ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တင်သွင်းတဲ့ ခြောက်ကြိမ်မြောက် နှစ်စဉ်အစီရင်ခံစာ အပါအဝင် IIMM ရဲ့ အစီရင်ခံစာအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ IIMM…
Posts published in “ျမန္မာ”
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ အစီရင်ခံစာအပေါ် ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အပြန်အလှန်ဆွေးနွေးမှုကို ဗြိတိန်အစိုးရက စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာက မြန်မာစစ်တပ်ကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တုန်လှုပ်စရာ…
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအတွက် စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားအစိုးရရှေ့နေက တရားရုံးထံ ဇွန်လ ၂၈ ရက်နေ့က တင်သွင်းတဲ့ လျှောက်လွှာထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ရဲ့ အမည်တွေ ပါဝင်နေတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်းယူကေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို…
ရခိုင်ပြည်နယ်၊ မောင်တောမြို့ မောင်နီကျေးရွာမှာ ဇွန်လ ၂၄ ရက်၊ ည (၈) နာရီ ၁၅ မိနစ်ခန့်အချိန် အာရက္ခတပ်တော် AA က ဒရုန်းနဲ့ ဗုံးချခဲ့တာကြောင့် ရိုဟင်ဂျာလူငယ် (၄)ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းဆီက သတင်းရရှိပါတယ်။ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်…
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဆယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မေလ ၄ ရက်နေ့က ထွက်ပြေးခိုလှုံခဲ့တယ်လို့ The Business Standard သတင်းက ရေးသားပါတယ်။ ဒီနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဆယ်ဟာ နေရာသုံးနေရာကနေ နတ်မြစ်ကိုဖြတ်ကျော်ပြီး ကော့ဘဇားခရိုင်၊ တက္ကနာမြို့ဘက်ကို မေလ ၄ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့…
ရခိုင်ပြည်နယ်တွင်AA အလိုမရှိကြောင်း ဆန္ဒပြရန် နှင့် ဆန္ဒမပြပါက နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဟုစစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရ နှင့် စစ်တပ်အရာရှိများက ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ရိုဟင်ဂျာများနှင့် နီးစပ်သူများကထုတ်ဖော်ပြောသည်။ “AAကိုဆန့်ကျင်ကြောင်း ဆန္ဒပြဖို့ ဒေသခံတွေရော၊ ဒုက္ခသည်စခန်းကပါ လူ၁၀၀၀ တောင်းတယ်။ မဖြစ်မနေလုပ်ဖို့နဲ့ အကောင်အထည်မဖော်ရင် အိမ်တွေကိုမီးရှို့မယ်လို့ပြောတယ်။ ဒါကြောင့် လုပ်ခဲ့ကြတယ်”…
မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာ အမျိုးသားနဲ့ လူငယ် ၁,၀၀၀ လောက်ကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) က ဧပြီလ (၉) ရက်နေ့က ထုတ်ပြန်တဲ့…
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာအတွက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့က ကြိုဆိုကြောင်း ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီဥပဒထေဲမှာ ရိုဟငဂြွာတှအတှေကြ နိုငငြံသားဖှဈခှငြ့ ကန့သြတထြားတာ ပါဝငနြပှေီး အခုလို ခှဲခှားမှုပါဝငနြတေဲ့ ဥပဒမွေိုးကို ဖကွသြိမြးဖို့ ဆုံးဖှတတြာဟာ…
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေတဲ့ လုပ်ငန်းတွေကို အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က မတ်လ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်လိုက်ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း ဖေ့ဘွတ်စ်စာမျက်နှာပေါင်း…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ်လ ၁၈ ရက်မနေ့ကပြီး ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။ မတ်လ ၁၉ ရက် ဒီနေ့မနက်အစော တစ်နာရီခွဲခန့်ကလည်း မြို့မကညင်တန်း၊ မောင်နီရွာ၊ လက်သာရွာနဲ့ ရပ်ကွက် (၂) စတဲ့ရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့…