ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာစတင်ကျင်းပခဲ့တဲ့ UNHCR အမှုဆောင်ကော်မတီအစည်းအဝေးမှာ နိုင်ငံမဲ့အရေးဆွေးနွေးခဲ့ရာတွင် သြစတေးလျရုပ်ရှင်သရုပ်ဆောင် Cate Blanchett လည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။ ဒီအမှုဆောင်ကော်မတီအစည်းအဝေးဟာ UNHCR ရဲ့ အကြိမ် ၇၀မြောက်ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါတယ်။မဟာမင်းကြီး Filipo Grandi က ဒုက္ခသည်အရေး…
Posts published in “ရိုဟင်ဂျာ သတင်း”
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘာဇာ၊ နယာပါရာ ယာယီဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာမိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့မှတရားခံတွေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြီးခဲ့တဲ့ကြာသပတေးနေ့က ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် တိုင်းရင်းသားရိုဟင်ဂျာတွေဟာ ဘိုးဘွားပိုင်မြေများကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရာ ဘင်္ဂလားဒေ့င်္ရှနိုင်ငံဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော်ရှိနေပါပြီ။ အဓမ္မပြုကျင့်ခံရတဲ့ ရိုဟင်ဂျာမိန်းကလေးငယ်ရဲ့ အကိုဖြစ်သူ မိုဟာမက်ဒ်အိုစမန်းက…
မနေ့ညပိုင်း ၇နာရီ ၃၈မိနစ်အချိန်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘာဇာ၊ နယာပါရာ ယာယီဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦးအား ဘင်္ဂလားဒေ့ရှ်စစ်တပ်အဖွဲ့ကအဓမ္မပြုကျင့်ခဲ့ကြောင်းသိရပါတယ်။ အဓမ္မပြုကျင့်ခံရသူမိန်းကလေးငယ်ဟာ ကော့ဇ်ဘာဇာ၊ တက်နာဖ်မှ နာယာပါရာယာယီဒုက္ခသည်စခန်းအမှန် (၁)၊ ဘလောက် (E) ၊ နံပတ် ၉၃၂ အခန်းနံပတ် ၁၊ ၂ မှ မိုရီယာမ်ခါသွန် (ဘ)…
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင်တွင် ရွာတာဝန်ခံတစ်ဦးဖြစ်တဲ့ နူရ်ဂျူရ်ဟာရ် (ဘ) အဘူတာဟဲရ်ဆိုသူဟာ ကျေးရွာအတွင်းဆင်းရဲနွမ်းပါးတဲ့ ဒေသခံရိုဟင်ဂျာတွေအပေါ် မဟုတ်မမှန်လိမ်စဉ်ထွင် ဖန်တီးသတင်းလုပ်ပြီး အာဏာပိုင်များအားပေးပို့ကာ အာဏာပိုင်များနဲ့ပေါင်းပြီး ဒေသခံရိုဟင်ဂျာရွာသားများထံမှ ငွေကြေးအဆမတန်မတရားညှစ်ယူနေတဲ့အပြင် ရွာအတွင်းသတ်သတ်လိုင်စင်ယူပြီး လယ်သမားများအား လယ်ထွန်ရန် အရောင်းအဝယ်ပြုလုပ်သော ကျွဲနွားများကို ငွေကြေးပိုမိုကောက်ခံနေကြောင်း ဒေသခံတစ်ဦးက Rvsion သို့သတင်းပေးပို့ခဲ့ပါတယ်။ ကျေးရွာအတွင်း ငွေကြေးအဆင်မပြေ၊…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban ပြည်နယ်၊ Naikhongchhari upazila နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကြားနယ်စပ်တွင် ညပိုင်းအချိန် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ကာ ရိုဟင်ဂျာတစ်ဦး အသက်ဆုံးရှူံးခဲ့ကြောင်းသိရပါတယ်။ အဆိုပါမြေမြှုပ်မိုင်းဟာ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ မြှုပ်နှံထားတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာအတွင်းရှိ နယ်ခြားစောင့်တပ်ရင်း ၃၄မှ တပ်မှူးဒုဗိုလ်မှူးကြီး Ali Hayder Azad Ahmed ကပြောပါတယ်။…
ရခိုင်ပြည်နယ်တွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာအာဏာပိုင်တွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေအပြင် အရပ်သား အစွန်းရောက် ရခိုင်တစ်ချို့က ညှင်းပမ်းနှိပ်စက် ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး လက်ရှိ မြန်မာစစ်တပ်နဲ့ AAတို့ကြား တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက ၂၀၁၇ခုနှစ် NLDနဲ့ မြန်မာ့တပ်မတော်တို့ ပူးပေါင်းကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းစစ်ဆင်ရေးမှာ…
မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းကျေးရွာအုပ်စု မြောက်ရွာတွင်နေထိုင်သော အသက်မပြည့်သေးသည့် ရိုဟင်ဂျာအမျိုးသမီးငယ် တစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း Rohingya Eyeမှ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ဦးနူရ်ဘော်ရှောရ်(ခ) ဖူတီယာ (ရာအိမ်မှူးဟောင်း-ကွယ်လွန်)၏ သမီးဖြစ်သူ အသက် (၁၂)နှစ်အရွယ်ရှိသည့် စမီရာက ဇွန်လ ၁၁ ရက်…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ဘုရားပြင်အောင်ပကျေးရွာတွင်း နေထိုင်ကြသော ရိုဟင်ဂျာ ကလေးငယ်များ၏ အနာဂတ်ပညာရေးအတွက် အခက်အခဲများရင်ဆိုင်နေရကြောင်း ကျေးရွာနေသူ တစ်ဦးက သတင်းပေးပို့ထားပါတယ်။ ဘုရားပြင်အောင်ပကျေးရွာမှာ အိမ်ခြေစုစုပေါင်း (၈၀၀)ခန့်ရှိပြီး ကျေးရွာတွင်း နေထိုင်သူဦးရေ စုစုပေါင်း (၅၀၀၀) ကျော်ခန့်ရှိပါတယ်။ ပညာသင်အရွယ် ကလေးငယ် (၄၀၀) ကျော်ရှိပြီး ၄င်းတို့ထဲမှာ…
မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီထောက်ပံ့ရန်အတွက် UAE နိုင်ငံတစ်ဝှမ်းမှာ အလှူငွေကောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို သောကြာနေ့က စတင်ပြုလုပ်ခဲ့ရာ တစ်ရက်အတွင်းမှာပဲ UAEနိုင်ငံသုံး Dirham ငွေ ၃၃ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ယူအေအီး လခြမ်းနီ(Emirates Red Crescent)အဖွဲ့က စတင်လှုပ်ရှားခဲ့တဲ့…
ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရိုဟင်ဂျာမွတ်စလင် အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့၈နှစ်အရွယ်သားဖြစ်သူတို့ မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တဲ့ အမြောက်ကျည်ဆံ ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ကျောက်တော်မြို့နယ်ရှိ မွတ်စလင်အများစု နေထိုင်ရာ ကျေးရွာဖြစ်တဲ့ အလယ်ကျွန်းကျေးရွာမှ အိမ်တစ်အိမ်ကို အမြောက်ကျည်ဆံ ထိမှန်ခဲ့တာကြောင့် ကျေးရွာတွင်းနေထိုင်သူ ရိုဟင်ဂျာ မွတ်စလင် နှစ်ဦး…