Press "Enter" to skip to content

မရပ်တန့်သေးတဲ့နှစ်ဖက်ပဋ္ဋိပက္ခတွေကြား အရပ်သားများ ထိခိုက်ဒဏ်ရာရသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဗမာစစ်တပ်နဲ့ AA တပ်ဖွဲတို့ကြားကတိုက်ပွဲတွေဟာ ရပ်တန့်မှုမရှိပဲ ပိုမိုတင်းမားလာခဲ့ပြီး ဒေသခံပြည်သူတွေအားထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းများရှိနေတာမို့ ဝမ်းရေးအတွက်သွားလာရှာဖွေစားသောက်ဖို့ ခက်ခဲနေကြရှာပါတယ်။

နှစ်ဖက်အပစ်ခတ်ရပ်ရေးဆွေးနွေးနေတယ်ဆိုပြီး တကယ်တမ်းကျတဖက်နဲ့တဖက် ခေါင်းရှောင်ကာ အပြစ်တင်ပြောဆိုခြင်းတွေကိုသာတွေ့နေရပြီး ရခိုင်ပြည်ကစစ်ပွဲတွေ ငြိမ်းချမ်းဖို့ဆိုတာ ဒေသခံပြည်သူတွေအတွက်တော့ မျှော်လင့်ချက်ကင်းမဲ့နေသလိုပါပဲ။
  

မနေ့မနက် ၈နာရီလောက်က ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာကြားနဲ့ မဆိုးချောင်းဒေသငစံဘော်ရွာကြားအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့်အရပ်သားကလေးငယ်တဦး ဒဏ်ရာရရှိတယ်လို့သိရပါတယ်။ဗမာစစ်တပ် တပ်မ ၂၂လက်အောက်ခံ ခမရ ၂၁၀ နဲ့ AA တပ်ဖွဲတို့ပစ်ခတ်ကြတာဖြစ်ပြီး ဗမာစစ်တပ်ဘက်ကအကျအရှုံးများကာ ဒဏ်ရာရရှိထားတဲ့စစ်သားများကိုထမ်းပြီး တဖက်ကမ်းကိုဆုတ်ခွာထွက်ပြေးသွားရုံတင်မက ရွာသားများကိုလည်း ဗမာစစ်သားများက ဒိုင်းသဖွယ်အသုံးချကာဖမ်းဆီးထားကြောင်း AAတပ်ဖွဲဘက်ကပြောထားတာတွေ့ရပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အဲဒီဘက်မှာ မနေ့ကတိုက်ပွဲဖြစ်ပွါးတာ မရှိဘူးလို့ပြောဆိုထားပါတယ်။အလားတူမြောက်ဦးမြို့ ရွာဟောင်းတောရပ်ကွက်တံတားအနီးတွင်လည်း ဆွဲမိုင်းပေါက်ကွဲမှုကြောင့်ဒေသခံတဦးသေဆုံးကာ တဦးဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးပြောပြချက်အရသိရပါတယ်။ဒဏ်ရာရရှိသူကတော့ ကျောက်တော်မြို့နယ်ကနေ မြောက်ဦးဘက်မှာ နေ့စားအဖြစ်လမ်းခင်းကျောက်လုပ်ငန်းလုပ်နေတာဖြစ်ပြီး သေဆုံးသူကတော့ လေးမြို့ကမ်းကနေမြောက်ဦးသို့ သုံးဘီးဆိုက်ကယ်နဲ့အလာ မိုင်းပေါက်ကွဲတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ဝင်းဇော်ဦးကလည်း ၄င်းဆွဲမိုင်းဟာ AAဘက်မှဗုံးဖေါက်ခွဲလို့ထိခိုက်သေဆုံးရတာဖြစ်ကြောင်း ပြောဆိုတာမို့ AA ဘက်ကလည်း ၄င်းတို့ဘက်မှဖောက်ခွဲတိုက်ခိုက်တာမျိုး လုံးဝမရှိကြောင်း၊ ဗမာစစ်တပ်ဘက်ကသာ MI 35 နှစ်စီးနဲ့ပစ်ခတ်တိုက်ခိုက်တာသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ဗမာစစ်တပ်ဘက်က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် ပြင်းပြင်းထန်ထန်မဟုတ်တာမို့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိကြောင်းပြောဆိုခဲ့ပါတယ်။ဒါ့အပြင် ဗမာစစ်တပ်နဲ့ AA တို့ကြားက ပဋ္ဋိပက္ခတွေကြား သံသယနဲ့ဖမ်းဆီးထားတဲ့ဒေသခံပြည်သူတွေကို စစ်တပ်ကဖမ်းဆီးပြီးမှရဲလက်အပ်တရားစွဲဆိုထားကြောင်း သိရပါတယ်။

ဖမ်းဆီးထားသူများအားရုံးတင်စစ်ဆေးရာတွင်တရား လိုဖြစ်တဲ့ တပ်မတော်အကြီးအကဲတွေနဲ့ရဲများကအကြောင်းအမျိုးမျိုးပြပြီးမလာတာမို့ အချိန်ကြန့်ကြာမှုတွေရှိကြောင်းသိရပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.