွဲ့ဆွေးနွေးကာ မလေးရှားနိုင်ငံသားအားလုံးကိုကြေညာပြီးနောက် ဒီဇင်ဘာလ ၁၀ရက်နဲ့ ၁၅ ရက်ကြားမှာဆုံးဖြတ်ချက်တခုချနိုင်မယ်လို့ ယုံကြည်ကြောင်း ၄င်းကပြောပါတယ်။…
မနေ့နိုဝင်ဘာလ ၁၈ ရက်မနက်ပိုင်းအချိန်က ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ပန်းမြောင်ကျေးရွားတွင် AA တပ်မတော်နဲ့ ဗမာစစ်တပ်တို့တိုက်ပွဲများဖြစ်ပွားနေစဉ် အဘွားအိုတစ်ဦးရဲ့ဦးခေါင်းအား ကျည်ဆန်ရှပ်ကာထိမှန်ခဲ့ကြောင်း သိရပါတယ်။ ဒေသခံများရဲ့ပြောပြချက်အရ ရွာဘက်ကိုရိက္ခာသယ်လာတဲ့ ဗမာစစ်တပ်က ရွာအနီးကွင်းပြင်တွင် ပုရစ်တူးနေတဲ့ကလေးတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်ထဲက အဘွားအိုတစ်ဦးရဲ့ခေါင်းကို ရှပ်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဗမာစစ်တပ်ဘက်က အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ပထမတန်းစား ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာမျိုးမရှိကြောင်း ငြင်းဆိုထားပါတယ်။
တနေ့တခြားဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်က ပြသနာအခြေအနေရဲ့အဖြေကို ဝိုင်းဝန်းစုပေါင်းရှာဖွေဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Christine Burgener က ရခိုင်ပါတီနဲ့တွေ့ဆုံအပြီးမှာ ပြောဆိုခဲ့ပါတယ်။ Christine Burgenerဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိတာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ၄င်းကမိတ်ဆက်အစမှာပဲ တစ်နေ့ပြီးတစ်နေ့ဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်ကလူတွေ…
မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းကို ခရီးသွားလိုတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အနေနဲ့ ၂၀၁၆ခုနှစ်မတိုင်ခင်က မြန်မာအစိုးရ တရားဝင် ထုတ်ပေးခဲ့တဲ့ ယာယီသတ်သေခံကတ်ပြားတွေနဲ့ ခရီးသွားလာခွင့်ရရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ရွာထွက်လက်မှတ်တွေနဲ့သာ ခရီးသွားလာမှုပြုခဲ့ရာကနေ နိုဝင်ဘာလ(၆)ရက်ကနေစတင်ပြီး အထက်ပါအထောက်အထားတွေနဲ့ ခရီးသွားလာမှုကို နယ်ခြားစောင့်ရဲဌာနချုပ် စစ်ဆေးရေးဂိတ်ကနေ ပိတ်ပင်ကန့်သတ်မှုတွေပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ နိုဝင်ဘာလ…
၂၀၁၉ခုနှစ် နိုဝင်ဘာလ (၈)ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် အရှေ့တောင်ပိုင်း သရက်ပြင်ကျေးရွာအုပ်စု အနီးတစ်ဝိုက်မှာ ဗမာစစ်တပ်နဲ့ ရခိုင့်တပ်မတော်(AA)တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခဲ့ချိန် ဆယ်ကျော်သက် ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘလ (၈)ရက် သောကြာနေ့ မနက် ၉နာရီကျော်မှာ တိုက်ပွဲစတင်ခဲ့ပြီး ၁၀နာရီကျော်ချိန့်ခန့်မှာ…
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်(AA)တို့ အပြန်အလှန် ပစ်ခတ်မှုတွေကြား ရိုဟင်ဂျာနေအိမ် အမြောက်အများ မီးလောင်ကျွမ်းခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေရှိသလို ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်ရန် အိုးအိမ်စွန့်ခွါထွက်ပြေးနေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့မှာ တပ်ရင်း(၅၅၁)က မြန်မာစစ်သားတွေနဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်…
မြန်မာစစ်တပ်နဲ့ ရခိုင်တပ်မတော်(AA)တို့က ရခိုင်ပြည်နယ်တွင်းမှာ အစိုးရနှစ်ရပ်အဖြစ် ကြီးစိုးနေတာကြောင့် မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှင်းပမ်းမှုအောက်မှာ အသက်ရှင် ကျန်ရှိနေတဲ့ ဒေသခံရိုဟင်ဂျာမွတ်စလင်တွေက ရခိုင့်တပ်မတော်ကြောင့် အခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ဆေးအိုးကျကျေးရွာအုပ်စုမှာ သားသတ်လိုင်စင်ရရှိထားတဲ့ လာလာယာ (နာမည်ပြောင်)က သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိဖို့ ငွေကြေးအမြောက်အများပေးပြီး နွားရုံတောင်ကျေးရွာမှ…