Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ ၃၂.၅သန်းကူညီထောက်ပံ့မည်

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကော့ဇ်ဘဇားမှာရှိတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်မှ လူမှုအသိုင်ဝိုင်းအတွက် လူသားချင်းစာနာ ကူညီထောက်ပံ့ငွေအဖြစ် ဒေါ်လာ ၃၂.၅သန်း ပေးမည်ဟု ဂျပန်နိုင်ငံမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုခံရချိန်မှစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း၅၀.၂သန်းခန့် ကူညီထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။ ယခုထပ်မံပြီး ဒေါ်လာ ၃၂.၅သန်း လှူဒါန်းမှာဖြစ်ပြီး စုစုပေါင်း လှူဒါန်းငွေ ဒေါ်လာ (၈၂.၇)သန်းခန့် ရှိသွားပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့မည့် ဒေါ်လာ ၃၂.၅သန်းကို နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များမှ တစ်ဆင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် အစားသောက်များ ၊ တဲအိမ်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် လေ့ကျင့်ရေးသင်တန်းများ အစရှိသည်တို့အတွက် အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာမွတ်စလင်များ၏ မူလနေရပ်ကို ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ မည်သည့်အာမခံချက်မှ မပေးနိုင်သေးချိန်တွင် မိမိတို့ ခေတ္တခိုလှုံရာဒေသမှာပဲ နိုင်ငံတကာ အကူညီများဖြင့် ဆက်လက်ရှင်သန် နေထိုင်ကြရတာပဲ ဖြစ်ပါတယ်။
Photo Credit: dailysabah

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.